လီဗာပူးအသင်းက လာမယ့် စနေနေ့အတွင်း အန်ဖီးကွင်းမှာပဲ ချစ်ကြည်ရေးပွဲတစ်ပွဲ ကစားလို့ရနိုင်ဖို့ မျှော်လင့်နေပြီး စတင် စီစဉ်နေပြီလို့ မာဆေးဆိုဒ် အခြေစိုက် သတင်းဌာနက ဖော်ပြပါတယ်။

ဒီပွဲဟာ စက်တင်ဘာလ ၁၂ ရက်နေ့ လိဒ်နဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲ မတိုင်ခင် နောက်ဆုံးသော ချစ်ကြည်ရေးပွဲ ဖြစ်လာမှာဖြစ်တယ်။ ပထမအသင်း ကစားသမား အများအပြားက လက်ရွေးစင်အသင်းတွေထံ သွားရမှာဖြစ်ပေမယ့် အာရှ၊ အာဖရိကနဲ့ တောင်အမေရိက ကစားသမားတွေကတော့ လက်ရွေးစင်အသင်းတွေထံ ပူးပေါင်းရမယ့် ကိစ္စတွေ မရှိပါဘူး။

ဘရိုက်တန်နဲ့ ချယ်ဆီးတို့ ယှဉ်ပြိုင်တဲ့ ပွဲတုန်းက ကွင်းထဲကို ပရိသတ်တွေ ဝင်ခွင့်ပြုခဲ့တယ်။ လီဗာပူးကတော့ ချစ်ကြည်ရေးပွဲမှာ ပရိသတ်တွေ ဝင်ခွင့်ပေးသွားဖို့ မရှိပါဘူး။ လက်ရှိမှာ ပြိုင်ဘက်အသင်းကို ရှာဖွေနေပြီး အသင်းကြီးဖြစ်မလာ မည်သည့်အသင်း ဖြစ်မလဲဆိုတာကို သေချာစွာ သိလာရခြင်း မရှိသေးတာဖြစ်တယ်။

လီဗာပူးအသင်းဟာ သြစတြီးယား ရာသီကြို ခရီးစဉ်ကို သွားရောက်ခဲ့ကာ ၁၀ ရက်လောက် ပူးပေါင်းလေ့ကျင့်ခွင့်ရထားတယ်။ စတုဂတ်၊ ဆဲလ်ဘတ်အသင်းတို့နဲ့ ချစ်ကြည်ရေးပွဲ ကစားထားပြီး အာဆင်နယ်နဲ့ ကွန်မြူနတီဒိုင်းပွဲ ကစားထားပါတယ်။ ဒါပေမယ့် ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအရ နောက်ထပ် ပွဲကစားခွင့်ရဖို့ လိုအပ်နေသေးတယ်လို့ ကလော့ပ်နဲ့ နည်းပြအဖွဲ့က မြင်ပါတယ်။

အန်ဖီးက ချစ်ကြည်ရေးပွဲမှာ အဓိက တိုက်စစ်သမား သုံးဦး အပြင် မီနာမီနို၊ အယ်လီဆန်၊ ဖာဘင်ညို၊ မီလ်နာတို့ ပါဝင်ကစားနိုင်မှာဖြစ်ကာ ဒဏ်ရာက ပြန်သက်သာလာနေတဲ့ ဟန်ဒါဆန်၊ မာတစ်တို့ ဝင်ကစားမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းက လာမယ့္ စေနေန႔အတြင္း အန္ဖီးကြင္းမွာပဲ ခ်စ္ၾကည္ေရးပြဲတစ္ပြဲ ကစားလို႔ရႏုိင္ဖို႔ ေမွ်ာ္လင့္ေနျပီး စတင္ စီစဥ္ေနျပီလို႔ မာေဆးဆိုဒ္ အေျခစိုက္ သတင္းဌာနက ေဖာ္ျပပါတယ္။

ဒီပြဲဟာ စက္တင္ဘာလ ၁၂ ရက္ေန႔ လိဒ္နဲ႔ ယွဥ္ျပိဳင္ရမယ့္ ပရီးမီးယားလိဂ္ အဖြင့္ပြဲ မတိုင္ခင္ ေနာက္ဆံုးေသာ ခ်စ္ၾကည္ေရးပြဲ ျဖစ္လာမွာျဖစ္တယ္။ ပထမအသင္း ကစားသမား အမ်ားအျပားက လက္ေရြးစင္အသင္းေတြထံ သြားရမွာျဖစ္ေပမယ့္ အာရွ၊ အာဖရိကနဲ႔ ေတာင္အေမရိက ကစားသမားေတြကေတာ့ လက္ေရြးစင္အသင္းေတြထံ ပူးေပါင္းရမယ့္ ကိစၥေတြ မရွိပါဘူး။

ဘရိုက္တန္နဲ႔ ခ်ယ္ဆီးတို႔ ယွဥ္ျပိဳင္တဲ့ ပြဲတုန္းက ကြင္းထဲကို ပရိသတ္ေတြ ဝင္ခြင့္ျပဳခဲ့တယ္။ လီဗာပူးကေတာ့ ခ်စ္ၾကည္ေရးပြဲမွာ ပရိသတ္ေတြ ဝင္ခြင့္ေပးသြားဖို႔ မရွိပါဘူး။ လက္ရွိမွာ ျပိဳင္ဘက္အသင္းကို ရွာေဖြေနျပီး အသင္းၾကီးျဖစ္မလာ မည္သည့္အသင္း ျဖစ္မလဲဆိုတာကို ေသခ်ာစြာ သိလာရျခင္း မရွိေသးတာျဖစ္တယ္။

လီဗာပူးအသင္းဟာ ၾသစၾတီးယား ရာသီၾကိဳ ခရီးစဥ္ကို သြားေရာက္ခဲ့ကာ ၁၀ ရက္ေလာက္ ပူးေပါင္းေလ့က်င့္ခြင့္ရထားတယ္။ စတုဂတ္၊ ဆဲလ္ဘတ္အသင္းတို႔နဲ႔ ခ်စ္ၾကည္ေရးပြဲ ကစားထားျပီး အာဆင္နယ္နဲ႔ ကြန္ျမဴနတီဒိုင္းပြဲ ကစားထားပါတယ္။ ဒါေပမယ့္ ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈအရ ေနာက္ထပ္ ပြဲကစားခြင့္ရဖို႔ လိုအပ္ေနေသးတယ္လို႔ ကေလာ့ပ္နဲ႔ နည္းျပအဖြဲ႔က ျမင္ပါတယ္။

အန္ဖီးက ခ်စ္ၾကည္ေရးပြဲမွာ အဓိက တိုက္စစ္သမား သံုးဦး အျပင္ မီနာမီႏို၊ အယ္လီဆန္၊ ဖာဘင္ညိဳ၊ မီလ္နာတို႔ ပါဝင္ကစားႏုိင္မွာျဖစ္ကာ ဒဏ္ရာက ျပန္သက္သာလာေနတဲ့ ဟန္ဒါဆန္၊ မာတစ္တို႔ ဝင္ကစားမလား ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။