လီဗာပူးအသင်းမှာ လူစားလဲမှုတွေက ကွင်းထဲက နည်းစနစ်ကို ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်စေတာမျိုး မြင်ရခဲပါတယ်။ အထူးသဖြင့် အာဆင်နယ်ပွဲမှာ မြင်ရသလောက် အပြောင်းအလဲ ကြီးတာမျိုးက မြင်ရခဲတဲ့ ကိစ္စဖြစ်တယ်။

မန်နေဂျာကလော့ပ်ဟာ သူ့ရဲ့ ၄-၃-၃ ကစားကွက်ကို ပြင်ဆင်ဖို့အတွက် ကစားသမား နှစ်ဦးကို လူစားလဲပြီး မီလ်နာနဲ့ ဝီလီယမ်နေရာမှာ မီနာမီနိုနဲ့ ကီတာကို ထည့်ကစားခဲ့တယ်။ လီဗာပူးရဲ့ ကစားကွက်က ချက်ခြင်းပဲ ၄-၂-၃-၁ ပုံစံ ဖြစ်သွားခဲ့ပြီး နေရာယူမှုတွေ အပြည့်အဝ ပြောင်းလဲသွားတယ်။

ကွင်းလယ်ခံစစ်က ဖာဘင်ညို ဗဟိုခံစစ်မှူးနေရာ ဝင်သွားပြီး ဗဟိုခံစစ်နေရာက ဂိုးမက်စ် ညာအစွန်ကို ထွက်သွားတယ်။ မီနာမီနိုက ဘယ်တောင်ပံနေရာကို ဝင်ယူကာ မာနေးက ညာတောင်ပံ၊ ဆာလက်က အထောင်တိုက်စစ်နေရာတွေ ဖြစ်သွားကြပြီး ဖာမင်နိုက နံပါတ် ၁၀ နေရာကို ဆင်းသွားတာကို မြင်ရတယ်။ လီဗာပူးရဲ့ ပုံမှန် ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် နေရာယူမှုတွေ အားလုံး ပြောင်းလဲသွားစေခဲ့တာပါ။

မီလ်နာ၊ ဖာဘင်ညို၊ ဝိုက်နယ်ဒမ်တို့ ကစားစဉ်တုန်းက ဘောလုံးက ပြိုင်ဘက် ကစားသမားတွေကို ကျော်ပြီး ပေးမှု မထွက်ခဲ့ပေမယ့် ကစားကွက် ပြောင်းလဲပြီးနောက် လီဗာပူးရဲ့ ဖိအားပေးမှုတွေက ပိုကောင်းလာခဲ့တယ်။ တိုက်ရိုက် ပြေးမှုတွေကလည်း ပိုထွက်လာတယ်။ ဘောလုံးပါချိန်နဲ့ မပါချိန်တွေမှာ ကစားဟန်က ပိုတက်လာခဲ့တယ်။

ပွဲနေ့မှာ ဒီလို နည်းစနစ် စမ်းသပ်မှုက အရေးကြီးပါတယ်။ ဒါဟာ လူစာရင်းကနေ ခြားနားတဲ့ နေရာယူမှု ပုံစံတွေကို မြင်ခဲ့ရတာဖြစ်တယ်။ လေးလံနေတဲ့ ကစားစန်ကနေ ချက်ခြင်းပဲ သွက်လက်တဲ့ ကစားဟန်ကို အသွင်းပြောင်းသွားတာမျိုးက သဘောကျဖို့ ကောင်းခဲ့တယ်။

အသင်းသားတိုင်း ကြံ့ခိုင်မှု ကောင်းနေမယ်ဆိုရင် အခုလို နည်းစနစ်ပိုင်း အပြောင်းအလဲတွေ လုပ်နိုင်ဦးမှာဖြစ်ပြီး ဒါဟာ အကျပ်အတည်း ရှိလာမယ့် အနေအထားတွေအတွက် အကောင်းမြင်စရာ အချက်တစ်ချက်လည်း ဖြစ်လာပါလိမ့်မယ်။

ZAWGYI

လီဗာပူးအသင္းမွာ လူစားလဲမႈေတြက ကြင္းထဲက နည္းစနစ္ကို ၾကီးၾကီးမားမား အေျပာင္းအလဲ ျဖစ္ေစတာမ်ိဳး ျမင္ရခဲပါတယ္။ အထူးသျဖင့္ အာဆင္နယ္ပြဲမွာ ျမင္ရသေလာက္ အေျပာင္းအလဲ ၾကီးတာမ်ိဳးက ျမင္ရခဲတဲ့ ကိစၥျဖစ္တယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ သူ႔ရဲ႕ ၄-၃-၃ ကစားကြက္ကို ျပင္ဆင္ဖို႔အတြက္ ကစားသမား ႏွစ္ဦးကို လူစားလဲျပီး မီလ္နာနဲ႔ ဝီလီယမ္ေနရာမွာ မီနာမီႏိုနဲ႔ ကီတာကို ထည့္ကစားခဲ့တယ္။ လီဗာပူးရဲ႕ ကစားကြက္က ခ်က္ျခင္းပဲ ၄-၂-၃-၁ ပံုစံ ျဖစ္သြားခဲ့ျပီး ေနရာယူမႈေတြ အျပည့္အဝ ေျပာင္းလဲသြားတယ္။

ကြင္းလယ္ခံစစ္က ဖာဘင္ညိဳ ဗဟိုခံစစ္မွဴးေနရာ ဝင္သြားျပီး ဗဟိုခံစစ္ေနရာက ဂိုးမက္စ္ ညာအစြန္ကို ထြက္သြားတယ္။ မီနာမီႏိုက ဘယ္ေတာင္ပံေနရာကို ဝင္ယူကာ မာေနးက ညာေတာင္ပံ၊ ဆာလက္က အေထာင္တုိက္စစ္ေနရာေတြ ျဖစ္သြားၾကျပီး ဖာမင္ႏိုက နံပါတ္ ၁၀ ေနရာကို ဆင္းသြားတာကို ျမင္ရတယ္။ လီဗာပူးရဲ႕ ပံုမွန္ ခံစစ္၊ ကြင္းလယ္၊ တိုက္စစ္ ေနရာယူမႈေတြ အားလံုး ေျပာင္းလဲသြားေစခဲ့တာပါ။

မီလ္နာ၊ ဖာဘင္ညိဳ၊ ဝိုက္နယ္ဒမ္တို႔ ကစားစဥ္တုန္းက ေဘာလံုးက ျပိဳင္ဘက္ ကစားသမားေတြကို ေက်ာ္ျပီး ေပးမႈ မထြက္ခဲ့ေပမယ့္ ကစားကြက္ ေျပာင္းလဲျပီးေနာက္ လီဗာပူးရဲ႕ ဖိအားေပးမႈေတြက ပိုေကာင္းလာခဲ့တယ္။ တိုက္ရိုက္ ေျပးမႈေတြကလည္း ပိုထြက္လာတယ္။ ေဘာလံုးပါခ်ိန္နဲ႔ မပါခ်ိန္ေတြမွာ ကစားဟန္က ပိုတက္လာခဲ့တယ္။

ပြဲေန႔မွာ ဒီလို နညး္စနစ္ စမ္းသပ္မႈက အေရးၾကီးပါတယ္။ ဒါဟာ လူစာရင္းကေန ျခားနားတဲ့ ေနရာယူမႈ ပံုစံေတြကို ျမင္ခဲ့ရတာျဖစ္တယ္။ ေလးလံေနတဲ့ ကစားစန္ကေန ခ်က္ျခင္းပဲ သြက္လက္တဲ့ ကစားဟန္ကို အသြင္းေျပာင္းသြားတာမ်ိဳးက သေဘာက်ဖို႔ ေကာင္းခဲ့တယ္။

အသင္းသားတိုင္း ၾကံ႕ခိုင္မႈ ေကာင္းေနမယ္ဆိုရင္ အခုလို နည္းစနစ္ပိုင္း အေျပာင္းအလဲေတြ လုပ္ႏုိင္ဦးမွာျဖစ္ျပီး ဒါဟာ အက်ပ္အတည္း ရွိလာမယ့္ အေနအထားေတြအတြက္ အေကာင္းျမင္စရာ အခ်က္တစ္ခ်က္လည္း ျဖစ္လာပါလိမ့္မယ္။