မန်နေဂျာယာဂင်ကလော့ပ်က ပြိုင်ဘက်တွေက လီဗာပူးကို ပြိုင်ဆိုင်လိုတာဟာ ချန်ပီယံဖြစ်လာမှ မဟုတ်ဘဲ အသင်း ကျဆုံးနေစဉ်တုန်းကလည်း အလေးအနက်ထား ပြိုင်ဆိုင်ခံရမှုတွေ ရှိခဲ့ပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

အင်္ဂလန်ချန်ပီယံအဖြစ် ရာသီသစ်ဟာ လီဗာပူးရဲ့ စိန်ခေါ်မှုသစ်ဖြစ်လာမယ့်အပေါ် မေးခွန်းထုတ်ခံရမှုတွေ ရှိနေခဲ့တာပါ။ ကလော့ပ်က သူ လီဗာပူးကို ရောက်လာစဉ်က ချန်ပီယံအသင်းကို ကိုင်တွယ်ခဲ့ရခြင်း မဟုတ်ဘဲ ဥရောပဝင်ခွင့်တောင် မရခဲ့ပေမယ့် လီဗာပူးဆိုတာနဲ့တင် ပြိုင်ဘက်တွေက လိုက်လံပြိုင်ဆိုင်လိုကြခြင်းကို ရင်ဆိုင်ခဲ့ရပါတယ်လို့ ဆိုပါတယ်။

ယာဂင်ကလော့ပ်က “ အင်္ဂလန်ကို စရောက်လာတဲ့ အချိန်မှာ လီဗာပူးနဲ့ ရင်ဆိုင်ကစားရတာက ပြိုင်ဘက်တွေအတွက် အရမ်းကို အဓိပ္ပာယ်ရှိနေတယ်ဆိုတာကို အံ့အားသင့်ဖို့ကောင်းအောင် ငါနားလည်ခဲ့ရတယ်။

ငါတို့က အတိတ်က အောင်မြင်မှုတွေကို စဉ်းစားမနေသလို ကိုယ်ရောက်နေတဲ့ လိဂ်ရဲ့ အဆင့် ၇၊ အဆင့် ၈ ဆိုတာတွေကိုတောင် စဉ်းစားတာ မဟုတ်ဘူး။ ဒါပေမယ့် ကွင်းထဲကို ရောက်သွားတိုင်း ပြိုင်ဘက်တွေက ငါတို့နဲ့ အရမ်းကို ပြိုင်ဆိုင်ချင်ပါလားဆိုတာ နားလည်ခဲ့ရတယ်။

ငါတို့ အောင်မြင်လာလို့လည်း လီဗာပူးကို သူတို့တွေ ပြိုင်ဆိုင်လိုကြတာက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒီတော့ ကလပ်တွေက ငါတို့နဲ့ ယှဉ်ပြိုင်ရမှာကို သူတို့အတွက် ပိုကြီးမားတဲ့ ပစ်မှတ်အဖြစ်တောင် သက်မှတ်လာမှာပါ။ မနှစ်တုန်းက အသင်းတိုင်းက ငါတို့ကို အနိုင်ယူချင်ခဲ့တယ်။ အသင်းတိုင်းက သူတို့ရဲ့ အကြောင်းပြချက်တွေနဲ့ ငါတို့ကို အနိုင်ယူချင်ခဲ့တယ်။ ဒါပေမယ့် အသင်းအများကြီးက ငါတို့ကို မနိုင်ခဲ့ပါဘူး။ အဲ့တာက ပြောင်းလဲသွားမှာလည်း မဟုတ်ဘူး။

ပြိုင်ဘက်တွေက ငါတို့ကို အနိုင်ယူချင်တယ်။ ဒါကောင်းပါတယ်။ ပြိုင်ဆိုင်မှုဆိုတာ အဲ့လိုဖြစ်နေရမယ်။ ဒါက ပြိုင်ဆိုင်မှုနဲ့ ပက်သက်လို့ ငါခံစားမိတာပဲ။ ပြိုင်ဘက်တွေ ငါတို့နဲ့ ပက်သက်လို့ တွေးနေတာကို လိုက်မစဉ်းစားဘူး။ ငါတို့ စဉ်းစားတာ ဘယ်လို နည်းစနစ်နဲ့ ပွဲကိုကစားမလဲ၊ ငါတို့ ဘာလုပ်မလဲဆိုတာဖြစ်တယ်။ ငါတို့ကို အနိုင်ရတာက ပြိုင်ဘက်တွေအတွက် လုံ့ဆော်မှု ဖြစ်သွားမလားဆိုတာ မဟုတ်ပါဘူး။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ျပိဳင္ဘက္ေတြက လီဗာပူးကို ျပိဳင္ဆုိင္လုိတာဟာ ခ်န္ပီယံျဖစ္လာမွ မဟုတ္ဘဲ အသင္း က်ဆံုးေနစဥ္တုန္းကလည္း အေလးအနက္ထား ျပိဳင္ဆိုင္ခံရမႈေတြ ရွိခဲ့ပါတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

အဂၤလန္ခ်န္ပီယံအျဖစ္ ရာသီသစ္ဟာ လီဗာပူးရဲ႕ စိန္ေခၚမႈသစ္ျဖစ္လာမယ့္အေပၚ ေမးခြန္းထုတ္ခံရမႈေတြ ရွိေနခဲ့တာပါ။ ကေလာ့ပ္က သူ လီဗာပူးကို ေရာက္လာစဥ္က ခ်န္ပီယံအသင္းကို ကိုင္တြယ္ခဲ့ရျခင္း မဟုတ္ဘဲ ဥေရာပဝင္ခြင့္ေတာင္ မရခဲ့ေပမယ့္ လီဗာပူးဆိုတာနဲ႔တင္ ျပိဳင္ဘက္ေတြက လိုက္လံျပိဳင္ဆုိင္လိုၾကျခင္းကို ရင္ဆိုင္ခဲ့ရပါတယ္လုိ႔ ဆိုပါတယ္။

ယာဂင္ကေလာ့ပ္က “ အဂၤလန္ကို စေရာက္လာတဲ့ အခ်ိန္မွာ လီဗာပူးနဲ႔ ရင္ဆိုင္ကစားရတာက ျပိဳင္ဘက္ေတြအတြက္ အရမ္းကို အဓိပၸာယ္ရွိေနတယ္ဆိုတာကို အံ့အားသင့္ဖို႔ေကာင္းေအာင္ ငါနားလည္ခဲ့ရတယ္။

ငါတုိ႔က အတိတ္က ေအာင္ျမင္မႈေတြကို စဥ္းစားမေနသလို ကိုယ္ေရာက္ေနတဲ့ လိဂ္ရဲ႕ အဆင့္ ၇၊ အဆင့္ ၈ ဆိုတာေတြကိုေတာင္ စဥ္းစားတာ မဟုတ္ဘူး။ ဒါေပမယ့္ ကြင္းထဲကို ေရာက္သြားတိုင္း ျပိဳင္ဘက္ေတြက ငါတို႔နဲ႔ အရမ္းကို ျပိုင္ဆုိင္ခ်င္ပါလားဆိုတာ နားလည္ခဲ့ရတယ္။

ငါတို႔ ေအာင္ျမင္လာလို႔လည္း လီဗာပူးကို သူတို႔ေတြ ျပိဳင္ဆိုင္လိုၾကတာက ေျပာင္းလဲသြားမွာ မဟုတ္ပါဘူး။ ဒီေတာ့ ကလပ္ေတြက ငါတို႔နဲ႔ ယွဥ္ျပိဳင္ရမွာကို သူတို႔အတြက္ ပိုၾကီးမားတဲ့ ပစ္မွတ္အျဖစ္ေတာင္ သက္မွတ္လာမွာပါ။ မႏွစ္တုန္းက အသင္းတိုင္းက ငါတို႔ကို အႏုိင္ယူခ်င္ခဲ့တယ္။ အသင္းတိုင္းက သူတို႔ရဲ႕ အေၾကာင္းျပခ်က္ေတြနဲ႔ ငါတို႔ကို အႏုိင္ယူခ်င္ခဲ့တယ္။ ဒါေပမယ့္ အသင္းအမ်ားၾကီးက ငါတို႔ကို မႏုိင္ခဲ့ပါဘူး။ အဲ့တာက ေျပာင္းလဲသြားမွာလည္း မဟုတ္ဘူး။

ျပိဳင္ဘက္ေတြက ငါတို႔ကို အႏုိင္ယူခ်င္တယ္။ ဒါေကာင္းပါတယ္။ ျပိဳင္ဆိုင္မႈဆိုတာ အဲ့လိုျဖစ္ေနရမယ္။ ဒါက ျပိဳင္ဆိုင္မႈနဲ႔ ပက္သက္လို႔ ငါခံစားမိတာပဲ။ ျပိဳင္ဘက္ေတြ ငါတို႔နဲ႔ ပက္သက္လို႔ ေတြးေနတာကို လိုက္မစဥ္းစားဘူး။ ငါတို႔ စဥ္းစားတာ ဘယ္လို နည္းစနစ္နဲ႔ ပြဲကိုကစားမလဲ၊ ငါတို႔ ဘာလုပ္မလဲဆိုတာျဖစ္တယ္။ ငါတို႔ကို အႏုိင္ရတာက ျပိဳင္ဘက္ေတြအတြက္ လံု႔ေဆာ္မႈ ျဖစ္သြားမလားဆိုတာ မဟုတ္ပါဘူး။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။