လီဗာပူးအသင်းဟာ ကွန်မြူနတီဒိုင်းပွဲအဖြစ် အာဆင်နယ်ကို ယှဉ်ပြိုင်ကစားရာမှာ အရေးနိမ့်ခဲ့ပြီး ပွဲအတွင်း အခြေအနေ အနည်းငယ်အပေါ်လည်း စိတ်မကျေနပ်စရာတွေ ဖြစ်စေခဲ့ပါတယ်။

ပရိသတ်တွေ သဘောမကျတဲ့ အဓိက အချက်က ပွဲတန်ပို တင်နိုင်စွမ်း နည်းပါးခြင်းဖြစ်ကာ ထိရောက်တဲ့ ကစားဟန်ကို မပြသနိုင်ခဲ့ခြင်းပါပဲ။ အထူးသဖြင့် ဘောလုံးပေးမှုတွေက လွဲချော်သလို ကစားသမားတွေရဲ့ ပူးပေါင်းလုပ်နိုင်မှုကလည်း နှေးကွေးခဲ့ပါတယ်။ ဒါကိုတော့ ပထမပိုင်း ၄၅ မိနစ်မှာ ရှင်းလင်းစွာ မြင်ခဲ့ရတယ်။

အာဆင်နယ်ဟာ ၅-၄-၁ ကစားကွက်ကို အသုံးပြုခဲ့တယ်။ သူတို့ဟာ low block ပုံစံ ကစားခဲ့ပြီး deep defensive block ဖြင့် ခံစစ်ပိုင်းကို ပြင်ဆင်ခဲ့ပါတယ်။ ခပ်လွယ်လွယ် ပြောရရင်တော့ လီဗာပူးဘက်က ပိုင်ဆိုင်မှု အသာစီးယူပြီး ကစားလာမယ့် အနေအထားမှာ အာဆင်နယ်က ခံစစ်ကို အားပြုပြီး ကစားဖို့ ပြင်ဆင်လာခဲ့တာပါ။ ခံစစ်ကို ခပ်နိမ့်နိမ့်ချထားခြင်းက ပြေးနှုန်းကောင်းတဲ့ မာနေး၊ ဆာလက်တို့ရဲ့ ပြေးအားတွေကို ထိန့်လန့်ရမှုနှုန်း လျော့ချဖို့လည်း ဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ကစားပုံက ကောင်းခဲ့တယ်ဆိုတာကို ဝန်ခံရမှာဖြစ်ပေမယ့် ဒီနည်းစနစ်မျိုးတွေက လီဗာပူး ရင်ဆိုင်ခဲ့ဖူးပါတယ်။ အထူးသဖြင့် မနှစ်တုန်းက လီဗာပူးဟာ ကလပ်အများအပြားက ခံစစ်အထိုင်ထားကစားတာကို ရင်ဆိုင်ခဲ့ရတယ်။ အဲ့လို အကြိမ်တွေမှာ အသင်းဟာ ဘယ်ခြမ်း ညာခြမ်းကို အမြန် ပြောင်းလဲ တိုက်စစ်ဆင်တာ၊ ဧရိယာဘောက်ထဲကို ခံစစ်သမား သုံးဦး တိုးဝင်စေတဲ့ ပုံစံတွေနဲ့ ကစားခဲ့ပါတယ်။

လီဗာပူးကွင်းလယ်က ဖန်တီးမှုတွေ လုပ်ဖို့ထက် တိုက်စစ်လိုက်တဲ့ အစွန်လူတွေကို ကာဗာပေးတဲ့ ပုံစံ ကစားလေ့ရှိတယ်။ ဒါပေမယ့်လို့ အာဆင်နယ်ပွဲမှာ ဒီလို ကစားတာက အလုပ်မဖြစ်ခဲ့ပါဘူး။ အကြောင်းရင်း နှစ်ချက်ရှိခဲ့ပြီး ပထမအချက်က ရော်ဘတ်ဆန် တင်ကစားသလောက်ကို ညာခြမ်းက သမ္ဘာနုသေးတဲ့ ဝီလီယမ်က တင်မကစားနိုင်ဘူး။ ဒါကြောင့် တစ်ဘက်တည်းက ထိုးဖောက်နေရပြီး ညာခြမ်းက လုံးဝ ပျောက်နေခဲ့တယ်။

ရော်ဘတ်ဆန် ဘက်ခြမ်းဟာ အာဆင်နယ်ရဲ့ ညာခြမ်းတိုက်စစ်ကို ကိုင်တွယ်ဖို့ ပြဿနာမရှိသလို မာနေးနဲ့ တွဲဘက်ပြီးလည်း တိုက်စစ် ကောင်းကောင်းလိုက်နိုင်ခဲ့တယ်။ ဒါပေမယ့်လို့ ညာခြမ်းမှာတော့ ဝီလီယမ်က ပြေးနှုန်းကောင်းတဲ့ အူဘာမီယန်နဲ့တင်ကို တိုင်ပတ်နေပါတယ်။ အကျိုးဆက်ကတော့ သူက ဆာလက်ကို ထောက်ပံ့မှု လုံးဝ မလုပ်နိုင်ဘဲ ဆာလက်က တိုက်စစ်လမ်းကြောင်း ပြရင်း ဘောလုံးကောင်းကောင်း မထိလိုက်ရပါပဲ အချိန်ကုန်ခဲ့ရပါတယ်။

အတွေ့အကြုံနည်းတဲ့ လူငယ်လေးက တိုက်စစ်ကို လိုက်ရမလား၊ ခံစစ်ကို ကာကွယ်ရမလား တစ်ခုခုကို မရွေးချယ်နိုင်ဘူး။ အူဘာမီယန်ရဲ့ သွင်းဂိုးမှာ ဝါရင့်တိုက်စစ်သမားကို ညာခြေနဲ့ ကန်းခွင့် အနေအထားကို ပေးနေတဲ့ ဝီလီယမ်က ပွဲအတွေ့အကြုံ နုခြင်းက သိသာလှပါတယ်။ ဒါက သင်ခန်းစာဖြစ်ပြီး တိုက်စစ်သမားတစ်ယောက် သူအားသန်တဲ့ ခြေထောက်ကို ကန်ခွင့်ပေးလိုက်ရင် ဘာဖြစ်မလဲဆိုတာကို ဝီလီယမ် နားလည်လောက်ပါပြီ။

ဖိအားပေးခြင်းမှာ ဟန်ချက်ညီမှုတွေက အဓိကကျပါတယ်။ ဆာလက်ဘက်က အားနည်းနေချိန်မှာ အခွင့်အရေး ဖန်တီးမှုတွေကို ဧရိယာပြင်ပကနေ တာဝန်ယူရမယ့် ဖာမင်နိုကလည်း ဘောလုံးကို ဧရိယာထဲ အဝင်မခံတဲ့ အာဆင်နယ်ရဲ့ သိပ်သည်းတဲ့ ခံစစ်ကို ကျော်ဖို့ ဖန်တီးမှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ ဒါဟာ ပထမပိုင်း မိနစ် ၃၀ လောက်ထိ အသင်း ခြေစွမ်း ငုပ်နေရခြင်းရဲ့ အကြောင်းရင်းဖြစ်တယ်။

ဒုတိယအချက်ကတော့ ဆင်ခြေပေးခြင်း မဟုတ်ပေမယ့် ကစားသမားတွေ ပါဝါကျနေခြင်း ဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်းဟာ ရာသီကြို ပြင်ဆင်မှုရဲ့ ကြားကာလမှာရှိနေပြီး ဒါပြီးရင် နိုင်ငံတကာသီတင်းပတ် ဖြစ်ပါတယ်။ ဒါကြောင့် မန်နေဂျာကလော့ပ်က အသင်းကို ကြံ့ခိုင်မှု ကောင်းနေအောင် ခပ်ကြမ်းကြမ်း မောင်းဖို့ ပြင်ဆင်ခဲ့တယ်။

ရာသီကြို လေ့ကျင့်ချိန် ၁ ပတ်အပြီးမှာ စတုဂန်၊ ဆဲလ်ဘတ်တို့နဲ့ ဆက်တိုက် ယှဉ်ပြိုင်ခဲ့ပြီး နောက်ထပ် ၄ ရက်အကြာမှာ အာဆင်နယ်နဲ့ ကစားရတာဖြစ်ပါတယ်။ အစောတုန်းက အစီအစဉ်အတိုင်း ခြေစမ်းပွဲ တစ်ပွဲတည်း မကစားစေဘဲ ၂ ပွဲကို ဆက်တိုက် ကစားစေခြင်းက ရာသီကြိုလေ့ကျင့်ရေး ဝင်ထားရတဲ့ ကစားသမားတွေကို ပွဲပမ်းစေမယ်ဆိုတာကို ကလော့ပ်က ကြိုတင်နားလည်ထားတယ်။ ဒါပေမယ့် ပြင်ဆင်ချိန် နည်းနည်းနဲ့ ရာသီသစ်မှာ ကြံ့ခိုင်မှုပြည့်နေဖို့က ပွဲများများ ကစားစေခြင်းကပဲ အကောင်းဆုံးလို့ ယူဆတာကြောင့် ဆက်တိုက် မောင်းထားခဲ့တာဖြစ်ပါတယ်။

ထရိန်နင်တွေ တောက်လျှောက် လုပ်ထားရတဲ့ လီဗာပူးဟာ ပေးမှုတွေ ကြွပ်ရွမနေဘူး၊ လှုပ်ရှားမှုတွေက ကောင်းပေမယ့် လေးလံနေခဲ့တယ်။ အထူးသဖြင့် အဆုံးသတ်ရမယ့် အပိုင်းတွေမှာ မြန်ဆန်နှုန်း နည်းခဲ့တယ်။ ယုံကြည်မှုနဲ့ ကြံ့ခိုင်ရေးကပဲ ရာသီသစ် မစခင်မှာ အဓိက လိုအပ်တာဖြစ်ခြင်းကြောင့် ကွန်မြူနတီဒိုင်းပွဲအတွက် လန်းဆန်းနေစေဖို့ အစား ရှေ့ကတည်းက ခပ်ကြမ်းကြမ်း မောင်းထားခြင်းက အသင်းရဲ့ ပါဝါကို ကျဆင်းနေစေပါတယ်။

လှုပ်အားကို အားပြုတဲ့ ဖာဘင်ညို၊ မီလ်နာ၊ ဝိုက်နယ်ဒမ်ကို သုံးခဲ့ပေမယ့် စုစည်းမှု မရှိခဲ့ဘဲ တစ်ဦးချင်း ပုံစံတွေပဲ ကစားနေခဲ့တယ်။ ကီတာနဲ့ မီနာမီနိုတို့လို တိုက်စစ်အားသန်တွေ ပါလာတဲ့ ကွင်းလယ်က ပိုမို သွက်လက်တဲ့ ကစားဟန်ကို ပြသနိုင်ခဲ့တယ်။ ဒါကတော့ အကောင်းမြင်စရာ အချက်ဖြစ်ပါတယ်။

အရေးကြီးဆုံး ကာလတွေက ရောက်လာခဲ့ပါပြီ။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ လီဗာပူးဟာ လိဒ်ကို ယှဉ်ပြိုင်ပြီး ရာသီသစ်ကို စတင်ရမှာပါ။ ရထားတဲ့ အချိန်တွေကို အကောင်းဆုံး ပြင်ဆင်ပြီး ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ကြန္ျမဴနတီဒိုင္းပြဲအျဖစ္ အာဆင္နယ္ကို ယွဥ္ျပိဳင္ကစားရာမွာ အေရးနိမ့္ခဲ့ျပီး ပြဲအတြင္း အေျခအေန အနည္းငယ္အေပၚလည္း စိတ္မေက်နပ္စရာေတြ ျဖစ္ေစခဲ့ပါတယ္။

ပရိသတ္ေတြ သေဘာမက်တဲ့ အဓိက အခ်က္က ပြဲတန္ပို တင္ႏုိင္စြမ္း နည္းပါးျခင္းျဖစ္ကာ ထိေရာက္တဲ့ ကစားဟန္ကို မျပသႏုိင္ခဲ့ျခင္းပါပဲ။ အထူးသျဖင့္ ေဘာလံုးေပးမႈေတြက လြဲေခ်ာ္သလို ကစားသမားေတြရဲ႕ ပူးေပါင္းလုပ္ႏုိင္မႈကလည္း ေႏွးေကြးခဲ့ပါတယ္။ ဒါကိုေတာ့ ပထမပိုင္း ၄၅ မိနစ္မွာ ရွင္းလင္းစြာ ျမင္ခဲ့ရတယ္။

အာဆင္နယ္ဟာ ၅-၄-၁ ကစားကြက္ကို အသံုးျပဳခဲ့တယ္။ သူတို႔ဟာ low block ပံုစံ ကစားခဲ့ျပီး deep defensive block ျဖင့္ ခံစစ္ပိုင္းကို ျပင္ဆင္ခဲ့ပါတယ္။ ခပ္လြယ္လြယ္ ေျပာရရင္ေတာ့ လီဗာပူးဘက္က ပိုင္ဆုိင္မႈ အသာစီးယူျပီး ကစားလာမယ့္ အေနအထားမွာ အာဆင္နယ္က ခံစစ္ကို အားျပဳျပီး ကစားဖို႔ ျပင္ဆင္လာခဲ့တာပါ။ ခံစစ္ကို ခပ္နိမ့္နိမ့္ခ်ထားျခင္းက ေျပးႏႈန္းေကာင္းတဲ့ မာေနး၊ ဆာလက္တို႔ရဲ႕ ေျပးအားေတြကို ထိန္႔လန္႔ရမႈႏႈန္း ေလ်ာ့ခ်ဖို႔လည္း ျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕ ကစားပံုက ေကာင္းခဲ့တယ္ဆိုတာကို ဝန္ခံရမွာျဖစ္ေပမယ့္ ဒီနည္းစနစ္မ်ိဳးေတြက လီဗာပူး ရင္ဆိုင္ခဲ့ဖူးပါတယ္။ အထူးသျဖင့္ မႏွစ္တုန္းက လီဗာပူးဟာ ကလပ္အမ်ားအျပားက ခံစစ္အထုိင္ထားကစားတာကို ရင္ဆုိင္ခဲ့ရတယ္။ အဲ့လို အၾကိမ္ေတြမွာ အသင္းဟာ ဘယ္ျခမ္း ညာျခမ္းကို အျမန္ ေျပာင္းလဲ တိုက္စစ္ဆင္တာ၊ ဧရိယာေဘာက္ထဲကို ခံစစ္သမား သံုးဦး တိုးဝင္ေစတဲ့ ပံုစံေတြနဲ႔ ကစားခဲ့ပါတယ္။

လီဗာပူးကြင္းလယ္က ဖန္တီးမႈေတြ လုပ္ဖို႔ထက္ တိုက္စစ္လိုက္တဲ့ အစြန္လူေတြကို ကာဗာေပးတဲ့ ပံုစံ ကစားေလ့ရွိတယ္။ ဒါေပမယ့္လို႔ အာဆင္နယ္ပြဲမွာ ဒီလို ကစားတာက အလုပ္မျဖစ္ခဲ့ပါဘူး။ အေၾကာင္းရင္း ႏွစ္ခ်က္ရွိခဲ့ျပီး ပထမအခ်က္က ေရာ္ဘတ္ဆန္ တင္ကစားသေလာက္ကို ညာျခမ္းက သမၻာႏုေသးတဲ့ ဝီလီယမ္က တင္မကစားႏုိင္ဘူး။ ဒါေၾကာင့္ တစ္ဘက္တည္းက ထိုးေဖာက္ေနရျပီး ညာျခမ္းက လံုးဝ ေပ်ာက္ေနခဲ့တယ္။

ေရာ္ဘတ္ဆန္ ဘက္ျခမ္းဟာ အာဆင္နယ္ရဲ႕ ညာျခမ္းတိုက္စစ္ကို ကိုင္တြယ္ဖို႔ ျပႆနာမရွိသလို မာေနးနဲ႔ တြဲဘက္ျပီးလည္း တိုက္စစ္ ေကာင္းေကာင္းလိုက္ႏုိင္ခဲ့တယ္။ ဒါေပမယ့္လို႔ ညာျခမ္းမွာေတာ့ ဝီလီယမ္က ေျပးႏႈန္းေကာင္းတဲ့ အူဘာမီယန္နဲ႔တင္ကို တိုင္ပတ္ေနပါတယ္။ အက်ိဳးဆက္ကေတာ့ သူက ဆာလက္ကို ေထာက္ပံ့မႈ လံုးဝ မလုပ္ႏုိင္ဘဲ ဆာလက္က တိုက္စစ္လမ္းေၾကာင္း ျပရင္း ေဘာလံုးေကာင္းေကာင္း မထိလိုက္ရပါပဲ အခ်ိန္ကုန္ခဲ့ရပါတယ္။

အေတြ႔အၾကံဳနည္းတဲ့ လူငယ္ေလးက တိုက္စစ္ကို လုိက္ရမလား၊ ခံစစ္ကို ကာကြယ္ရမလား တစ္ခုခုကို မေရြးခ်ယ္ႏုိင္ဘူး။ အူဘာမီယန္ရဲ႕ သြင္းဂိုးမွာ ဝါရင့္တိုက္စစ္သမားကို ညာေျခနဲ႔ ကန္းခြင့္ အေနအထားကို ေပးေနတဲ့ ဝီလီယမ္က ပြဲအေတြ႔အၾကံဳ ႏုျခင္းက သိသာလွပါတယ္။ ဒါက သင္ခန္းစာျဖစ္ျပီး တိုက္စစ္သမားတစ္ေယာက္ သူအားသန္တဲ့ ေျခေထာက္ကို ကန္ခြင့္ေပးလိုက္ရင္ ဘာျဖစ္မလဲဆိုတာကို ဝီလီယမ္ နားလည္ေလာက္ပါျပီ။

ဖိအားေပးျခင္းမွာ ဟန္ခ်က္ညီမႈေတြက အဓိကက်ပါတယ္။ ဆာလက္ဘက္က အားနည္းေနခ်ိန္မွာ အခြင့္အေရး ဖန္တီးမႈေတြကို ဧရိယာျပင္ပကေန တာဝန္ယူရမယ့္ ဖာမင္ႏိုကလည္း ေဘာလံုးကို ဧရိယာထဲ အဝင္မခံတဲ့ အာဆင္နယ္ရဲ႕ သိပ္သည္းတဲ့ ခံစစ္ကို ေက်ာ္ဖို႔ ဖန္တီးမႈေတြ မလုပ္ႏုိင္ခဲ့ပါဘူး။ ဒါဟာ ပထမပိုင္း မိနစ္ ၃၀ ေလာက္ထိ အသင္း ေျခစြမ္း ငုပ္ေနရျခင္းရဲ႕ အေၾကာင္းရင္းျဖစ္တယ္။

ဒုတိယအခ်က္ကေတာ့ ဆင္ေျခေပးျခင္း မဟုတ္ေပမယ့္ ကစားသမားေတြ ပါဝါက်ေနျခင္း ျဖစ္ပါတယ္။ ကြန္ျမဴနတီဒိုင္းဟာ ရာသီၾကိဳ ျပင္ဆင္မႈရဲ႕ ၾကားကာလမွာရွိေနျပီး ဒါျပီးရင္ ႏုိင္ငံတကာသီတင္းပတ္ ျဖစ္ပါတယ္။ ဒါေၾကာင့္ မန္ေနဂ်ာကေလာ့ပ္က အသင္းကို ၾကံ႕ခိုင္မႈ ေကာင္းေနေအာင္ ခပ္ၾကမ္းၾကမ္း ေမာင္းဖို႔ ျပင္ဆင္ခဲ့တယ္။

ရာသီၾကိဳ ေလ့က်င့္ခ်ိန္ ၁ ပတ္အျပီးမွာ စတုဂန္၊ ဆဲလ္ဘတ္တို႔နဲ႔ ဆက္တိုက္ ယွဥ္ျပိဳင္ခဲ့ျပီး ေနာက္ထပ္ ၄ ရက္အၾကာမွာ အာဆင္နယ္နဲ႔ ကစားရတာျဖစ္ပါတယ္။ အေစာတုန္းက အစီအစဥ္အတိုင္း ေျခစမ္းပြဲ တစ္ပြဲတည္း မကစားေစဘဲ ၂ ပြဲကို ဆက္တိုက္ ကစားေစျခင္းက ရာသီၾကိဳေလ့က်င့္ေရး ဝင္ထားရတဲ့ ကစားသမားေတြကို ပြဲပမ္းေစမယ္ဆိုတာကို ကေလာ့ပ္က ၾကိဳတင္နားလည္ထားတယ္။ ဒါေပမယ့္ ျပင္ဆင္ခ်ိန္ နည္းနည္းနဲ႔ ရာသီသစ္မွာ ၾကံ႕ခိုင္မႈျပည့္ေနဖို႔က ပြဲမ်ားမ်ား ကစားေစျခင္းကပဲ အေကာင္းဆံုးလို႔ ယူဆတာေၾကာင့္ ဆက္တိုက္ ေမာင္းထားခဲ့တာျဖစ္ပါတယ္။

ထရိန္နင္ေတြ ေတာက္ေလွ်ာက္ လုပ္ထားရတဲ့ လီဗာပူးဟာ ေပးမႈေတြ ၾကြပ္ရြမေနဘူး၊ လႈပ္ရွားမႈေတြက ေကာင္းေပမယ့္ ေလးလံေနခဲ့တယ္။ အထူးသျဖင့္ အဆံုးသတ္ရမယ့္ အပိုင္းေတြမွာ ျမန္ဆန္ႏႈန္း နည္းခဲ့တယ္။ ယံုၾကည္မႈနဲ႔ ၾကံ႕ခိုင္ေရးကပဲ ရာသီသစ္ မစခင္မွာ အဓိက လိုအပ္တာျဖစ္ျခင္းေၾကာင့္ ကြန္ျမဴနတီဒိုင္းပြဲအတြက္ လန္းဆန္းေနေစဖို႔ အစား ေရွ႔ကတည္းက ခပ္ၾကမ္းၾကမ္း ေမာင္းထားျခင္းက အသင္းရဲ႕ ပါဝါကို က်ဆင္းေနေစပါတယ္။

လႈပ္အားကို အားျပဳတဲ့ ဖာဘင္ညိဳ၊ မီလ္နာ၊ ဝိုက္နယ္ဒမ္ကို သံုးခဲ့ေပမယ့္ စုစည္းမႈ မရွိခဲ့ဘဲ တစ္ဦးခ်င္း ပံုစံေတြပဲ ကစားေနခဲ့တယ္။ ကီတာနဲ႔ မီနာမီႏိုတို႔လို တိုက္စစ္အားသန္ေတြ ပါလာတဲ့ ကြင္းလယ္က ပိုမို သြက္လက္တဲ့ ကစားဟန္ကို ျပသႏုိင္ခဲ့တယ္။ ဒါကေတာ့ အေကာင္းျမင္စရာ အခ်က္ျဖစ္ပါတယ္။

အေရးၾကီးဆံုး ကာလေတြက ေရာက္လာခဲ့ပါျပီ။ စက္တင္ဘာလ ၁၂ ရက္ေန႔မွာ လီဗာပူးဟာ လိဒ္ကို ယွဥ္ျပိဳင္ျပီး ရာသီသစ္ကို စတင္ရမွာပါ။ ရထားတဲ့ အခ်ိန္ေတြကို အေကာင္းဆံုး ျပင္ဆင္ျပီး ရာသီသစ္အတြက္ အဆင္သင့္ျဖစ္ေနဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။