မန်နေဂျာ ယာဂင်ကလော့ပ်က ဟန်ဒါဆန်နဲ့ မာတစ်တို့ဟာ နောက်အပတ်ထဲမှာ ပြုလုပ်မယ့် လေ့ကျင့်ရေးကို ပြန်လည် ပူးပေါင်းနိုင်ဖို့ မျှော်လင့်ကြောင်း ထုတ်ပြောလိုက်ပါတယ်။

သူတို့ နှစ်ဦးက မနှစ်က ရာသီအကုန်မှာ ဒဏ်ရာတွေ ရခဲ့တာဖြစ်ပြီး ပြန်လည် ထူထောင်ရေးကာလတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဟန်ဒါဆန်က ဒူးဒဏ်ရာ ရနေပြီး မာတစ်က ခြေထောက်ဒဏ်ရာ ရနေခြင်းဖြစ်ကာ သြစတြီးယား ရာသီကြိုကို လိုက်ပါသွားခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

နှစ်ဦးလုံးက ကွန်မြူနတီဒိုင်းပွဲကို လွဲချော်ခဲ့တယ်။ ဒါပေမယ့်လို့ လေ့ကျင့်ရေးကွင်းထဲ ပြန်ဝင်လာဖို့တော့ အခြေအနေ ကောင်းလာပါပြီ။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် လိဒ်ယူနိုက်တက်နဲ့ပွဲကို ဟန်ဒါဆန် ပါဝင်နိုင်မလားအပေါ် ကလော့ပ်က

“ အဲ့အတွက်က သူ လေ့ကျင့်ရေး ဝင်လာတဲ့အချိန်ကို ကြည့်ပြီး ဆုံးဖြတ်ရပါမယ်။ မာတစ်နဲ့ ဟန်ဒိုတို့က နောက်အပတ် လေ့ကျင့်ရေးတွေမှာ ပါဝင်လာမှာပါ။ ကျနေ်ာတို့ အခြေအနေ ကြည့်ရမှာပေါ့။ ဒီအခြေအနေမှာတော့ ကြာကြာအနားရလေ ပိုမြန်မြန်ကောင်းလာလေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခြေအနေကို မသိသေးပါဘူး။ ” လို့ ဆိုခဲ့ပါတယ်။

ကလော့ပ်က ညာအစွန်လူ ထရန့်ရဲ့ အခြေအနေကို ထုတ်ပြောခဲ့ခြင်းတော့ မရှိဘူး။ ဒါပေမယ့် မာဆေးဆိုဒ် အခြေစိုက် သတင်းက ထုတ်ဖော်တဲ့ သတင်းမှာတော့ ထရန့်ဟာ ဒီကနေ့မှာပဲ အသင်းရဲ့ လေ့ကျင့်ရေးကို ပြန်လည် ပူးပေါင်းသွားမယ်လို့ သိရတယ်။ သူဟာ အင်္ဂလန်အသင်း လူစာရင်းမှာလည်း ရွေးချယ်ခံထားရပါတယ်။

ZAWGYI

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဟန္ဒါဆန္နဲ႔ မာတစ္တို႔ဟာ ေနာက္အပတ္ထဲမွာ ျပဳလုပ္မယ့္ ေလ့က်င့္ေရးကို ျပန္လည္ ပူးေပါင္းႏုိင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။

သူတို႔ ႏွစ္ဦးက မႏွစ္က ရာသီအကုန္မွာ ဒဏ္ရာေတြ ရခဲ့တာျဖစ္ျပီး ျပန္လည္ ထူေထာင္ေရးကာလေတြကို ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။ ဟန္ဒါဆန္က ဒူးဒဏ္ရာ ရေနျပီး မာတစ္က ေျခေထာက္ဒဏ္ရာ ရေနျခင္းျဖစ္ကာ ၾသစၾတီးယား ရာသီၾကိဳကို လုိက္ပါသြားခဲ့ၾကသူေတြလည္း ျဖစ္ပါတယ္။

ႏွစ္ဦးလံုးက ကြန္ျမဴနတီဒိုင္းပြဲကို လြဲေခ်ာ္ခဲ့တယ္။ ဒါေပမယ့္လို႔ ေလ့က်င့္ေရးကြင္းထဲ ျပန္ဝင္လာဖို႔ေတာ့ အေျခအေန ေကာင္းလာပါျပီ။ စက္တင္ဘာလ ၁၂ ရက္ေန႔မွာ ယွဥ္ျပိဳင္ရမယ့္ လိဒ္ယူႏုိက္တက္နဲ႔ပြဲကို ဟန္ဒါဆန္ ပါဝင္ႏုိင္မလားအေပၚ ကေလာ့ပ္က

“ အဲ့အတြက္က သူ ေလ့က်င့္ေရး ဝင္လာတဲ့အခ်ိန္ကို ၾကည့္ျပီး ဆံုးျဖတ္ရပါမယ္။ မာတစ္နဲ႔ ဟန္ဒိုတို႔က ေနာက္အပတ္ ေလ့က်င့္ေရးေတြမွာ ပါဝင္လာမွာပါ။ က်ေန္ာတို႔ အေျခအေန ၾကည့္ရမွာေပါ့။ ဒီအေျခအေနမွာေတာ့ ၾကာၾကာအနားရေလ ပိုျမန္ျမန္ေကာင္းလာေလပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အေျခအေနကို မသိေသးပါဘူး။ ” လို႔ ဆိုခဲ့ပါတယ္။

ကေလာ့ပ္က ညာအစြန္လူ ထရန္႔ရဲ႕ အေျခအေနကို ထုတ္ေျပာခဲ့ျခင္းေတာ့ မရွိဘူး။ ဒါေပမယ့္ မာေဆးဆိုဒ္ အေျခစိုက္ သတင္းက ထုတ္ေဖာ္တဲ့ သတင္းမွာေတာ့ ထရန္႔ဟာ ဒီကေန႔မွာပဲ အသင္းရဲ႕ ေလ့က်င့္ေရးကို ျပန္လည္ ပူးေပါင္းသြားမယ္လို႔ သိရတယ္။ သူဟာ အဂၤလန္အသင္း လူစာရင္းမွာလည္း ေရြးခ်ယ္ခံထားရပါတယ္။