ရာသီကြို ပြင်ဆင်မှုနဲ့ ကွန်မြူနတီဒိုင်းပွဲတွေ အဆုံးသတ်ခဲ့ပြီဖြစ်ကာ ရာသီသစ် စတင်လာပါတော့မယ်။ ဒါပေမယ့်လို့ အဆိုပါ ရာသီသစ်ပွဲတွေ မတိုင်ခင် နိုင်ငံတကာ သီတင်းပတ်ကို ပထမဆုံး ကျော်ဖြတ်ရမှာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်က ယှဉ်ပြိုင်ကစားရဦးမှာဖြစ်ကာ ကလပ်တွေက ကစားသမားတွေ စေလွှတ်ပေးရမှာပါ။ လီဗာပူးကလည်း စီနီယာကစားသမား ဒါဇင်လိုက်ကို လက်လွတ်ရမှာဖြစ်တယ်။ ဒါပေမယ့် ဥရောပ ကစားသမားတွေကိုပဲ လက်လွတ်ရမှာဖြစ်ကာ အာရှ၊ အာဖရိကနဲ့ တောင်အမေရိက ကစားသမားတွေကတော့ အသင်းမှာ ကျန်ရှိနေပါမယ်။

ကစားသမားတွေက ဥရောပ ဝန်းကျင်မှာပဲ ထွက်ကစားရမျာ ဖြစ်တာက သူတို့ရဲ့ ပွဲပမ်းနိုင်မှုအတွက် သက်ရောက်မှု မကြီးနိုင်ဘူးလို့ ယူဆရတယ်။ ဒဏ်ရာပြဿနာနဲ့ အခြားသော ကြံ့ခိုင်မှု ပြဿနာတွေကိုတော့ အရမ်းစိုးရိမ်မိကြောင်းကို ကလော့ပ်က ထုတ်ပြောထားပါတယ်။

အင်္ဂလန်အသင်းအတွက် ဂိုးမက်စ်နဲ့ ထရန့်။ စကော်တလန်အတွက် ရော်ဘတ်ဆန်။ နယ်သာလန်အတွက် ဗန်ဒိုက်နဲ့ ဝိုက်နယ်ဒမ်။ ဘယ်ဂျီယံအတွက် အိုရီဂီ။ ဂရိအတွက် ကိုစတက်။ ဝေလ်းအတွက် ဝီလီယမ်နဲ့ ဝဲလ်ဆန်။ ဆားဘီးယားအတွက် ဂရုဂျစ်။ အင်္ဂလန်ယူ-၂၁ အတွက် ဘရူးစတားတို့ကို လက်လွတ်ရမှာဖြစ်ကာ ကျန်ကစားသမားတွေကတော့ သက်တမ်းအလိုက် လူငယ်တွေဖြစ်ကြတယ်။

အီးလီးယော့နဲ့ ကားတစ်ဂျုံးတို့က သက်တမ်းအလိုက် အင်္ဂလန်အသင်းတွေမှာ ရွေးချယ် မခံခဲ့ရခြင်းက ကလော့ပ်အတွက် ရွေးချယ်စရာတွေ ဖြစ်လာပါမယ်။ နေးရှင်းလိဂ်ကို စက်တင်ဘာလ ၃-၅ မှာ ပွဲစဉ် ၁၊ စက်တင်ဘာလ ၆-၈ မှာ ပွဲစဉ် ၂ တွေ ယှဉ်ပြိုင်ရမှာပါ။ ဒါကြောင့် လက်ရွေးစင်တွေထံ ထွက်ခွာသွားမယ့် ကစားသမားတွေက လိဒ်နဲ့ ပွဲမစခင် ၃ ရက်ဖြစ်တဲ့ စက်တင်ဘာလ ၉ ရက်နေ့မှာ မဲဝုဒ်ကို ပြန်ရောက်လာကြမှာ ဖြစ်ပါတယ်။

မဲဝုဒ်မှာ ကျန်ရစ်ခဲ့မယ့် ကစားသမားများ: Henderson (ဒူးဒဏ်ရာ), Oxlade-Chamberlain (ဒူးဒဏ်ရာ), Milner , Adrian, Salah, Mane, Alisson, Firmino, Fabinho, Matip (ခြေချောင်းဒဏ်ရာ), Keita, Minamino, Shaqiri (ဒဏ်ရာ), Elliott, Jones.

ZAWGYI

ရာသီၾကိဳ ျပင္ဆင္မႈနဲ႔ ကြန္ျမဴနတီဒိုင္းပြဲေတြ အဆံုးသတ္ခဲ့ျပီျဖစ္ကာ ရာသီသစ္ စတင္လာပါေတာ့မယ္။ ဒါေပမယ့္လို႔ အဆိုပါ ရာသီသစ္ပြဲေတြ မတိုင္ခင္ ႏုိင္ငံတကာ သီတင္းပတ္ကို ပထမဆံုး ေက်ာ္ျဖတ္ရမွာျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအ ေနးရွင္းလိဂ္က ယွဥ္ျပိဳင္ကစားရဦးမွာျဖစ္ကာ ကလပ္ေတြက ကစားသမားေတြ ေစလႊတ္ေပးရမွာပါ။ လီဗာပူးကလည္း စီနီယာကစားသမား ဒါဇင္လိုက္ကို လက္လြတ္ရမွာျဖစ္တယ္။ ဒါေပမယ့္ ဥေရာပ ကစားသမားေတြကိုပဲ လက္လြတ္ရမွာျဖစ္ကာ အာရွ၊ အာဖရိကနဲ႔ ေတာင္အေမရိက ကစားသမားေတြကေတာ့ အသင္းမွာ က်န္ရွိေနပါမယ္။

ကစားသမားေတြက ဥေရာပ ဝန္းက်င္မွာပဲ ထြက္ကစားရမ်ာ ျဖစ္တာက သူတို႔ရဲ႕ ပြဲပမ္းႏုိင္မႈအတြက္ သက္ေရာက္မႈ မၾကီးႏုိင္ဘူးလို႔ ယူဆရတယ္။ ဒဏ္ရာျပႆနာနဲ႔ အျခားေသာ ၾကံ႕ခိုင္မႈ ျပႆနာေတြကိုေတာ့ အရမ္းစိုးရိမ္မိေၾကာင္းကို ကေလာ့ပ္က ထုတ္ေျပာထားပါတယ္။

အဂၤလန္အသင္းအတြက္ ဂိုးမက္စ္နဲ႔ ထရန္႔။ စေကာ္တလန္အတြက္ ေရာ္ဘတ္ဆန္။ နယ္သာလန္အတြက္ ဗန္ဒိုက္နဲ႔ ဝိုက္နယ္ဒမ္။ ဘယ္ဂ်ီယံအတြက္ အိုရီဂီ။ ဂရိအတြက္ ကိုစတက္။ ေဝလ္းအတြက္ ဝီလီယမ္နဲ႔ ဝဲလ္ဆန္။ ဆားဘီးယားအတြက္ ဂရုဂ်စ္။ အဂၤလန္ယူ-၂၁ အတြက္ ဘရူးစတားတို႔ကို လက္လြတ္ရမွာျဖစ္ကာ က်န္ကစားသမားေတြကေတာ့ သက္တမ္းအလိုက္ လူငယ္ေတြျဖစ္ၾကတယ္။

အီးလီးေယာ့နဲ႔ ကားတစ္ဂ်ံဳးတို႔က သက္တမ္းအလိုက္ အဂၤလန္အသင္းေတြမွာ ေရြးခ်ယ္ မခံခဲ့ရျခင္းက ကေလာ့ပ္အတြက္ ေရြးခ်ယ္စရာေတြ ျဖစ္လာပါမယ္။ ေနးရွင္းလိဂ္ကို စက္တင္ဘာလ ၃-၅ မွာ ပြဲစဥ္ ၁၊ စက္တင္ဘာလ ၆-၈ မွာ ပြဲစဥ္ ၂ ေတြ ယွဥ္ျပိဳင္ရမွာပါ။ ဒါေၾကာင့္ လက္ေရြးစင္ေတြထံ ထြက္ခြာသြားမယ့္ ကစားသမားေတြက လိဒ္နဲ႔ ပြဲမစခင္ ၃ ရက္ျဖစ္တဲ့ စက္တင္ဘာလ ၉ ရက္ေန႔မွာ မဲဝုဒ္ကို ျပန္ေရာက္လာၾကမွာ ျဖစ္ပါတယ္။

မဲဝုဒ္မွာ က်န္ရစ္ခဲ့မယ့္ ကစားသမားမ်ား: Henderson (ဒူးဒဏ္ရာ), Oxlade-Chamberlain (ဒူးဒဏ္ရာ), Milner , Adrian, Salah, Mane, Alisson, Firmino, Fabinho, Matip (ေျခေခ်ာင္းဒဏ္ရာ), Keita, Minamino, Shaqiri (ဒဏ္ရာ), Elliott, Jones.