အာဆင်နယ်ပွဲမှာ ခြေပဂိုး တစ်ဂိုးကို လူစားဝင်လာပြီး သွင်းယူခဲ့တဲ့ တိုက်စစ်သမား မီနာမီနိုရဲ့ ခြေစွမ်းကို အားရကျေနပ်မိတယ်လို့ ကလော့ပ်က ပြောဆိုပါတယ်။

မီနာမီနိုဟာ လေးလံပြီး အလုပ်မဖြစ်ဖြစ်နေတဲ့ တိုက်စစ်ကို သွက်လက်စေခဲ့သူပါ။ သူ့ရဲ့ ကြံ့ခိုင်မှုကောင်းနေတဲ့ လုပ်ကစားနိုင်စွမ်းက တွဲဘက် တိုက်စစ်သမားတွေကို ကစားရ ပိုအဆင်ပြေခဲ့တယ်။ ဒါ့အပြင် ဇန်နဝါရီမှာ လီဗာပူးကို ပြောင်းလာပြီးကတည်းက သူမသွင်းထားနိုင်တဲ့ လီဗာပူးကစားသမားဘဝ ပထမဆုံးဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့မှာတော့ လီဗာပူးက လိဒ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မီနာမီနိုလို တိုက်စစ်ကို ပံ့ပိုးပေးမယ့် ကစားသမားက ကြံ့ခိုင်မှုနဲ့ ပုံစံကောင်း ရနေတာအတွက် ကလော့ပ်က သဘောကျနေပါတယ်။

ယာဂင်ကလော့ပ်က “ တာကီအတွက် ကိစ္စကြီးဖြစ်သလို ကျနေ်ာတို့ အတွက်ကောပါပဲ။ ဘာလို့လည်းဆိုတော့ အသင်းနဲ့ သူစတင် ပူးပေါင်းပြီးတည်းက ဒီသွင်းဂိုးကပဲ သူ့အတွက် တစ်ခုတည်းသော လိုအပ်ချက်ဖြစ်နေခဲ့တာပါ။ ဒီမတိုင်ခင်က အသင်းအတွက် သူ ဂိုးမသွင်းဖူးသေးပါဘူး။ ဒါပေမယ့် ဂိုးသွင်းနိုင်ဖို့ အရမ်းနီးစပ်တဲ့ အခြေအနေတွေတော့ ရှိဖူးပါတယ်။ သူဂိုးသွင်းလိုက်နိုင်တာက ကျနေ်ာတို့အတွက် အကူအညီဖြစ်ပါတယ်။

သူက ပုံစံကောင်းမှာလည်း ရှိနေတယ်။ သူဝင်လာပြီးတဲ့ ဘာလုပ်နိုင်လဲဆိုတာ အားလုံးလည်း မြင်ပါမယ်။ သွင်းဂိုးကတော့ ယေဘုယျကျကျ ပြောရရင် ရာသီကြိုမှာ သူလုပ်ထားနိုင်တာတွေကြောင့် စွမ်းဆောင်ရည် အဆင့် တစ်ခုကို တိုးတက်ရောက်လာခြင်းပဲ ဖြစ်ပါတယ်။

သူ့အတွက် ကျေနပ်မိပါတယ်။ ပွဲထဲမှာ ဆက်နေနိုင်ဖို့အတွက် သူ့ရဲ့ သွင်းဂိုးက အရေးကြီးခဲ့ပါတယ်။ ဒီအရေးပါတဲ့ အချက်ကို ပထမဆုံးသော ခြေလှမ်းအဖြစ် အသုံးချရမှာပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်က ရာသီသစ်မှာ လူစားလဲမှု ၅ ခု လုပ်ခွင့် စည်းမျဉ်းကိုလည်း ထောက်ခံခဲ့ပြီး ဒါက ကစားသမားတွေအတွက် ပိုကောင်းတဲ့ စည်းမျဉ်း ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။

ZAWGYI

အာဆင္နယ္ပြဲမွာ ေျခပဂိုး တစ္ဂိုးကို လူစားဝင္လာျပီး သြင္းယူခဲ့တဲ့ တိုက္စစ္သမား မီနာမီႏိုရဲ႕ ေျခစြမ္းကို အားရေက်နပ္မိတယ္လို႔ ကေလာ့ပ္က ေျပာဆိုပါတယ္။

မီနာမီႏိုဟာ ေလးလံျပီး အလုပ္မျဖစ္ျဖစ္ေနတဲ့ တိုက္စစ္ကို သြက္လက္ေစခဲ့သူပါ။ သူ႔ရဲ႕ ၾကံ႕ခိုင္မႈေကာင္းေနတဲ့ လုပ္ကစားႏုိင္စြမ္းက တြဲဘက္ တိုက္စစ္သမားေတြကို ကစားရ ပိုအဆင္ေျပခဲ့တယ္။ ဒါ့အျပင္ ဇန္နဝါရီမွာ လီဗာပူးကို ေျပာင္းလာျပီးကတည္းက သူမသြင္းထားႏုိင္တဲ့ လီဗာပူးကစားသမားဘဝ ပထမဆံုးဂိုးကိုလည္း သြင္းယူႏုိင္ခဲ့ပါတယ္။

စက္တင္ဘာလ ၁၂ ရက္ေန႔မွာေတာ့ လီဗာပူးက လိဒ္ယူႏုိက္တက္နဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး မီနာမီႏိုလို တိုက္စစ္ကို ပံ့ပိုးေပးမယ့္ ကစားသမားက ၾကံ႕ခိုင္မႈနဲ႔ ပံုစံေကာင္း ရေနတာအတြက္ ကေလာ့ပ္က သေဘာက်ေနပါတယ္။

ယာဂင္ကေလာ့ပ္က “ တာကီအတြက္ ကိစၥၾကီးျဖစ္သလို က်ေန္ာတို႔ အတြက္ေကာပါပဲ။ ဘာလို႔လည္းဆိုေတာ့ အသင္းနဲ႔ သူစတင္ ပူးေပါင္းျပီးတည္းက ဒီသြင္းဂိုးကပဲ သူ႔အတြက္ တစ္ခုတည္းေသာ လိုအပ္ခ်က္ျဖစ္ေနခဲ့တာပါ။ ဒီမတိုင္ခင္က အသင္းအတြက္ သူ ဂိုးမသြင္းဖူးေသးပါဘူး။ ဒါေပမယ့္ ဂိုးသြင္းႏုိင္ဖို႔ အရမ္းနီးစပ္တဲ့ အေျခအေနေတြေတာ့ ရွိဖူးပါတယ္။ သူဂိုးသြင္းလုိက္ႏုိင္တာက က်ေန္ာတို႔အတြက္ အကူအညီျဖစ္ပါတယ္။

သူက ပံုစံေကာင္းမွာလည္း ရွိေနတယ္။ သူဝင္လာျပီးတဲ့ ဘာလုပ္ႏုိင္လဲဆိုတာ အားလံုးလည္း ျမင္ပါမယ္။ သြင္းဂိုးကေတာ့ ေယဘုယ်က်က် ေျပာရရင္ ရာသီၾကိဳမွာ သူလုပ္ထားႏုိင္တာေတြေၾကာင့္ စြမ္းေဆာင္ရည္ အဆင့္ တစ္ခုကို တိုးတက္ေရာက္လာျခင္းပဲ ျဖစ္ပါတယ္။

သူ႔အတြက္ ေက်နပ္မိပါတယ္။ ပြဲထဲမွာ ဆက္ေနႏုိင္ဖို႔အတြက္ သူ႔ရဲ႕ သြင္းဂိုးက အေရးၾကီးခဲ့ပါတယ္။ ဒီအေရးပါတဲ့ အခ်က္ကို ပထမဆံုးေသာ ေျခလွမ္းအျဖစ္ အသံုးခ်ရမွာပါ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္က ရာသီသစ္မွာ လူစားလဲမႈ ၅ ခု လုပ္ခြင့္ စည္းမ်ဥ္းကိုလည္း ေထာက္ခံခဲ့ျပီး ဒါက ကစားသမားေတြအတြက္ ပိုေကာင္းတဲ့ စည္းမ်ဥ္း ျဖစ္လာမယ္လို႔ ယံုၾကည္ေနပါတယ္။