လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ရာသီသစ်နဲ့ ပက်သက်ပြီး ပြောဆိုရာမှာ ချန်ပီယံအသင်းထံက အစွမ်းကုန် ကြိုးစားလာမှုကို မျှော်လင့်ထားကြပါလို့ ဖြစ်ပါတယ်။

ကလော့ပ်က “ ဒါကြောင့်ပဲ ကျနေ်ာတို့က ချန်ပီယံဆုကို ခုခံမှာ မဟုတ်ဘူး၊ နောက်ထပ် ချန်ပီယံဆုအတွက် တိုက်ခိုက်နိုင်ဖို့ ကြိုးစားမှာလို့ ပြောရတာပါပဲ။ အဲ့တာက အမှန်ပါပဲ။ ” လို့ ပြောပါတယ်။

ကလော့ပ်က ဆက်ပြီးလဲ “ ကိုယ်ရဲ့ ချဉ်းကပ်မှု ပုံစံတွေကို အလုံးစုံ ပြောင်းလဲလိုက်ဖို့ မလိုပါဘူး။ ကျနေ်ာတို့က အမြဲတမ်း ဒီလိုပဲ လုပ်ဆောင်ခဲ့ပါတယ်။ ပြောင်းလဲဖို့ ဘာအကြောင်းမှ မရှိပါဘူး။ အမှတ်ပေးချန်ပီယံကို ထာဝရတော့ ဆုပ်ကိုင်ထားနိုင်မှာ မဟုတ်ပါဘူး။ လူတိုင်းကလည်း အောင်မြင်အောင် ကြိုးစားခွင့် ရှိပါတယ်။ ဒါပေမယ့် ချန်ပီယံဆုကို ထာဝရ ဆုပ်ကိုင်ထားလို့ မရတိုင်း ကျနေ်ာတို့ မကြိုးစားတော့ဘူးလို့ မဆိုလိုပါဘူး။

စံချိန်ဆိုတာ အလကားပါ။ ရမှတ် ၉၇ မှတ်ရပြီးတဲ့နောက် ထပ်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့် ၉၉ မှတ်ထိ ထပ်ရခဲ့တယ်။ ကျနေ်ာတို့ ရရမယ့် အမှတ်တွေထဲက မရလိုက်တာတွေ အများကြီးရှိတယ်။ ဒါပေမယ့် ၉၉ မှတ်ထိ ရခဲ့တာပဲ။ စံချိန်တွေဆိုတာ ကျနေ်ာတို့ တကယ်ကို မတွေးပါဘူး။ အသင်းကို တွန်းအားဖြစ်ဖို့ စံချိန်ဆိုတာလည်း မလိုဘူး။

လာမယ့်ရာသီက ခက်ခဲမယ်ဆိုတာ ကျနေ်ာတို့ သိပါတယ်။ မနှစ်တုန်းက ချန်ပီယံဖြစ်လို့၊ ဘာဖြစ်လို့ ညာဖြစ်လို့ ဆိုပြီး ရာသီသစ်က ခက်ခဲသွားတာ မဟုတ်ပါဘူး။ ဘောလုံးဆိုတာ အမြဲတမ်း တိုးတက်နေပြီး ကစားနေကြသ၍ ရပ်တန့်မရတာကြောင့် ခက်ခဲမယ်လို့ ပြောတာပါ။ လူတိုင်းက တိုးတက်လာနိုင်ပါတယ်။

ချယ်ဆီးက ဈေးကွက်ထဲမှာ ရည်ရွယ်ချက်ကြီးကြီး လှုပ်ရှားနေတယ်။ ယူနိုက်တက်ကလည်း အတူတူပါပဲ။ မနှစ်တုန်းက အရမ်းကောင်းခဲ့တယ်။ စီးတီး၊ သူတို့ တိုးတက်လာတာ လူတိုင်းသိတယ်။ ထပ်ပြီး ယှဉ်ပြိုင်ကစားဖို့ ကိုယ်က နည်းလမ်းရှာရသလို အသင်းတိုင်းမှာလည်း အခွင့်အရေး ရှိပါတယ်။ လူဘယ်နှစ်ယောက် ခေါ်လိုက်မယ်လို့ မဟုတ်ပါဘူး။ အဆုံးသတ်မှာတော့ အားလုံးက ပွဲထွက်စာရင်း ၁၁ ယောက် ထုတ်သုံးပြီး လူစားလဲမှု ၃ ခုပဲ လုပ်ရတာပါပဲ။

ဒီအခြေအနေမှာတော့ ဒီ ခြားနားတဲ့ အသင်းတွေ အားလုံးကို ရင်ဆိုင်ပြီး အနိုင်ယူဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ကျနော်တို့ ကုန်ခဲ့တဲ့ ၃ ရာသီလောက်မှာ လုပ်ခဲ့သလိုပေါ့။ လုံ့ဆော်မှုဆိုတာ ကျနေ်ာတို့အတွက် ပြဿနာ မဟုတ်ဘူး။ ကျနေ်ာတို့ ဘောလုံးပွဲတွေ ဆက်ရံှူးဦးမလား? ရံှူးတာကို ကျနော် မကြိုက်ဘူး ဒါပေမယ့် ရံှူးတာတွေ ရှိလာမှာပါပဲ။ ခြားနားတဲ့ အခြေအနေတွေမှာ ဘယ်လို ကိုင်တွယ်နိုင်မလားပဲ မူတည်ပါတယ်။ ကျနေ်ာတို့ ပွဲတွေကို အနိုင်ရမလား? အနိုင်ရဦးမှာပါ။ အားလုံးက ကိုင်တွယ်မှုတွေအပေါ် မူတည်ပါတယ်။

လီဗာပူးအသင်းက ရပ်တန့်နေမှာ မဟုတ်ပါဘူး။ ကျနော်ကလည်း ဒါပဲ လိုချင်တာပါ။ ကျနေ်ာတို့ရဲ့ ကြိုးစားမှုကို မရပ်ဘူး။ ကျနော်က ဘာတစ်ခုကိုမှ မျှော်လင့်ခဲ့သူ မဟုတ်ဘူး။ မျှော်လင့်ထားတာ တစ်ခုတည်းက အသင်းအတွက် ကျနော် အစွမ်းကုန် ကြိုးစားပေးဖို့၊ ကောင်လေးတွေကလည်း အသင်းအတွက် အစွမ်းကုန် ကြိုးစားပေးဖို့ပါပဲ။ ဒါတွေကို ကွင်းထဲမှာ ကျနေ်ာတို့ သက်သေပြပါမယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ရာသီသစ္နဲ႔ ပက္သက္ျပီး ေျပာဆိုရာမွာ ခ်န္ပီယံအသင္းထံက အစြမ္းကုန္ ၾကိဳးစားလာမႈကို ေမွ်ာ္လင့္ထားၾကပါလို႔ ျဖစ္ပါတယ္။

ကေလာ့ပ္က “ ဒါေၾကာင့္ပဲ က်ေန္ာတို႔က ခ်န္ပီယံဆုကို ခုခံမွာ မဟုတ္ဘူး၊ ေနာက္ထပ္ ခ်န္ပီယံဆုအတြက္ တိုက္ခိုက္ႏုိင္ဖို႔ ၾကိဳးစားမွာလို႔ ေျပာရတာပါပဲ။ အဲ့တာက အမွန္ပါပဲ။ ” လို႔ ေျပာပါတယ္။

ကေလာ့ပ္က ဆက္ျပီးလဲ “ ကိုယ္ရဲ႕ ခ်ဥ္းကပ္မႈ ပံုစံေတြကို အလံုးစံု ေျပာင္းလဲလိုက္ဖို႔ မလိုပါဘူး။ က်ေန္ာတို႔က အျမဲတမ္း ဒီလိုပဲ လုပ္ေဆာင္ခဲ့ပါတယ္။ ေျပာင္းလဲဖို႔ ဘာအေၾကာင္းမွ မရွိပါဘူး။ အမွတ္ေပးခ်န္ပီယံကို ထာဝရေတာ့ ဆုပ္ကိုင္ထားႏုိင္မွာ မဟုတ္ပါဘူး။ လူတိုင္းကလည္း ေအာင္ျမင္ေအာင္ ၾကိဳးစားခြင့္ ရွိပါတယ္။ ဒါေပမယ့္ ခ်န္ပီယံဆုကို ထာဝရ ဆုပ္ကိုင္ထားလို႔ မရတိုင္း က်ေန္ာတို႔ မၾကိဳးစားေတာ့ဘူးလို႔ မဆိုလိုပါဘူး။

စံခ်ိန္ဆိုတာ အလကားပါ။ ရမွတ္ ၉၇ မွတ္ရျပီးတဲ့ေနာက္ ထပ္လုပ္ႏုိင္မွာ မဟုတ္ဘူးလို႔ ထင္ခဲ့ေပမယ့္ ၉၉ မွတ္ထိ ထပ္ရခဲ့တယ္။ က်ေန္ာတို႔ ရရမယ့္ အမွတ္ေတြထဲက မရလိုက္တာေတြ အမ်ားၾကီးရွိတယ္။ ဒါေပမယ့္ ၉၉ မွတ္ထိ ရခဲ့တာပဲ။ စံခ်ိန္ေတြဆိုတာ က်ေန္ာတို႔ တကယ္ကို မေတြးပါဘူး။ အသင္းကို တြန္းအားျဖစ္ဖို႔ စံခ်ိန္ဆိုတာလည္း မလိုဘူး။

လာမယ့္ရာသီက ခက္ခဲမယ္ဆိုတာ က်ေန္ာတို႔ သိပါတယ္။ မႏွစ္တုန္းက ခ်န္ပီယံျဖစ္လုိ႔၊ ဘာျဖစ္လို႔ ညာျဖစ္လို႔ ဆိုျပီး ရာသီသစ္က ခက္ခဲသြားတာ မဟုတ္ပါဘူး။ ေဘာလံုးဆိုတာ အျမဲတမ္း တိုးတက္ေနျပီး ကစားေနၾကသ၍ ရပ္တန္႔မရတာေၾကာင့္ ခက္ခဲမယ္လို႔ ေျပာတာပါ။ လူတိုင္းက တိုးတက္လာႏုိင္ပါတယ္။

ခ်ယ္ဆီးက ေစ်းကြက္ထဲမွာ ရည္ရြယ္ခ်က္ၾကီးၾကီး လႈပ္ရွားေနတယ္။ ယူႏုိက္တက္ကလည္း အတူတူပါပဲ။ မႏွစ္တုန္းက အရမ္းေကာင္းခဲ့တယ္။ စီးတီး၊ သူတို႔ တိုးတက္လာတာ လူတိုင္းသိတယ္။ ထပ္ျပီး ယွဥ္ျပိဳင္ကစားဖို႔ ကိုယ္က နည္းလမ္းရွာရသလို အသင္းတိုင္းမွာလည္း အခြင့္အေရး ရွိပါတယ္။ လူဘယ္ႏွစ္ေယာက္ ေခၚလိုက္မယ္လို႔ မဟုတ္ပါဘူး။ အဆံုးသတ္မွာေတာ့ အားလံုးက ပြဲထြက္စာရင္း ၁၁ ေယာက္ ထုတ္သံုးျပီး လူစားလဲမႈ ၃ ခုပဲ လုပ္ရတာပါပဲ။

ဒီအေျခအေနမွာေတာ့ ဒီ ျခားနားတဲ့ အသင္းေတြ အားလံုးကို ရင္ဆိုင္ျပီး အႏုိင္ယူဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။ က်ေနာ္တို႔ ကုန္ခဲ့တဲ့ ၃ ရာသီေလာက္မွာ လုပ္ခဲ့သလိုေပါ့။ လံု႔ေဆာ္မႈဆိုတာ က်ေန္ာတို႔အတြက္ ျပႆနာ မဟုတ္ဘူး။ က်ေန္ာတို႔ ေဘာလံုးပြဲေတြ ဆက္ရံွဴးဦးမလား? ရံွဴးတာကို က်ေနာ္ မၾကိဳက္ဘူး ဒါေပမယ့္ ရံွဴးတာေတြ ရွိလာမွာပါပဲ။ ျခားနားတဲ့ အေျခအေနေတြမွာ ဘယ္လို ကိုင္တြယ္ႏုိင္မလားပဲ မူတည္ပါတယ္။ က်ေန္ာတို႔ ပြဲေတြကို အႏုိင္ရမလား? အႏုိင္ရဦးမွာပါ။ အားလံုးက ကိုင္တြယ္မႈေတြအေပၚ မူတည္ပါတယ္။

လီဗာပူးအသင္းက ရပ္တန္႔ေနမွာ မဟုတ္ပါဘူး။ က်ေနာ္ကလည္း ဒါပဲ လိုခ်င္တာပါ။ က်ေန္ာတို႔ရဲ႕ ၾကိဳးစားမႈကို မရပ္ဘူး။ က်ေနာ္က ဘာတစ္ခုကိုမွ ေမွ်ာ္လင့္ခဲ့သူ မဟုတ္ဘူး။ ေမွ်ာ္လင့္ထားတာ တစ္ခုတည္းက အသင္းအတြက္ က်ေနာ္ အစြမ္းကုန္ ၾကိဳးစားေပးဖို႔၊ ေကာင္ေလးေတြကလည္း အသင္းအတြက္ အစြမ္းကုန္ ၾကိဳးစားေပးဖို႔ပါပဲ။ ဒါေတြကို ကြင္းထဲမွာ က်ေန္ာတို႔ သက္ေသျပပါမယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။