မနေ့ညက ယှဉ်ပြိုင်ကစားတဲ့ ကွန်မြူနတီဒိုင်းပွဲမှာတော့ ပင်နယ်တီ အဆုံးအဖြတ်မှာ လီဗာပူးဘက်က တစ်လုံး မဝင်ခဲ့တာကြောင့် ၅-၄ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။

သာမာန်ပွဲကစားချိန် မိနစ် ၉၀ မှာ ဝိုက်နယ်ဒမ်အစား လူစားဝင်လာတဲ့ ဘရူးစတားက ပင်နယ်တီ တတိယမြောက် ဂိုးကို တာဝန်ယူခဲ့ပြီး လွဲချော်ခဲ့တာပါ။ တစ်ဘက်ကို ၅ ကြိမ်ကန်ရာမှာ ဘရူးစတားရဲ့ တစ်ကြိမ်တည်းက လွဲခဲ့တာကြောင့် လီဗာပူးက အရေးနိမ့်ခဲ့ရခြင်း ဖြစ်ပါတယ်။

နောက်ဆုံးသော ပင်နယ်တီအဖြစ် အာဆင်နယ်ဘက်က အသင်းခေါင်းဆောင် အူဘာမီယန် ကန်သွင်းရာမှာ ဂိုးဝင်သွားခဲ့တာကြောင့် ကွန်မြူနတီဒိုင်းကို လက်လွတ်ရပြီဆိုတဲ့ အသိမှာ ဘရူးစတားက အတော်လေး မျက်နှာငယ်သွားခဲ့တာပါ။ ဘေးမှာရှိနေတဲ့ ကားတစ်ဂျူံးက ချက်ခြင်းပဲ ဘရူးစတားကို အနမ်းပေးကာ နှစ်သိမ့်ပေးခဲ့တယ်။

နောက်မှာ ရှိနေတဲ့ ဗန်ဒိုက်ကလည်း ဘရူးစတားကို ခေါင်းပွတ်ပေးပြီး နှစ်သိမ့်ခဲ့သလို ရော်ဘတ်ဆန်ကလည်း ကစားသမားလေးကို အဆင်ပြေပါကြောင်း အမူအရာနဲ့ နှစ်သိမ့်ခဲ့ပါတယ်။ သူတို့ရဲ့ အပြုအမှုနဲ့ ပက်သက်ပြီး ပရိသတ်တွေက သဘောကျ ချီးကျူးမှုတွေ များခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့ မန်နေဂျာ ယာဂင်ကလော့ပ်တို့က ဘရူးစတားကို အများကြီး မျှော်လင့်ထားတာကြောင့် ပွဲဖိအားကို ခံစားနိုင်စေဖို့ အဓိက ကစားသမား ဝိုက်နယ်ဒမ်နဲ့ လူစားလဲခဲ့ကာ ပင်နယ်တီ ကန်စေခဲ့ခြင်းလည်း ဖြစ်တယ်။

ယာဂင်က ” ရာဟမ်ကို အပြစ်မတင်ကြပါနဲ့။ အပြစ်တင်စရာရှိရင် ကျနော်ကို အပြစ်တင်ကြပါ။ ဘာလို့လည်းဆိုတော့ ဆုံးဖြတ်ချက်က ကျနော် လုပ်ခဲ့တာပါ။ ဝိုက်နယ်ဒမ်ကို ထုတ်ပြီး ဘရူးစတားကို ထည့်ခဲ့တာက သူ့ကို ပင်နယ်တီ ကန်စေချင်လို့ပါ။ သူက ပင်ကိုယ် သဘာဝကိုက ယုံကြည်မှုရှိပြီး သိပ်ကောင်းတဲ့ အဆုံးသတ်သူ ဖြစ်လို့ပါပဲ။

သူက ပင်နယ်တီကန်မှုတွေမှာလည်း ကောင်းပါတယ်၊ ဒီနေ့တော့ မဟုတ်ဘူးပေါ့။ ဒါက ဘဝနဲ့ ဘောလုံးမှာ ဖြစ်နေကျပါ။ ပြဿနာ မဟုတ်ပါဘူး။ ကျနော်ရဲ့ အတွေ့အကြုံတွေကို ကောင်လေးတွေနဲ့ မျှဝေထားခဲ့ပါတယ်။ ကျနော် ကိုယ်တိုင်လည်း ပင်နယ်တီတွေ လွဲဖူးပါတယ်။ အသင်းဖော်တွေက ဘရူးစတားကို ကန်စေဖို့ ရွေးခဲ့ကြတယ်။ ကိစ္စတွေကို ပိုကြီးအောင် မလုပ်လိုပါဘူး။ သူ ပင်နယ်တီ လွဲခဲ့ပေမယ့် အဆင်ပြေပါတယ်။ တောင်းပန်စရာလည်း မလိုဘူး။ ဒါက ဘောလုံးပါ။ ပြဿနာ မဟုတ်ပါဘူး။ ” လို့ ဆိုသွားခဲ့ပါသေးတယ်။

ZAWGYI

မေန႔ညက ယွဥ္ျပိဳင္ကစားတဲ့ ကြန္ျမဴနတီဒိုင္းပြဲမွာေတာ့ ပင္နယ္တီ အဆံုးအျဖတ္မွာ လီဗာပူးဘက္က တစ္လံုး မဝင္ခဲ့တာေၾကာင့္ ၅-၄ ျဖင့္ အေရးနိမ့္ခဲ့ပါတယ္။

သာမာန္ပြဲကစားခ်ိန္ မိနစ္ ၉၀ မွာ ဝိုက္နယ္ဒမ္အစား လူစားဝင္လာတဲ့ ဘရူးစတားက ပင္နယ္တီ တတိယေျမာက္ ဂိုးကို တာဝန္ယူခဲ့ျပီး လြဲေခ်ာ္ခဲ့တာပါ။ တစ္ဘက္ကို ၅ ၾကိမ္ကန္ရာမွာ ဘရူးစတားရဲ႕ တစ္ၾကိမ္တည္းက လြဲခဲ့တာေၾကာင့္ လီဗာပူးက အေရးနိမ့္ခဲ့ရျခင္း ျဖစ္ပါတယ္။

ေနာက္ဆံုးေသာ ပင္နယ္တီအျဖစ္ အာဆင္နယ္ဘက္က အသင္းေခါင္းေဆာင္ အူဘာမီယန္ ကန္သြင္းရာမွာ ဂိုးဝင္သြားခဲ့တာေၾကာင့္ ကြန္ျမဴနတီဒိုင္းကို လက္လြတ္ရျပီဆိုတဲ့ အသိမွာ ဘရူးစတားက အေတာ္ေလး မ်က္ႏွာငယ္သြားခဲ့တာပါ။ ေဘးမွာရွိေနတဲ့ ကားတစ္ဂ်ံဴးက ခ်က္ျခင္းပဲ ဘရူးစတားကို အနမ္းေပးကာ ႏွစ္သိမ့္ေပးခဲ့တယ္။

ေနာက္မွာ ရွိေနတဲ့ ဗန္ဒိုက္ကလည္း ဘရူးစတားကို ေခါင္းပြတ္ေပးျပီး ႏွစ္သိမ့္ခဲ့သလို ေရာ္ဘတ္ဆန္ကလည္း ကစားသမားေလးကို အဆင္ေျပပါေၾကာင္း အမူအရာနဲ႔ ႏွစ္သိမ့္ခဲ့ပါတယ္။ သူတို႔ရဲ႕ အျပဳအမႈနဲ႔ ပက္သက္ျပီး ပရိသတ္ေတြက သေဘာက် ခ်ီးက်ဴးမႈေတြ မ်ားခဲ့ပါတယ္။

လီဗာပူးအသင္းနဲ႔ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္တုိ႔က ဘရူးစတားကို အမ်ားၾကီး ေမွ်ာ္လင့္ထားတာေၾကာင့္ ပြဲဖိအားကို ခံစားႏုိင္ေစဖို႔ အဓိက ကစားသမား ဝိုက္နယ္ဒမ္နဲ႔ လူစားလဲခဲ့ကာ ပင္နယ္တီ ကန္ေစခဲ့ျခင္းလည္း ျဖစ္တယ္။

ယာဂင္က ” ရာဟမ္ကို အျပစ္မတင္ၾကပါနဲ႔။ အျပစ္တင္စရာရွိရင္ က်ေနာ္ကို အျပစ္တင္ၾကပါ။ ဘာလို႔လည္းဆိုေတာ့ ဆံုးျဖတ္ခ်က္က က်ေနာ္ လုပ္ခဲ့တာပါ။ ဝိုက္နယ္ဒမ္ကို ထုတ္ျပီး ဘရူးစတားကို ထည့္ခဲ့တာက သူ႔ကို ပင္နယ္တီ ကန္ေစခ်င္လို႔ပါ။ သူက ပင္ကိုယ္ သဘာဝကိုက ယံုၾကည္မႈရွိျပီး သိပ္ေကာင္းတဲ့ အဆံုးသတ္သူ ျဖစ္လို႔ပါပဲ။

သူက ပင္နယ္တီကန္မႈေတြမွာလည္း ေကာင္းပါတယ္၊ ဒီေန႔ေတာ့ မဟုတ္ဘူးေပါ့။ ဒါက ဘဝနဲ႔ ေဘာလံုးမွာ ျဖစ္ေနက်ပါ။ ျပႆနာ မဟုတ္ပါဘူး။ က်ေနာ္ရဲ႕ အေတြ႔အၾကံဳေတြကို ေကာင္ေလးေတြနဲ႔ မွ်ေဝထားခဲ့ပါတယ္။ က်ေနာ္ ကိုယ္တိုင္လည္း ပင္နယ္တီေတြ လြဲဖူးပါတယ္။ အသင္းေဖာ္ေတြက ဘရူးစတားကို ကန္ေစဖို႔ ေရြးခဲ့ၾကတယ္။ ကိစၥေတြကို ပိုၾကီးေအာင္ မလုပ္လိုပါဘူး။ သူ ပင္နယ္တီ လြဲခဲ့ေပမယ့္ အဆင္ေျပပါတယ္။ ေတာင္းပန္စရာလည္း မလိုဘူး။ ဒါက ေဘာလံုးပါ။ ျပႆနာ မဟုတ္ပါဘူး။ ” လို႔ ဆိုသြားခဲ့ပါေသးတယ္။