လက်တလောမှာ အယ်ကန်တာရာ အပြောင်းအရွှေ့ကိစ္စ မျှော်လင့်နိုင်စရာ ရှိနေပေမယ့် အားလုံးက ကလပ်နဲ့ဆိုင်ပြီး မန်နေဂျာကလေ့ပ်က ခေါ်ကိုခေါ်ပေးရမယ်လို့ အတင်း တောင်းဆိုမှာ မဟုတ်ပါဘူး။

The Athletic က သတင်းထောက် James Pearce က မန်နေဂျာကလော့ပ်က ကွင်းလယ်လူ အယ်ကန်တာရာကို အလိုရှိပြီး ညိနှိုင်းမှုကတော့ ကလပ်နဲ့ပဲ သက်ဆိုင်တယ်လို့ ဖော်ပြခဲ့တယ်။ အခုချိန်ထိ တရားဝင် ကမ်းလှမ်းမှု မလုပ်ရသေးဘဲ စပိန်သားရဲ့ အပြောင်းအရွှေ့က ဖြစ်လာနိုင်တဲ့ ကိစ္စအဖြစ်ပဲ ဆက်ရှိနေပါတယ်။

ဒါပေမယ့်လို့ ဗဟိုခံစစ်မှူးသစ်ကိုတော့ ကလော့ပ်က သေချာပေါက် ရလိုနေပါတယ်။ လိုဗရန်ကို ဇင်းနစ်ထံ ပေါင် ၁၁ သန်းဖြင့် ရောင်းချခဲ့ကာ လက်ရှိမှာ ဗန်ဒိုက် ဂိုးမက်စ်နောက် တတိယမြောက် ခံစစ်မှူးအဖြစ် ဒဏ်ရာရနေတဲ့ မာတစ် တစ်ဦးပဲ ကျန်ရှိနေတယ်။ မာတစ်က မနှစ်တုန်းက ၁၁ ပွဲပဲ ပွဲထွက်ကစားနိုင်ခဲ့ပြီး ဂိုးမက်စ်မှာလည်း ဒဏ်ရာမှတ်တမ်းဆိုး ရှိထားပါတယ်။

အာဆင်နယ်ပွဲမှာ ဗန်ဒန်ဘယ်ရာ၊ ဟိုဗာ၊ နေးဖီးလစ်တို့ကို ကျော်ပြီး ကိုမူချီရာကို နေရာပေးတဲ့ အနေနဲ့ ခေါ်ယူလာခဲ့သလို ပွဲချိန်တွင်းမှာ ဖာဘင်ညိုကို ခံစစ် ဆင်းကစားစေခဲ့တယ်။ ကိုမူချီရာကို ခေါ်ယူခဲ့ပေမယ့် ယူ-၂၃ ကိုပဲ ပို့ဆောင်ဖို့ကို ကလော့ပ်က သေချာ ဆုံးဖြတ်ထားတာကြောင့် ဒီလုပ်ဆောင်မှုတွေက ကလော့ပ်ဟာ ဗဟိုခံစစ်နေရာအတွက် အင်အားဖြည့်လိုတယ်ဆိုတာကို ပြသခြင်းပဲ ဖြစ်တယ်လို့ James Pearce က ဆိုပါတယ်။

လီဗာပူး ကစားသမား ခေါ်ယူရေးအဖွဲ့ကတော့ မှန်ကန်တဲ့ ဈေးနှုန်းနဲ့ဆိုရင် ထိပ်တန်း ခံစစ်မှူးတစ်ဦး ခေါ်ယူပေးဖို့ကို ဦးစားပေးအဖြစ် သက်မှတ်ထားတယ်။ ဘရိုက်တန်က ဘမ်ဝိုက်နဲ့ နော်ဝစ်မှ ဘန်ဂေါ့ဖရေကို ထည့်စဉ်းစားပေမယ့် ပြောင်းရွှေ့ကြေး မြင့်မြင့်မားမား ပေးရမှာက အဟန့်အတားဖြစ်နေတယ်။

ကလော့ပ်က သူ့ရဲ့ ဗဟိုခံစစ်မှူးသစ် ရလိုမှုကို ကလပ်က နားလည်ပေးဖို့ မျှော်လင့်ထားတယ်။ ကပ်ဘေးအတွင်း အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို ထည့်တွေးပေးရမယ်ဆိုတာ သိထားတာကြောင့် ဥက္ကဌ Mike Gordon တို့အဖွဲ့ကို ငွေထုတ်ကို ထုတ်ပေးဖို့ သူကိုယ်တိုင်က တောင်းဆိုသွားမှာ မဟုတ်ပါဘူး။

ZAWGYI

လက္တေလာမွာ အယ္ကန္တာရာ အေျပာင္းအေရႊ႔ကိစၥ ေမွ်ာ္လင့္ႏုိင္စရာ ရွိေနေပမယ့္ အားလံုးက ကလပ္နဲ႔ဆိုင္ျပီး မန္ေနဂ်ာကေလ့ပ္က ေခၚကိုေခၚေပးရမယ္လို႔ အတင္း ေတာင္းဆိုမွာ မဟုတ္ပါဘူး။

The Athletic က သတင္းေထာက္ James Pearce က မန္ေနဂ်ာကေလာ့ပ္က ကြင္းလယ္လူ အယ္ကန္တာရာကို အလိုရွိျပီး ညိႏိႈင္းမႈကေတာ့ ကလပ္နဲ႔ပဲ သက္ဆိုင္တယ္လို႔ ေဖာ္ျပခဲ့တယ္။ အခုခ်ိန္ထိ တရားဝင္ ကမ္းလွမ္းမႈ မလုပ္ရေသးဘဲ စပိန္သားရဲ႕ အေျပာင္းအေရႊ႔က ျဖစ္လာႏုိင္တဲ့ ကိစၥအျဖစ္ပဲ ဆက္ရွိေနပါတယ္။

ဒါေပမယ့္လို႔ ဗဟိုခံစစ္မွဴးသစ္ကိုေတာ့ ကေလာ့ပ္က ေသခ်ာေပါက္ ရလိုေနပါတယ္။ လိုဗရန္ကို ဇင္းနစ္ထံ ေပါင္ ၁၁ သန္းျဖင့္ ေရာင္းခ်ခဲ့ကာ လက္ရွိမွာ ဗန္ဒိုက္ ဂိုးမက္စ္ေနာက္ တတိယေျမာက္ ခံစစ္မွဴးအျဖစ္ ဒဏ္ရာရေနတဲ့ မာတစ္ တစ္ဦးပဲ က်န္ရွိေနတယ္။ မာတစ္က မႏွစ္တုန္းက ၁၁ ပြဲပဲ ပြဲထြက္ကစားႏုိင္ခဲ့ျပီး ဂိုးမက္စ္မွာလည္း ဒဏ္ရာမွတ္တမ္းဆိုး ရွိထားပါတယ္။

အာဆင္နယ္ပြဲမွာ ဗန္ဒန္ဘယ္ရာ၊ ဟိုဗာ၊ ေနးဖီးလစ္တို႔ကို ေက်ာ္ျပီး ကိုမူခ်ီရာကို ေနရာေပးတဲ့ အေနနဲ႔ ေခၚယူလာခဲ့သလို ပြဲခ်ိန္တြင္းမွာ ဖာဘင္ညိဳကို ခံစစ္ ဆင္းကစားေစခဲ့တယ္။ ကိုမူခ်ီရာကို ေခၚယူခဲ့ေပမယ့္ ယူ-၂၃ ကိုပဲ ပို႔ေဆာင္ဖို႔ကို ကေလာ့ပ္က ေသခ်ာ ဆံုးျဖတ္ထားတာေၾကာင့္ ဒီလုပ္ေဆာင္မႈေတြက ကေလာ့ပ္ဟာ ဗဟိုခံစစ္ေနရာအတြက္ အင္အားျဖည့္လိုတယ္ဆိုတာကို ျပသျခင္းပဲ ျဖစ္တယ္လို႔ James Pearce က ဆိုပါတယ္။

လီဗာပူး ကစားသမား ေခၚယူေရးအဖြဲ႔ကေတာ့ မွန္ကန္တဲ့ ေစ်းႏႈန္းနဲ႔ဆိုရင္ ထိပ္တန္း ခံစစ္မွဴးတစ္ဦး ေခၚယူေပးဖို႔ကို ဦးစားေပးအျဖစ္ သက္မွတ္ထားတယ္။ ဘရိုက္တန္က ဘမ္ဝိုက္နဲ႔ ေနာ္ဝစ္မွ ဘန္ေဂါ့ဖေရကို ထည့္စဥ္းစားေပမယ့္ ေျပာင္းေရႊ႔ေၾကး ျမင့္ျမင့္မားမား ေပးရမွာက အဟန္႔အတားျဖစ္ေနတယ္။

ကေလာ့ပ္က သူ႔ရဲ႕ ဗဟိုခံစစ္မွဴးသစ္ ရလိုမႈကို ကလပ္က နားလည္ေပးဖို႔ ေမွ်ာ္လင့္ထားတယ္။ ကပ္ေဘးအတြင္း အသင္းရဲ႕ ဘ႑ာေရးအေျခအေနကို ထည့္ေတြးေပးရမယ္ဆိုတာ သိထားတာေၾကာင့္ ဥကၠဌ Mike Gordon တို႔အဖြဲ႔ကို ေငြထုတ္ကို ထုတ္ေပးဖို႔ သူကိုယ္တိုင္က ေတာင္းဆိုသြားမွာ မဟုတ္ပါဘူး။