တိုက်စစ်မှူးဟောင်း ပီတာခရော့က လီဗာပူးအသင်းဟာ ဒီနွေမှာ အင်အားဖြည့်မှုတွေကို သေချာပေါက် လုပ်ဆောင်သင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။

ကိုစတက်ကို ခေါ်ယူထားတဲ့ လီဗာပူးဟာ နောက်ထပ် ခေါ်ယူမှုကို အခုချိန်ထိ လုပ်မလာသေးပါဘူး။ ကွင်းလယ်နဲ့ ဗဟိုခံစစ်ဟာ လီဗာပူးရဲ့ အဓိက ပစ်မှတ် ဖြစ်လာနိုင်ပေမယ့် နာမည်အထွက်ဆုံး သီယေဂိုကို ခေါ်ယူဖို့ကိုလည်း အခုချိန်ထိ ကြိုးစားခြင်း မရှိသေးတာ ဖြစ်ပါတယ်။

ပီတာခရော့က ” ဘယ်လို အခြေအနေပဲဖြစ်ဖြစ် လူအင်အားကို တိုးချဲ့ဖို့ လိုပါတယ်။ လန်းဆန်းမှုတွေကို ထိန်းသိမ်းဖို့ လိုပါတယ်။ လီဗာပူးရဲ့ ပွဲထွက် ၁၁ ဦးစာရင်းက ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့ လုံလောက်အောင် ကောင်းမွန်ပါတယ်။ ကျနော် တကယ်ကို ယုံကြည်တာပါ။ လီဗာပူးက လူစာရင်းကြီး တစ်ခုလုံးရဲ့ အခြားသော နေရာတွေကို အင်အားဖြည့်ဖို့ လိုအပ်နေပါတယ်။

ကြယ်စင်စု အသင်းကြီးလို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ လိုအပ်တာ မဟုတ်ပါဘူး။ လက်ရှိ အစုအဖွဲ့ကကို အရမ်းကောင်းပါတယ်။ ဒါပေမယ့် ကွင်းလယ်ကနေ ပြိုင်ဘက် ခံစစ်ကို ဖွင့်ပေးနိုင်မယ့် သီယေဂိုလို ကစားသမားကို လက်မှတ်ထိုးဖို့ လိုပါတယ်။ ပွဲတိုင်းတော့ ပါဝင်ကစားပေးနိုင်မှာ မဟုတ်ပေမယ့် သူက ကစားသမားကောင်း ဖြစ်နေဆဲပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ရာသီသစ်မှာတော့ ကိုဗစ်ကပ်ဘေးကြောင့် ပွဲစဉ်ဇယား ကြပ်တည်းမှုတွေနဲ့ ခန့်မှန်းမရတဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကစားသမားတွေ လုံလောက်မှုနဲ့ ကြံ့ခိုင်မှုကလည်း မေးခွန်းတစ်ခုဖြစ်တယ်။ အင်္ဂါနေ့မှာတော့ ပရီးမီးယားလိဂ် ရှယ်ယာရှင်များ အစည်းအဝေး ပြုလုပ်ကာ လူစားလဲမှု ၅ ခုထိ ခွင့်ပြုဖို့ ကိစ္စကိုလည်း ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

ZAWGYI

တိုက္စစ္မွဴးေဟာင္း ပီတာခေရာ့က လီဗာပူးအသင္းဟာ ဒီေႏြမွာ အင္အားျဖည့္မႈေတြကို ေသခ်ာေပါက္ လုပ္ေဆာင္သင့္ပါေၾကာင္း တိုက္တြန္းလိုက္ပါတယ္။

ကိုစတက္ကို ေခၚယူထားတဲ့ လီဗာပူးဟာ ေနာက္ထပ္ ေခၚယူမႈကို အခုခ်ိန္ထိ လုပ္မလာေသးပါဘူး။ ကြင္းလယ္နဲ႔ ဗဟိုခံစစ္ဟာ လီဗာပူးရဲ႕ အဓိက ပစ္မွတ္ ျဖစ္လာႏုိင္ေပမယ့္ နာမည္အထြက္ဆံုး သီေယဂိုကို ေခၚယူဖို႔ကိုလည္း အခုခ်ိန္ထိ ၾကိဳးစားျခင္း မရွိေသးတာ ျဖစ္ပါတယ္။

ပီတာခေရာ့က ” ဘယ္လို အေျခအေနပဲျဖစ္ျဖစ္ လူအင္အားကို တိုးခ်ဲ႔ဖို႔ လိုပါတယ္။ လန္းဆန္းမႈေတြကို ထိန္းသိမ္းဖို႔ လိုပါတယ္။ လီဗာပူးရဲ႕ ပြဲထြက္ ၁၁ ဦးစာရင္းက ဒီရာသီမွာလည္း ပရီးမီးယားလိဂ္ဖလားကို အႏုိင္ရဖို႔ လံုေလာက္ေအာင္ ေကာင္းမြန္ပါတယ္။ က်ေနာ္ တကယ္ကို ယံုၾကည္တာပါ။ လီဗာပူးက လူစာရင္းၾကီး တစ္ခုလံုးရဲ႕ အျခားေသာ ေနရာေတြကို အင္အားျဖည့္ဖို႔ လိုအပ္ေနပါတယ္။

ၾကယ္စင္စု အသင္းၾကီးလို အင္အားျဖည့္တင္းမႈေတြ ျပဳလုပ္ဖို႔ လိုအပ္တာ မဟုတ္ပါဘူး။ လက္ရွိ အစုအဖြဲ႔ကကို အရမ္းေကာင္းပါတယ္။ ဒါေပမယ့္ ကြင္းလယ္ကေန ျပိဳင္ဘက္ ခံစစ္ကို ဖြင့္ေပးႏုိင္မယ့္ သီေယဂိုလို ကစားသမားကို လက္မွတ္ထိုးဖို႔ လိုပါတယ္။ ပြဲတိုင္းေတာ့ ပါဝင္ကစားေပးႏုိင္မွာ မဟုတ္ေပမယ့္ သူက ကစားသမားေကာင္း ျဖစ္ေနဆဲပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ရာသီသစ္မွာေတာ့ ကိုဗစ္ကပ္ေဘးေၾကာင့္ ပြဲစဥ္ဇယား ၾကပ္တည္းမႈေတြနဲ႔ ခန္႔မွန္းမရတဲ့ အေျခအေနေတြ ျဖစ္လာႏုိင္ပါတယ္။ ဒါေၾကာင့္ ကစားသမားေတြ လံုေလာက္မႈနဲ႔ ၾကံ႕ခိုင္မႈကလည္း ေမးခြန္းတစ္ခုျဖစ္တယ္။ အဂၤါေန႔မွာေတာ့ ပရီးမီးယားလိဂ္ ရွယ္ယာရွင္မ်ား အစည္းအေဝး ျပဳလုပ္ကာ လူစားလဲမႈ ၅ ခုထိ ခြင့္ျပဳဖို႔ ကိစၥကိုလည္း ေဆြးေႏြးသြားဖို႔ ရွိေနပါတယ္။