Month

August 2020

မာနေးနဲ့ စကားများပြီး ဂိုးတွေ ပြိုင်သွင်းခဲ့တဲ့ ပွဲအကြောင်း ဖွင့်ဟလိုက်တဲ့ ရော်ဘတ်ဆန်

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲ အက်စတွန်ဗီလာအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်စဉ်က ပထမပိုင်းအပြီး နားချိန်မှာ လီဗာပူး တိုက်စစ်မှူး မာနေးနဲ့ အဝတ်လဲခန်းထဲ စကား အခြေအတင် ဖြစ်ခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ နှစ်ယောက်လုံး ဂိုးပြိုင်သွင်းက လီဗာပူးအတွက် နိုင်ပွဲ ယူဆောင်ပေးဖြစ်ခဲ့ပုံအကြောင်း ခံစစ်မှူး အန်ဒီ ရော်ဘတ်ဆန်က ဖွင့်ဟခဲ့ပါတယ်။ ဒီလို မကြာမကြာ ဖြစ်ဖို့တောင် ကြိုးစားသင့်သလား မသိဘူးလို့ ရော်ဘတ်ဆန်က ဟာသလုပ် ဆိုခဲ့တာပါ။ ထိုပွဲစဉ်မှာ လီဗာပူးအသင်းက ပွဲပြီးခါနီးထိ ဗီလာရဲ့ တစ်ဂိုးနဲ့ ဦးဆောင်ထားခြင်း ခံခဲ့ရပါတယ်။… Continue Reading →

တိုက်စစ်အားသန် ဟယ်ရီဝဲလ်ဆန်နဲ့ ပက်သက်ပြီး ခိုင်လုံတဲ့ သတင်းသစ် ထွက်ရှိ

ဒီသတင်းက အချို့သော လီဗာပူးပရိသတ်တွေအတွက် နှစ်သက်စရာ ဖြစ်လာနိုင်ပေမယ့် အချို့သော ပရိသတ်တွေအတွက်တော့ သတင်းကောင်း မဟုတ်တာလည်း ဖြစ်သွားနိုင်ပါတယ်။ လီဗာပူးအသင်းဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ဟယ်ရီဝဲလ်ဆန်ကို ဘယ်လို စီမံပေးမလဲဆိုတာအတွက် အတည်ပြု ဆုံးဖြတ်ချက် ချထားခဲ့ပါပြီ။ ရာသီသစ်မှာ လီဗာပူးနေ ဟယ်ရီဝဲလ်ဆန် ထွက်ခွာခဲ့မယ်ဆိုရင် အပြီးသတ် ထွက်ခွာသွားခြင်းပဲ ဖြစ်သွားမှာဖြစ်ကာ အငှားစာချုပ်ဖြင့်တော့ လုံးဝ ထွက်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ အကယ်လို့ ဟယ်ရီအတွက် အပြီးသတ် ကမ်းလှမ်းမှု မရဘူးဆိုရင် ၂၃ နှစ်အရွယ် တိုက်စစ်အားသန် ကစားသမားလေးဟာ လာမယ့်ရာသီအတွက်… Continue Reading →

စနေနေ့ နံနက်ခင်းအတွက် နောက်ဆုံးရ လီဗာပူးသတင်းများ

လီဗာပူးနဲ့ လိဒ်ယူနိုက်တက်တို့ပွဲဟာ ရာသီသစ်ရဲ့ အဖွင့်ပွဲ ဖြစ်လာမှာဖြစ်ကာ စက်တင်ဘာလ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ အန်ဖီးကွင်းအတွင်း ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ၁၂ ရက်နေ့မှာတော့ လီဗာပူးပွဲ တစ်ပွဲတည်းရှိပြီး တိုက်ရိုက်ပြသမှုလည်း ရှိပါမယ်။ လီဗာပူးအသင်းဟာ ရှေ့ဆက်သွားရမယ့် လုပ်ငန်းစဉ်တွေအတွက် ကိုယ်ပိုင် အစီအစဉ်ရှိပြီး အခြားအသင်းတွေ ငွေသုံးခြင်းကြောင့် ကရူးမူးထိုး လိုက်လံငွေသုံးခြင်းကို မန်နေဂျာကလော့ပ်၊ အတ်ဝတ်နဲ့ ဂေါ်ဒန်တို့ ဦးဆောင်တဲ့ ကလပ် တာဝန်ရှိသူတွေ လုပ်ဆောင်သွားမှာ မဟုတ်ပါဘူး။ လီဗာပူးတိုက်စစ်သမားလေး ဘရူးစတားဟာ… Continue Reading →

သောကြာနေ့ နောက်ဆုံးရ လီဗာပူးအသင်း ထူးခြား သတင်းတိုများ

လီဗာပူးအသင်းဟာ ဂျာမနီကလပ် ဟော့ဖန်ဟိမ်းအသင်းမှ ကွင်းလယ်လူ Melkamu Frauendorf ကို ယူ-၁၈ အသင်းအတွက် ခေါ်ယူခဲ့ပြီး ကစားသမားလေးက ပထမဆုံး အဖွင့်ပွဲမှာတင် ဂိုးသွင်းယူခဲ့ပါတယ်။ ယာဂင်ကလော့ပ်က တိုက်စစ်မှူးနေရာက ပွဲထွက်ကစားခွင့် ပေးခဲ့ဖူးတဲ့ လူငယ် ဂိုးသမားလေး Shamal George ဟာ ကိုချက်စတာ ယူနိုက်တက်ကို အပြီးသတ် ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။ ရော်ဘတ်ဆန်က သူနဲ့ မာနေးဟာ အဝတ်လဲခန်းထဲမှာ ပွဲနဲ့ ပက်သက်ပြီး စကားများခဲ့ကြသေးတယ်လို့ ဝန်ခံလိုက်ပါတယ်။ သူတို့ နှစ်ဦးက ကောင်းသော စကားများခြင်းနဲ့ အငြင်းပွားခဲ့ကြတာပါလို့… Continue Reading →

ရှာကွီရီနဲ့ အိုရီဂီတို့ကို လေ့ကျင့်ရေးမှာ မမြင်ရတာက အပြောင်းအရွှေ့ ကိစ္စနဲ့ မသက်ဆိုင်ဘူး

လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးတွေမှာ အိုရီဂီနဲ့ ရှာကွီရီကို မမြင်ရတာက အပြောင်းအရွှေ့ ကိစ္စတွေနဲ့ သက်ဆိုင်ခြင်း မရှိပါဘူးလို့ The Athletic မှ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ထုတ်ဖော်သွားပါတယ်။ သြစတြီးယား ရာသီကြိုမှာ အစောပိုင်း ကာလတွေအတွင်း ပါဝင်ခဲ့တဲ့ အိုရီဂီနဲ့ ရှာကွီရီတို့ဟာ စတုဂတ်၊ ဆဲလ်ဘတ်တို့နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချစ်ကြည်ရေးပွဲတွေမှာ ပါဝင်ခဲ့ကြခြင်း မရှိပါဘူး။ သူတို့ကို လေ့ကျင့်ရေး အချို့မှာလည်း မြင်တွေ့ရခြင်း မရှိတာကြောင့် အပြောင်းအရွှေ့ ကိစ္စအတွက် ပါဝင်နေကြခြင်းများ ရှိနေလားဆိုပြီး မေခွန်းတစ်ခု ရှိနေတာပါ။ အခုချိန်မှာတော့… Continue Reading →

ကွန်မြူနတီဒိုင်း ပွဲကြိုမှာ ဗန်ဒိုက် ထရန့် ဟန်ဒါဆန်တို့ရဲ့ ဒဏ်ရာအခြေအနေကို ကလော့ပ် သတင်းပေး

အာဆင်နယ်နဲ့ ယှဉ်ပြိုင်ရမယ့် ကွန်မြူနတီဒိုင်းပွဲအတွက် ဗဟိုခံစစ်မှူး ဗန်ဒိုက် ပါဝင်ပေးဖို့ ကြံ့ခိုင်နေပြီး ထရန့်လည်း ပါဝင်သွားနိုင်ကြောင်း မန်နေဂျာကလော့ပ်က ပွဲကြိုမှာထုတ်ပြောပါတယ်။ ကျောနံပါတ် ၄ ကစားသမားက ဆဲလ်ဘတ်ကို ၂-၂ သရေကျတဲ့ ရာသီကြို ချစ်ကြည်ရေးပွဲမှာ မျက်ခွံကွဲဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်တယ်။ သူ့ကို စနေနေ့ပွဲအတွက် လူစာရင်းထဲ ထည့်သွင်း ရွှေးချယ်လို့ ရကြောင်းကို မန်နေဂျာက အတည်ပြုပါတယ်။ “ ဗာဂျယ်က အဆင်ပြေပါတယ်။ သူ့ကို ကြည့်ရတာ အခြေအနေ ကောင်းပါတယ်။ ဒဏ်ရာက နည်းနည်းတော့ ကွဲသွားတယ်။ အဲ့တာကလွဲရင်… Continue Reading →

ဘာစီလိုနာကနေ ထွက်မယ့် မက်ဆီကို ခေါ်မလား အမေးကို ကလော့ပ် အဖြေပေး

ကွန်မြူနတီဒိုင်းပွဲကြို ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံမှုမှာ ကလော့ပ်ကို ပထမဆုံးမေးကြတဲ့ မေးခွန်းကတော့ ဘာစီလိုနာကနေ ထွက်ခွာမယ့် မက်ဆီကို လီဗာပူးက ခေါ်ယူမလားဖြစ်ပါတယ်။ လီဗာပူးမန်နေဂျာက ” မက်ဆီကို ကျနော် စိတ်ဝင်စားလား? သူ့အသင်းအတွက် မက်ဆီလို ကစားသမားကို မလိုချင်တဲ့ မန်နေဂျာရယ်လို့ ရှိမလားဗျာ။ ဒါပေမယ့် ကျနေ်ာတို့ ခေါ်နိုင်ဖို့ မရှိပါဘူး။ သူ့အတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးက ကျနေ်ာတို့ အသင်းအတွက် မဟုတ်ဘူး။ ဒါပေမယ့် သူက ကစားသမားကောင်းဆိုတာကို ရိုးရိုးသားသား ပြောလိုပါတယ်။ မက်ဆီက မန်စီးတီးကိုတော့ အကူအညီဖြစ်စေနိုင်ပြီး… Continue Reading →

ဘာစီလိုနာက ဒီနွေမှာ အလိုရှိပေမယ့် ကမ်းလှမ်းမှုကို ငြင်းဆန်သွားမယ့် ဝိုက်နယ်ဒမ်

ဘာစီလိုနာ မန်နေဂျာ ရော်နယ်ကိုးမန်းရဲ့ ဦးစားပေး ပစ်မှတ်ထဲမှာ ထိပ်ဆုံးတစ်နေရာက ပါဝင်နေပေမယ့်လည်း ဝိုက်နယ်ဒမ်က စပိန်ကလပ်ကို ပြောင်းဖို့ လီဗာပူးဘက်ကို တွန်းအားပေးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ လီဗာပူးက နယ်သာလန်သားကို အခုချိန်ထိ စာချုပ်သစ် မပေးသေးပါဘူး။ လက်ရွေးစင် မန်နေဂျာဟောင်းကိုးမန်းက ခေါ်ယူလိုနေကြောင်း နားလည်ထားပေမယ့် ကစားသမားကတော့ အသင်းပြောင်းဖို့ကို ဦးစားပေးအဖြစ်လည်း မရွေးချယ်လိုဘူး။ သူ့ရဲ့ စာချုပ် ၁၂ လပဲ ကျန်ရှိတော့တာကို သိထားသော်လည်း လီဗာပူးရဲ့ သဘောထားကိုပဲ အလေးပေးသွားဖွယ် ရှိပါတယ်။ စာချုပ်ကိစ္စ စကားမပြောသေးတဲ့ လီဗာပူးက… Continue Reading →

ရာသီသစ် လီဗာပူးရဲ့ ဦးတည်ချက်က လိုအင်ဆန္ဒတွေကို ဆက်ထိန်းပြီး ပိုကောင်းတဲ့ အနာဂတ်ဆီသို့

ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းရဲ့ အသင်းသားတွေဟာ အခုချိန်ထိ ချန်ပီယံရဲ့ အရသာတွေကို ခံစားရခြင်း မရှိသေးပါဘူး။ ဟန်ဒါဆန်ကတော့ အသင်းဖော်တွေက အားလပ်ရက်မှာ ပျော်ပျော်ရွှင်ရွှင် အနားယူပြီး ချန်ပီယံဖြစ်ခြင်းကို ခံစားနေဖို့ထက် ရာသီသစ်ကို ဆက်ကြိုးစားဖို့ အောင်မြင်မှုတွေ ဆက်ယူဖို့နဲ့ ပက်သက်ပြီး ရှေ့ဆက်လုပ်ဆောင်မှုတွေကိုပဲ အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။ ဟန်ဒါဆန်က ” ရိုးရိုးသားသား ပြောရရင် ချန်ပီယံဖြစ်တဲ့ အကြောင်းကိုတောင် မပြောဖြစ်ကြသေးပါဘူး။ အားလပ်ရက်မှာ ပျော်ခဲ့ကြလားဆိုတာထက် ကျနေ်ာတို့ ဆက်ပြိး ကြိုးစားလိုနေတာပါ။ ရာသီသစ်၊ စတင်မှုသစ်မှာ အောင်မြင်မှုတွေ အများကြီးကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!