Month

August 2020

ဟန်ဒို၊ မာတစ်၊ ထရန့်တို့ရဲ့ ဒဏ်ရာ အခြေအနေတွေအတွက် နောက်ဆုံးရသတင်း

မန်နေဂျာ ယာဂင်ကလော့ပ်က ဟန်ဒါဆန်နဲ့ မာတစ်တို့ဟာ နောက်အပတ်ထဲမှာ ပြုလုပ်မယ့် လေ့ကျင့်ရေးကို ပြန်လည် ပူးပေါင်းနိုင်ဖို့ မျှော်လင့်ကြောင်း ထုတ်ပြောလိုက်ပါတယ်။ သူတို့ နှစ်ဦးက မနှစ်က ရာသီအကုန်မှာ ဒဏ်ရာတွေ ရခဲ့တာဖြစ်ပြီး ပြန်လည် ထူထောင်ရေးကာလတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဟန်ဒါဆန်က ဒူးဒဏ်ရာ ရနေပြီး မာတစ်က ခြေထောက်ဒဏ်ရာ ရနေခြင်းဖြစ်ကာ သြစတြီးယား ရာသီကြိုကို လိုက်ပါသွားခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ နှစ်ဦးလုံးက ကွန်မြူနတီဒိုင်းပွဲကို လွဲချော်ခဲ့တယ်။ ဒါပေမယ့်လို့ လေ့ကျင့်ရေးကွင်းထဲ ပြန်ဝင်လာဖို့တော့ အခြေအနေ ကောင်းလာပါပြီ။ စက်တင်ဘာလ… Continue Reading →

မီနာမီနိုနဲ့ ကီတာတို့ထံက မြင်ခဲ့ရတဲ့ လီဗာပူးရဲ့ နည်းစနစ် အပြောင်းအလဲ

လီဗာပူးအသင်းမှာ လူစားလဲမှုတွေက ကွင်းထဲက နည်းစနစ်ကို ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်စေတာမျိုး မြင်ရခဲပါတယ်။ အထူးသဖြင့် အာဆင်နယ်ပွဲမှာ မြင်ရသလောက် အပြောင်းအလဲ ကြီးတာမျိုးက မြင်ရခဲတဲ့ ကိစ္စဖြစ်တယ်။ မန်နေဂျာကလော့ပ်ဟာ သူ့ရဲ့ ၄-၃-၃ ကစားကွက်ကို ပြင်ဆင်ဖို့အတွက် ကစားသမား နှစ်ဦးကို လူစားလဲပြီး မီလ်နာနဲ့ ဝီလီယမ်နေရာမှာ မီနာမီနိုနဲ့ ကီတာကို ထည့်ကစားခဲ့တယ်။ လီဗာပူးရဲ့ ကစားကွက်က ချက်ခြင်းပဲ ၄-၂-၃-၁ ပုံစံ ဖြစ်သွားခဲ့ပြီး နေရာယူမှုတွေ အပြည့်အဝ ပြောင်းလဲသွားတယ်။ ကွင်းလယ်ခံစစ်က ဖာဘင်ညို ဗဟိုခံစစ်မှူးနေရာ… Continue Reading →

အာဆင်နယ်နဲ့ပွဲမှာ ဘာတွေမှားပြီး ဘယ်တွေ လိုအပ်ချက် ရှိခဲ့သလဲ (သုံးသပ်မှုအကျဉ်း)

လီဗာပူးအသင်းဟာ ကွန်မြူနတီဒိုင်းပွဲအဖြစ် အာဆင်နယ်ကို ယှဉ်ပြိုင်ကစားရာမှာ အရေးနိမ့်ခဲ့ပြီး ပွဲအတွင်း အခြေအနေ အနည်းငယ်အပေါ်လည်း စိတ်မကျေနပ်စရာတွေ ဖြစ်စေခဲ့ပါတယ်။ ပရိသတ်တွေ သဘောမကျတဲ့ အဓိက အချက်က ပွဲတန်ပို တင်နိုင်စွမ်း နည်းပါးခြင်းဖြစ်ကာ ထိရောက်တဲ့ ကစားဟန်ကို မပြသနိုင်ခဲ့ခြင်းပါပဲ။ အထူးသဖြင့် ဘောလုံးပေးမှုတွေက လွဲချော်သလို ကစားသမားတွေရဲ့ ပူးပေါင်းလုပ်နိုင်မှုကလည်း နှေးကွေးခဲ့ပါတယ်။ ဒါကိုတော့ ပထမပိုင်း ၄၅ မိနစ်မှာ ရှင်းလင်းစွာ မြင်ခဲ့ရတယ်။ အာဆင်နယ်ဟာ ၅-၄-၁ ကစားကွက်ကို အသုံးပြုခဲ့တယ်။ သူတို့ဟာ low block ပုံစံ… Continue Reading →

အူဘာမီယန်ကို ချီးကျူးသလို အသင်းက ပိုကောင်းကောင်း ကစားနိုင်ခဲ့သင့်တာလို့ ဗန်ဒိုက် ဝန်ခံ

ခံစစ်မှူး ဗန်ဒိုက်က ကွန်မြူနတီဒိုင်းမှာ ပြိုင်ဘက် အာဆင်နယ်ကို အရေးနိမ့်ခဲ့ခြင်းကို အသင်းသားတွေကလည်း စိတ်ပျက်ရတယ်လို့ ဆိုပေမယ့် ရှေ့ဆက်ပြီး အကောင်းဆုံး လုပ်နိုင်ရမယ်လို့ နိုးဆော်လိုက်ပါတယ်။ ဗန်ဒိုက်က အူဘာမီယန်ရဲ့ သွင်းဂိုးကိုလည်း ချီးကျူးခဲ့ကာ ဂါဘွန်သားကို တောင်ပံမှာ တစ်ဦးထဲ ကစားခွင့်နဲ့ ညာခြေနဲ့ ကန်သွင်းခွင့်တွေက လုံးဝ မပေးခဲ့သင့်တဲ့ ကိစ္စဖြစ်ကြောင်း ဝန်ခံတယ်။ ဒါပေမယ့် မနှစ်ကလည်း ကွန်မြူနတီဒိုင်းကို အရေးနိမ့်ခဲ့ပြီး အမှတ်ပေးလိဂ်မှာ ချန်ပီယံဖြစ်တာကို မမေ့ကြစေဖို့လည်း သတိပေးပါသေးတယ်။ ဗန်ဒိုက်က “ သွင်းဂိုးရသွားတာကပဲ အာဆင်နယ် လုပ်ခဲ့တဲ့… Continue Reading →

အားလုံးနဲ့အတူ မျှော်လင့်နေတဲ့ မီနာမီနိုရဲ့ သွင်းဂိုး မြင်ခဲ့ရတာကို ကျေနပ်မိကြောင်း ကလော့ပ်ပြော

အာဆင်နယ်ပွဲမှာ ခြေပဂိုး တစ်ဂိုးကို လူစားဝင်လာပြီး သွင်းယူခဲ့တဲ့ တိုက်စစ်သမား မီနာမီနိုရဲ့ ခြေစွမ်းကို အားရကျေနပ်မိတယ်လို့ ကလော့ပ်က ပြောဆိုပါတယ်။ မီနာမီနိုဟာ လေးလံပြီး အလုပ်မဖြစ်ဖြစ်နေတဲ့ တိုက်စစ်ကို သွက်လက်စေခဲ့သူပါ။ သူ့ရဲ့ ကြံ့ခိုင်မှုကောင်းနေတဲ့ လုပ်ကစားနိုင်စွမ်းက တွဲဘက် တိုက်စစ်သမားတွေကို ကစားရ ပိုအဆင်ပြေခဲ့တယ်။ ဒါ့အပြင် ဇန်နဝါရီမှာ လီဗာပူးကို ပြောင်းလာပြီးကတည်းက သူမသွင်းထားနိုင်တဲ့ လီဗာပူးကစားသမားဘဝ ပထမဆုံးဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့မှာတော့ လီဗာပူးက လိဒ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မီနာမီနိုလို တိုက်စစ်ကို ပံ့ပိုးပေးမယ့်… Continue Reading →

ပင်နယ်တီ မဝင်တဲ့ ဘရူးစတားအပေါ် လီဗာပူးအသင်းဖော်တွေရဲ့ တုန့်ပြန်မှု ချီးကျူးခံနေရ

မနေ့ညက ယှဉ်ပြိုင်ကစားတဲ့ ကွန်မြူနတီဒိုင်းပွဲမှာတော့ ပင်နယ်တီ အဆုံးအဖြတ်မှာ လီဗာပူးဘက်က တစ်လုံး မဝင်ခဲ့တာကြောင့် ၅-၄ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။ သာမာန်ပွဲကစားချိန် မိနစ် ၉၀ မှာ ဝိုက်နယ်ဒမ်အစား လူစားဝင်လာတဲ့ ဘရူးစတားက ပင်နယ်တီ တတိယမြောက် ဂိုးကို တာဝန်ယူခဲ့ပြီး လွဲချော်ခဲ့တာပါ။ တစ်ဘက်ကို ၅ ကြိမ်ကန်ရာမှာ ဘရူးစတားရဲ့ တစ်ကြိမ်တည်းက လွဲခဲ့တာကြောင့် လီဗာပူးက အရေးနိမ့်ခဲ့ရခြင်း ဖြစ်ပါတယ်။ နောက်ဆုံးသော ပင်နယ်တီအဖြစ် အာဆင်နယ်ဘက်က အသင်းခေါင်းဆောင် အူဘာမီယန် ကန်သွင်းရာမှာ ဂိုးဝင်သွားခဲ့တာကြောင့် ကွန်မြူနတီဒိုင်းကို… Continue Reading →

ကလပ် ၁၁ သင်းက ခေါ်ယူလိုကြောင်း စာရင်းပေးခြင်း ခံထားရတဲ့ လီဗာပူးကစားသမား

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က မီးစိမ်းမပြခြင်းကြောင့် အသင်းရဲ့ ကစားသမား အငှားချမှု ဦးဆောင်အဖွဲ့က ဘရူးစတားနဲ့ ပက်သက်ပြီး ရှေ့ဆက် လုပ်ဆောင်ဖို့ စောင့်ဆိုင်းနေတယ်လို့ The Athletic က ဖော်ပြသွားပါတယ်။ သြစတြီးယား ခရီးစဉ်မှာ ကလော့ပ် သဘောကျခဲ့တဲ့ ဘရူးစတားကို ခြေစွမ်းပိုင်း တိုးတက်လာဖို့ ပုံမှန်ပွဲထွက်ခွင့်ပေးမယ့် ကလပ်ကို လီဗာပူးက ရှာဖွေနေတာပါ။ ဒါပေမယ့်လို့ ကလော့ပ်က “ ဘရူးစတားက ပွဲတွေမှာ ပိုပြီး ပါဝင်ဖို့ လိုအပ်တယ် ” လို့ ပြောဆိုခဲ့တာကလွဲရင် အငှားချပြီး ပွဲကစားစေမှာလား၊… Continue Reading →

မအောင်မြင်စဉ် ကာလတွေမှာတောင် လီဗာပူးက အရမ်းကို ပြိုင်ဆိုင်ခံခဲ့ရတာပါ

မန်နေဂျာယာဂင်ကလော့ပ်က ပြိုင်ဘက်တွေက လီဗာပူးကို ပြိုင်ဆိုင်လိုတာဟာ ချန်ပီယံဖြစ်လာမှ မဟုတ်ဘဲ အသင်း ကျဆုံးနေစဉ်တုန်းကလည်း အလေးအနက်ထား ပြိုင်ဆိုင်ခံရမှုတွေ ရှိခဲ့ပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ အင်္ဂလန်ချန်ပီယံအဖြစ် ရာသီသစ်ဟာ လီဗာပူးရဲ့ စိန်ခေါ်မှုသစ်ဖြစ်လာမယ့်အပေါ် မေးခွန်းထုတ်ခံရမှုတွေ ရှိနေခဲ့တာပါ။ ကလော့ပ်က သူ လီဗာပူးကို ရောက်လာစဉ်က ချန်ပီယံအသင်းကို ကိုင်တွယ်ခဲ့ရခြင်း မဟုတ်ဘဲ ဥရောပဝင်ခွင့်တောင် မရခဲ့ပေမယ့် လီဗာပူးဆိုတာနဲ့တင် ပြိုင်ဘက်တွေက လိုက်လံပြိုင်ဆိုင်လိုကြခြင်းကို ရင်ဆိုင်ခဲ့ရပါတယ်လို့ ဆိုပါတယ်။ ယာဂင်ကလော့ပ်က “ အင်္ဂလန်ကို စရောက်လာတဲ့ အချိန်မှာ လီဗာပူးနဲ့ ရင်ဆိုင်ကစားရတာက ပြိုင်ဘက်တွေအတွက်… Continue Reading →

အောင်မြင်မှုဆိုတာ အမြဲတမ်း ဆုပ်ကိုင်ထားလို့ မရပေမယ့် အားလုံးကို စိန်ခေါ်မယ်ဆိုတဲ့ ကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ရာသီသစ်နဲ့ ပက်သက်ပြီး ပြောဆိုရာမှာ ချန်ပီယံအသင်းထံက အစွမ်းကုန် ကြိုးစားလာမှုကို မျှော်လင့်ထားကြပါလို့ ဖြစ်ပါတယ်။ ကလော့ပ်က “ ဒါကြောင့်ပဲ ကျနေ်ာတို့က ချန်ပီယံဆုကို ခုခံမှာ မဟုတ်ဘူး၊ နောက်ထပ် ချန်ပီယံဆုအတွက် တိုက်ခိုက်နိုင်ဖို့ ကြိုးစားမှာလို့ ပြောရတာပါပဲ။ အဲ့တာက အမှန်ပါပဲ။ ” လို့ ပြောပါတယ်။ ကလော့ပ်က ဆက်ပြီးလဲ “ ကိုယ်ရဲ့ ချဉ်းကပ်မှု ပုံစံတွေကို အလုံးစုံ ပြောင်းလဲလိုက်ဖို့ မလိုပါဘူး။ ကျနေ်ာတို့က အမြဲတမ်း ဒီလိုပဲ လုပ်ဆောင်ခဲ့ပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!