အင်္ဂါနေ့မှာတော့ ပရီးမီးယားလိဂ် ရှယ်ယာရှင်များ အစည်းအဝေးအတွင်း လာမယ့်ရာသီ လူစားလဲမှု ၅ ခု ပြုလုပ်နိုင်ရေး ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ The Times က ဖော်ပြပါတယ်။

သြဂုတ်လ ပထမအပတ်တုန်းက ပြုလုပ်တဲ့ ပရီးမီးယားလိဂ် ရှယ်ယာရှင်များ အစည်းအဝေးမှာ လာမယ့်ရာသီ လူစားလဲမှု ၅ ခု ဆက်လုပ်ခွင့်အတွက် မဲပေးမှုက အရေးနိမ့်သွားပါတယ်။ လာမယ့်ရာသီမှာ ပွဲနေ့ လူစာရင်း ၁၈ ဦးပဲ ပြန်ထားရမှာဖြစ်ကာ လူစားလဲမှုက ပုံမှန်အတိုင်း ၃ ဦးပဲ ရှိမှာဖြစ်တယ်။ ဒါပေမယ့်လို့ နောက်ဆက်တွဲ ဆွေးနွေးမှုတွေကို ဆက်လုပ်မယ့်သဘော ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် တန်းတက်ကလပ် သုံးသင်းနဲ့ အသင်းငယ်တွေက ပွဲနေ့ လူစာရင်း ၂၀ ထိ ထားရှိမှုနဲ့ လူစားလဲမှု ၅ ခုထိ ခွင့်ပြုခြင်းဟာ အရန်စာရင်း တောင့်တင်းမှု အပြည့်ရှိတဲ့ အသင်းကြီးတွေကို ပိုမို အခွင့်အရေးသာစေမယ်လို့ ယူဆခြင်းကြောင့် ကန့်ကွက်မဲတွေ ပေးခဲ့ကြခြင်းဖြစ်ပါတယ်။

ကလော့ပ်ကိုယ်တိုင်က “ ကျနေ်ာတို့က အရင်ရာသီတွေထက် ၄ ပတ် ပိုတိုတဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းရပါမယ်။ ဒါကတင်ပဲ အရမ်းကို စကားပြောနေပါပြီ။ အခြားသော ပြိုင်ပွဲတွေကလည်း အတူတူပဲ ဆက်ရှိပါမယ်။ ဆိုလိုတာက အကူအညီတွေ လိုလာမယ့် သဘောဖြစ်ပါတယ်။ အခြားအသင်းတွေကတော့ မတူညီတဲ့ အမြင်တွေ မြင်နေကြတာကို ကျနော် ခန့်မှန်းမိပါတယ်။ ဒါပေမယ့် လူစားလဲမှု ၅ ခုကို အသာစီးရတဲ့ ကိစ္စလို့ ဘယ်တုန်းကမှ မတွေးထားပါဘူး ” လို့ ဆိုခဲ့တယ်။

ချယ်ဆီး၊ မန်စီးတီး၊ ယူနိုက်တက် အပြင် လီဗာပူးပါ ပါဝင်တဲ့ ကြီး ၆ ကြီး ကလပ်တွေကတော့ လူစားလဲမှု ၅ ခု ရရေးကို ဆက်လက် တိုက်ပွဲဝင်မယ့်သဘော ဖြစ်ပါတယ်။ ဒီအတွက် တန်းဆင်းဇုန် ရုန်းအားရှိမယ့် ကလပ် ၆ သင်းကလည်း အမာခံ ကန့်ကွက်သွားမှာဖြစ်ပါတယ်။

ZAWGYI

အဂၤါေန႔မွာေတာ့ ပရီးမီးယားလိဂ္ ရွယ္ယာရွင္မ်ား အစည္းအေဝးအတြင္း လာမယ့္ရာသီ လူစားလဲမႈ ၅ ခု ျပဳလုပ္ႏုိင္ေရး ေဆြးေႏြးသြားမွာ ျဖစ္တယ္လို႔ The Times က ေဖာ္ျပပါတယ္။

ၾသဂုတ္လ ပထမအပတ္တုန္းက ျပဳလုပ္တဲ့ ပရီးမီးယားလိဂ္ ရွယ္ယာရွင္မ်ား အစည္းအေဝးမွာ လာမယ့္ရာသီ လူစားလဲမႈ ၅ ခု ဆက္လုပ္ခြင့္အတြက္ မဲေပးမႈက အေရးနိမ့္သြားပါတယ္။ လာမယ့္ရာသီမွာ ပြဲေန႔ လူစာရင္း ၁၈ ဦးပဲ ျပန္ထားရမွာျဖစ္ကာ လူစားလဲမႈက ပုံမွန္အတိုင္း ၃ ဦးပဲ ရွိမွာျဖစ္တယ္။ ဒါေပမယ့္လို႔ ေနာက္ဆက္တြဲ ေဆြးေႏြးမႈေတြကို ဆက္လုပ္မယ့္သေဘာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ တန္းတက္ကလပ္ သုံးသင္းနဲ႔ အသင္းငယ္ေတြက ပြဲေန႔ လူစာရင္း ၂၀ ထိ ထားရွိမႈနဲ႔ လူစားလဲမႈ ၅ ခုထိ ခြင့္ျပဳျခင္းဟာ အရန္စာရင္း ေတာင့္တင္းမႈ အျပည့္ရွိတဲ့ အသင္းႀကီးေတြကို ပိုမို အခြင့္အေရးသာေစမယ္လို႔ ယူဆျခင္းေၾကာင့္ ကန႔္ကြက္မဲေတြ ေပးခဲ့ၾကျခင္းျဖစ္ပါတယ္။

ကေလာ့ပ္ကိုယ္တိုင္က “ က်ေန္ာတို႔က အရင္ရာသီေတြထက္ ၄ ပတ္ ပိုတိုတဲ့ ပရီးမီးယားလိဂ္ ေဘာလံုးရာသီတစ္ခုကို ျဖတ္သန္းရပါမယ္။ ဒါကတင္ပဲ အရမ္းကို စကားေျပာေနပါျပီ။ အျခားေသာ ျပိဳင္ပြဲေတြကလည္း အတူတူပဲ ဆက္ရွိပါမယ္။ ဆိုလိုတာက အကူအညီေတြ လိုလာမယ့္ သေဘာျဖစ္ပါတယ္။ အျခားအသင္းေတြကေတာ့ မတူညီတဲ့ အျမင္ေတြ ျမင္ေနၾကတာကို က်ေနာ္ ခန္႔မွန္းမိပါတယ္။ ဒါေပမယ့္ လူစားလဲမႈ ၅ ခုကို အသာစီးရတဲ့ ကိစၥလို႔ ဘယ္တုန္းကမွ မေတြးထားပါဘူး ” လို႔ ဆိုခဲ့တယ္။

ခ်ယ္ဆီး၊ မန္စီးတီး၊ ယူႏုိက္တက္ အျပင္ လီဗာပူးပါ ပါဝင္တဲ့ ၾကီး ၆ ၾကီး ကလပ္ေတြကေတာ့ လူစားလဲမႈ ၅ ခု ရေရးကို ဆက္လက္ တိုက္ပြဲဝင္မယ့္သေဘာ ျဖစ္ပါတယ္။ ဒီအတြက္ တန္းဆင္းဇုန္ ရုန္းအားရွိမယ့္ ကလပ္ ၆ သင္းကလည္း အမာခံ ကန္႔ကြက္သြားမွာျဖစ္ပါတယ္။