လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က မီးစိမ်းမပြခြင်းကြောင့် အသင်းရဲ့ ကစားသမား အငှားချမှု ဦးဆောင်အဖွဲ့က ဘရူးစတားနဲ့ ပက်သက်ပြီး ရှေ့ဆက် လုပ်ဆောင်ဖို့ စောင့်ဆိုင်းနေတယ်လို့ The Athletic က ဖော်ပြသွားပါတယ်။

သြစတြီးယား ခရီးစဉ်မှာ ကလော့ပ် သဘောကျခဲ့တဲ့ ဘရူးစတားကို ခြေစွမ်းပိုင်း တိုးတက်လာဖို့ ပုံမှန်ပွဲထွက်ခွင့်ပေးမယ့် ကလပ်ကို လီဗာပူးက ရှာဖွေနေတာပါ။ ဒါပေမယ့်လို့ ကလော့ပ်က “ ဘရူးစတားက ပွဲတွေမှာ ပိုပြီး ပါဝင်ဖို့ လိုအပ်တယ် ” လို့ ပြောဆိုခဲ့တာကလွဲရင် အငှားချပြီး ပွဲကစားစေမှာလား၊ လီဗာပူးမှာပဲ နေရာပေးမလားဆိုတာကို ခိုင်မာတဲ့ ဆုံးဖြတ်ချက် မပေးသေးပါဘူး။

Liverpool TV မှာ အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်လေ့ရှိတဲ့ ဂန္တဝင်တိုက်စစ်သမားကြီး အဲဒရစ်က ဘရူးစတားက သိပ်ကောင်းကြောင်းနဲ့ လီဗာပူးက အလားအလာရှိတဲ့ တိုက်စစ်သမားတစ်ဦးကို ထပ်မံ ပိုင်ဆိုင်ခဲ့ပြီလို့ ဆိုခဲ့ခြင်းကလည်း ကလပ်ရဲ့ အဓိက ပုဂ္ဂိုလ်တွေက ဘရူးစတားကို အတော်လေး သဘောကျနေကြောင်း အရိပ်အမြွက် ထုတ်ပြောမှု ဖြစ်ခဲ့တယ်။

The Athletic မှာ သတင်းထောက် ဂျိမ်းပီရက်စ်ကပဲ ယာဂင်ကလော့ပ် မီးစိမ်းပြခဲ့ရင် ဘရူးစတားကို ခေါ်ဖို့ စာရင်းသွင်းထားတဲ့ ကလပ် ၁၁ သင်းတောင်ရှိတယ်လို့ ဆိုပါတယ်။ ပရီးမီးယားလိဂ်ကလပ် ရှက်ဖီး၊ အက်စတွန်ဗီလာ၊ နယူးကာဆယ်၊ ဘန်လေ၊ ဘရိုက်တန်၊ ပဲလေစ့်နဲ့ ဖူလ်ဟမ်တို့က သူ့ကို တစ်ရာသီ အငှားခေါ်လိုတယ်။

ချန်ပီယံရှစ်မှာတော့ နော်ဝစ်၊ ဘုန်းမောက်၊ ဝတ်ဖိုဒ်နဲ့ ဆွမ်ဆီးတို့က ဘရူးစတားကို ပုံမှန် ပွဲကစားခွင့်နဲ့အတူ တစ်ရာသီ အငှားစာချုပ်တွေ ပေးလိုနေတာဖြစ်တယ်။ အင်္ဂလန်လူငယ်အသင်းမှာတည်းက နာမည်ရှိခဲ့တဲ့ ဘရူးစတားဟာ ဒဏ်ရာတွေကြောင့် တိုးတက်မှု အနည်းငယ် နှောင့်နှေးခဲ့ရတယ်။ ဒါပေမယ့်လို့ အဆင့်မြင့်တန်းလိဂ်က ကလပ်ထက်ဝက်လောက်ရဲ့ မန်နေဂျာတွေက သူ့ရဲ့ အရည်အချင်းကို သဘောကျနေကြပါတယ်။

ကလော့ပ် ကိုယ်တိုင်ကလည်း ဘရူးစတားကို အတော်လေး နှစ်သက်ပြီး အသင်းမှာ ဆက်ထားကာ ပွဲကစားခွင့် ရှာပေးမလား၊ အငှားချရင်းပဲ ပွဲကစားခွင့်ရဖို့ လုပ်ဆောင်ပေးမလား လာမယ့် အပတ်တွေမှာ မြင်လာရဖို့ ရှိပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က မီးစိမ္းမျပျခင္းေၾကာင့္ အသင္းရဲ႕ ကစားသမား အငွားခ်မႈ ဦးေဆာင္အဖြဲ႔က ဘရူးစတားနဲ႔ ပက္သက္ျပီး ေရွ႔ဆက္ လုပ္ေဆာင္ဖို႔ ေစာင့္ဆိုင္းေနတယ္လို႔ The Athletic က ေဖာ္ျပသြားပါတယ္။

ၾသစၾတီးယား ခရီးစဥ္မွာ ကေလာ့ပ္ သေဘာက်ခဲ့တဲ့ ဘရူးစတားကို ေျခစြမး္ပိုင္း တိုးတက္လာဖို႔ ပံုမွန္ပြဲထြက္ခြင့္ေပးမယ့္ ကလပ္ကို လီဗာပူးက ရွာေဖြေနတာပါ။ ဒါေပမယ့္လို႔ ကေလာ့ပ္က “ ဘရူးစတားက ပြဲေတြမွာ ပိုျပီး ပါဝင္ဖို႔ လိုအပ္တယ္ ” လို႔ ေျပာဆိုခဲ့တာကလြဲရင္ အငွားခ်ျပီး ပြဲကစားေစမွာလား၊ လီဗာပူးမွာပဲ ေနရာေပးမလားဆိုတာကို ခိုင္မာတဲ့ ဆံုးျဖတ္ခ်က္ မေပးေသးပါဘူး။

Liverpool TV မွာ အစီအစဥ္ တင္ဆက္သူအျဖစ္ ပါဝင္ေလ့ရွိတဲ့ ဂႏၱဝင္တိုက္စစ္သမားၾကီး အဲဒရစ္က ဘရူးစတားက သိပ္ေကာင္းေၾကာင္းနဲ႔ လီဗာပူးက အလားအလာရွိတဲ့ တိုက္စစ္သမားတစ္ဦးကို ထပ္မံ ပိုင္ဆိုင္ခဲ့ျပီလို႔ ဆိုခဲ့ျခင္းကလည္း ကလပ္ရဲ႕ အဓိက ပုဂၢိဳလ္ေတြက ဘရူးစတားကို အေတာ္ေလး သေဘာက်ေနေၾကာင္း အရိပ္အျမြက္ ထုတ္ေျပာမႈ ျဖစ္ခဲ့တယ္။

The Athletic မွာ သတင္းေထာက္ ဂ်ိမ္းပီရက္စ္ကပဲ ယာဂင္ကေလာ့ပ္ မီးစိမ္းျပခဲ့ရင္ ဘရူးစတားကို ေခၚဖို႔ စာရင္းသြင္းထားတဲ့ ကလပ္ ၁၁ သင္းေတာင္ရွိတယ္လုိ႔ ဆိုပါတယ္။ ပရီးမီးယားလိဂ္ကလပ္ ရွက္ဖီး၊ အက္စတြန္ဗီလာ၊ နယူးကာဆယ္၊ ဘန္ေလ၊ ဘရိုက္တန္၊ ပဲေလစ့္နဲ႔ ဖူလ္ဟမ္တို႔က သူ႔ကို တစ္ရာသီ အငွားေခၚလိုတယ္။

ခ်န္ပီယံရွစ္မွာေတာ့ ေနာ္ဝစ္၊ ဘုန္းေမာက္၊ ဝတ္ဖိုဒ္နဲ႔ ဆြမ္ဆီးတို႔က ဘရူးစတားကို ပံုမွန္ ပြဲကစားခြင့္နဲ႔အတူ တစ္ရာသီ အငွားစာခ်ဳပ္ေတြ ေပးလိုေနတာျဖစ္တယ္။ အဂၤလန္လူငယ္အသင္းမွာတည္းက နာမည္ရွိခဲ့တဲ့ ဘရူးစတားဟာ ဒဏ္ရာေတြေၾကာင့္ တိုးတက္မႈ အနည္းငယ္ ေႏွာင့္ေႏွးခဲ့ရတယ္။ ဒါေပမယ့္လို႔ အဆင့္ျမင့္တန္းလိဂ္က ကလပ္ထက္ဝက္ေလာက္ရဲ႕ မန္ေနဂ်ာေတြက သူ႔ရဲ႕ အရည္အခ်င္းကို သေဘာက်ေနၾကပါတယ္။

ကေလာ့ပ္ ကိုယ္တိုင္ကလည္း ဘရူးစတားကို အေတာ္ေလး ႏွစ္သက္ျပီး အသင္းမွာ ဆက္ထားကာ ပြဲကစားခြင့္ ရွာေပးမလား၊ အငွားခ်ရင္းပဲ ပြဲကစားခြင့္ရဖို႔ လုပ္ေဆာင္ေပးမလား လာမယ့္ အပတ္ေတြမွာ ျမင္လာရဖို႔ ရွိပါတယ္။