ခံစစ်မှူး ဗန်ဒိုက်က ကွန်မြူနတီဒိုင်းမှာ ပြိုင်ဘက် အာဆင်နယ်ကို အရေးနိမ့်ခဲ့ခြင်းကို အသင်းသားတွေကလည်း စိတ်ပျက်ရတယ်လို့ ဆိုပေမယ့် ရှေ့ဆက်ပြီး အကောင်းဆုံး လုပ်နိုင်ရမယ်လို့ နိုးဆော်လိုက်ပါတယ်။

ဗန်ဒိုက်က အူဘာမီယန်ရဲ့ သွင်းဂိုးကိုလည်း ချီးကျူးခဲ့ကာ ဂါဘွန်သားကို တောင်ပံမှာ တစ်ဦးထဲ ကစားခွင့်နဲ့ ညာခြေနဲ့ ကန်သွင်းခွင့်တွေက လုံးဝ မပေးခဲ့သင့်တဲ့ ကိစ္စဖြစ်ကြောင်း ဝန်ခံတယ်။ ဒါပေမယ့် မနှစ်ကလည်း ကွန်မြူနတီဒိုင်းကို အရေးနိမ့်ခဲ့ပြီး အမှတ်ပေးလိဂ်မှာ ချန်ပီယံဖြစ်တာကို မမေ့ကြစေဖို့လည်း သတိပေးပါသေးတယ်။

ဗန်ဒိုက်က “ သွင်းဂိုးရသွားတာကပဲ အာဆင်နယ် လုပ်ခဲ့တဲ့ အဓိက အခွင့်အရေးပါ။ အဆုံးသတ်ကလည်း အတော်ကောင်းပါတယ် ဒါပေမယ့် ကျနေ်ာတို့လည်း ပိုကောင်းကောင်း ကာကွယ်နိုင်ခဲ့သင့်တာပါ။ အူဘာမီယန်ကို ဘယ်ခြမ်းမှာ တစ်ယောက်ထဲ ကစားခွင့်ကို မပေးသင့်သလို ညာခြေနဲ့ ကန်ခွင့်ရသွားတာမျိုးကို ခွင့်မပြုသင့်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ အဆုံးသတ်မှုကလည်း ကောင်းခဲ့ပါတယ်။

တစ်ပွဲလုံးအားဖြင့် ကျနော်တို့ ကစားတာ ကောင်းပါတယ်။ လွှမ်းမိုးနိုင်တယ်၊ ဖိအားပေးကစားတာကို ကောင်းကောင်းလုပ်နိုင်တယ်၊ အခွင့်အရေးလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ပင်နယ်တီကန်ရတာကတော့ ထီထိုးရသလိုပါပဲ။ ဘာမဆို ဖြစ်သွားနိုင်တာပဲလေ။

ကျနေ်ာတို့ စိတ်ပျက်ခဲ့ရပါတယ် ဒါပေမယ့် ကျနေ်ာတို့ ရှေ့ဆက် သွားရမှာပါ။ မနှစ်တုန်းကလည်း ကွန်မြူနတီဒိုင်းကို ပင်နယ်တီမှာ အရေးနိမ့်ခဲ့တယ်။ အမှတ်ပေးဖလားကို အနိုင်ရခဲ့တယ်။ ဒီတော့ ကျနော်တို့ ထိတ်ထိတ်ပျာပျာဖြစ်နေဖို့ မလိုပါဘူး။ ဒီကနေ့ပွဲမှာ ကျနေ်ာတို့ တကယ်ကို အနိုင်ရချင်ခဲ့တာတော့ သေချာပါတယ်။

မီလ်နာက အရမ်းကောင်းတဲ့ အခွင့်အရေး ရခဲ့တယ်၊ ကျနော်ရဲ့ သွင်းဂိုးကလည်း ဂိုးမဖြစ်ခဲ့ဘူး။ အန္တရာယ်များတဲ့ အခိုက်အတန့်တွေကို ဖန်တီးနိုင်ခဲ့ပေမယ့် တစ်ပွဲလုံးကြည့်မယ်ဆိုရင် ကျနေ်ာတို့ အခွင့်အရေးတွေ အများကြီး ရခဲ့ပါသေးတယ်။ ကျနေ်ာတို့ ပိုကောင်းကောင်း ကစားနိုင်ခဲ့သင့်တာပါ ” လို့ ဝန်ခံသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ခံစစ္မွဴး ဗန္ဒိုက္က ကြန္ျမဴနတီဒိုင္းမွာ ျပိဳင္ဘက္ အာဆင္နယ္ကို အေရးနိမ့္ခဲ့ျခင္းကို အသင္းသားေတြကလည္း စိတ္ပ်က္ရတယ္လို႔ ဆိုေပမယ့္ ေရွ႔ဆက္ျပီး အေကာင္းဆံုး လုပ္ႏုိင္ရမယ္လို႔ ႏိုးေဆာ္လုိက္ပါတယ္။

ဗန္ဒိုက္က အူဘာမီယန္ရဲ႕ သြင္းဂိုးကိုလည္း ခ်ီးက်ဴးခဲ့ကာ ဂါဘြန္သားကို ေတာင္ပံမွာ တစ္ဦးထဲ ကစားခြင့္နဲ႔ ညာေျခနဲ႔ ကန္သြင္းခြင့္ေတြက လံုးဝ မေပးခဲ့သင့္တဲ့ ကိစၥျဖစ္ေၾကာင္း ဝန္ခံတယ္။ ဒါေပမယ့္ မႏွစ္ကလည္း ကြန္ျမဴနတီဒိုင္းကို အေရးနိမ့္ခဲ့ျပီး အမွတ္ေပးလိဂ္မွာ ခ်န္ပီယံျဖစ္တာကို မေမ့ၾကေစဖို႔လည္း သတိေပးပါေသးတယ္။

ဗန္ဒိုက္က “ သြင္းဂိုးရသြားတာကပဲ အာဆင္နယ္ လုပ္ခဲ့တဲ့ အဓိက အခြင့္အေရးပါ။ အဆံုးသတ္ကလည္း အေတာ္ေကာင္းပါတယ္ ဒါေပမယ့္ က်ေန္ာတို႔လည္း ပိုေကာင္းေကာင္း ကာကြယ္ႏုိုင္ခဲ့သင့္တာပါ။ အူဘာမီယန္ကို ဘယ္ျခမ္းမွာ တစ္ေယာက္ထဲ ကစားခြင့္ကို မေပးသင့္သလို ညာေျခနဲ႔ ကန္ခြင့္ရသြားတာမ်ိဳးကို ခြင့္မျပဳသင့္ပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕ အဆံုးသတ္မႈကလည္း ေကာင္းခဲ့ပါတယ္။

တစ္ပြဲလံုးအားျဖင့္ က်ေနာ္တို႔ ကစားတာ ေကာင္းပါတယ္။ လႊမ္းမိုးႏုိင္တယ္၊ ဖိအားေပးကစားတာကို ေကာင္းေကာင္းလုပ္ႏုိင္တယ္၊ အခြင့္အေရးလည္း ဖန္တီးႏုိင္ခဲ့ပါတယ္။ ပင္နယ္တီကန္ရတာကေတာ့ ထီထိုးရသလိုပါပဲ။ ဘာမဆို ျဖစ္သြားႏုိင္တာပဲေလ။

က်ေန္ာတို႔ စိတ္ပ်က္ခဲ့ရပါတယ္ ဒါေပမယ့္ က်ေန္ာတို႔ ေရွ႔ဆက္ သြားရမွာပါ။ မႏွစ္တုန္းကလည္း ကြန္ျမဴနတီဒိုင္းကို ပင္နယ္တီမွာ အေရးနိမ့္ခဲ့တယ္။ အမွတ္ေပးဖလားကို အႏုိင္ရခဲ့တယ္။ ဒီေတာ့ က်ေနာ္တုိ႔ ထိတ္ထိတ္ပ်ာပ်ာျဖစ္ေနဖို႔ မလိုပါဘူး။ ဒီကေန႔ပြဲမွာ က်ေန္ာတို႔ တကယ္ကို အႏုိင္ရခ်င္ခဲ့တာေတာ့ ေသခ်ာပါတယ္။

မီလ္နာက အရမ္းေကာင္းတဲ့ အခြင့္အေရး ရခဲ့တယ္၊ က်ေနာ္ရဲ႕ သြင္းဂိုးကလည္း ဂိုးမျဖစ္ခ့ဲဘူး။ အႏၱရာယ္မ်ားတဲ့ အခိုက္အတန္႔ေတြကို ဖန္တီးႏုိင္ခဲ့ေပမယ့္ တစ္ပြဲလံုးၾကည့္မယ္ဆိုရင္ က်ေန္ာတို႔ အခြင့္အေရးေတြ အမ်ားၾကီး ရခဲ့ပါေသးတယ္။ က်ေန္ာတို႔ ပိုေကာင္းေကာင္း ကစားႏုိင္ခဲ့သင့္တာပါ ” လို႔ ဝန္ခံသြားခဲ့တာျဖစ္ပါတယ္။