စပိန်ဂန္တဝင်ကြီး ဇာဗီက ကမ္ဘာအကောင်းဆုံး ဗဟိုခံစစ်မှူးက ဘယ်သူလဲလို့ မေးမြန်းခံရရာမှာ ဗန်ဒိုက်လို့ ပြန်လည် ဖြေဆိုမှု လုပ်ပေးခဲ့ပါတယ်။

ကာတာကလပ် Al Sadd အသင်းရဲ့ မန်နေဂျာဖြစ်သူ ဇာဗီကတော့ အကောင်းဆုံး ကွင်းလယ်အဖြစ် မန်စီးတီးက ဒီဘရိုင်းက ပြိုင်ဘက် ကွင်းလယ်တွေထက် တစ်ပန်းသာနေတယ်ဆိုတဲ့ ချီးကျူးမှု လုပ်ခဲ့သလိုပဲ ခံစစ်ထဲမှာတော့ ဗဟိုခံစစ်မျူး ဗန်ဒိုက်က ခေါင်းတစ်လုံးသာနေတဲ့ ကစားသမားအဖြစ် မြင်ကြောင်း ဆိုခဲ့တာဖြစ်တယ်။

ဗန်ဒိုက်ရဲ့ အားသာချက်နဲ့ ပက်သက်လို့ ထင်သာမြင်သာရှိအောင် ဖော်ပြရာမှာ ” အကောင်းဆုံး ဗဟိုခံစစ်မှူးအဖြစ် ဗန်ဒိုက်ကို ဘာလို့ ရွေးချယ်ရလဲဆိုရင် သူ့ရဲ့ ခေါင်းဆောင်နိုင်စွမ်း၊ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုနဲ့ နည်းစနစ်ပိုင်း ကောင်းမွန်မှုတွေကြောင့် ဖြစ်ပါတယ် ” လို့ ဇာဗီက ဆိုခဲ့တာဖြစ်တယ်။

၂၀၁၈ ခုနှစ်တုန်းက ဆောက်သမ်တန်ကနေ လီဗာပူးကို ဗဟိုခံစစ်မှူးအတွက် ကမ္ဘာစံချိန်တင်ကြေးဖြင့် ပြောင်းရွှေ့ခဲ့တဲ့ ဗန်ဒိုက်ဟာ ဥရောပမှာ လီဗာပူးအသင်း ပြန်လည် အောင်မြင်လာဖို့ အဓိကကျသူ တစ်ဦးလည်း ဖြစ်ခဲ့တယ်။ ဗန်ဒိုက်ဟာ လီဗာပူးရဲ့ လုပ်ခ အမြင့်ဆုံး ကစားသမား ၂ ဦးထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေး၊ လုပ်ခအားတွေနဲ့ ကိုက်ညီအောင်ပဲ ဗန်ဒိုက်ဟာ လီဗာပူးအတွက် ပရီးမီးယားလိဂ် ၁၂၃ ပွဲအတွင်း ကိုယ်တိုင် ၁၂ ဂိုး သွင်းကာ ဂိုးထောက်ပံ့မှု ၆ ကြိမ်ထိ လုပ်ပေးထားခဲ့တယ်။ သူဟာ လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ဆုဖလားတွေ အပါအဝင် ဆုဖလား ၄ လုံးကို အောင်မြင်ခဲ့ပါတယ်။

ZAWGYI

စပိန္ဂႏၱဝင္ၾကီး ဇာဗီက ကမၻာအေကာင္းဆံုး ဗဟိုခံစစ္မွဴးက ဘယ္သူလဲလို႔ ေမးျမန္းခံရရာမွာ ဗန္ဒိုက္လို႔ ျပန္လည္ ေျဖဆိုမႈ လုပ္ေပးခဲ့ပါတယ္။

ကာတာကလပ္ Al Sadd အသင္းရဲ႕ မန္ေနဂ်ာျဖစ္သူ ဇာဗီကေတာ့ အေကာင္းဆံုး ကြင္းလယ္အျဖစ္ မန္စီးတီးက ဒီဘရိုင္းက ျပိဳင္ဘက္ ကြင္းလယ္ေတြထက္ တစ္ပန္းသာေနတယ္ဆိုတဲ့ ခ်ီးက်ဴးမႈ လုပ္ခဲ့သလိုပဲ ခံစစ္ထဲမွာေတာ့ ဗဟိုခံစစ္မ်ဴး ဗန္ဒိုက္က ေခါင္းတစ္လံုးသာေနတဲ့ ကစားသမားအျဖစ္ ျမင္ေၾကာင္း ဆိုခဲ့တာျဖစ္တယ္။

ဗန္ဒိုက္ရဲ႕ အားသာခ်က္နဲ႔ ပက္သက္လို႔ ထင္သာျမင္သာရွိေအာင္ ေဖာ္ျပရာမွာ ” အေကာင္းဆံုး ဗဟိုခံစစ္မွဴးအျဖစ္ ဗန္ဒိုက္ကို ဘာလို႔ ေရြးခ်ယ္ရလဲဆိုရင္ သူ႔ရဲ႕ ေခါင္းေဆာင္ႏုိင္စြမ္း၊ ရုပ္ပိုင္းဆိုင္ရာ သန္မာမႈနဲ႔ နည္းစနစ္ပိုင္း ေကာင္းမြန္မႈေတြေၾကာင့္ ျဖစ္ပါတယ္ ” လို႔ ဇာဗီက ဆိုခဲ့တာျဖစ္တယ္။

၂၀၁၈ ခုႏွစ္တုန္းက ေဆာက္သမ္တန္ကေန လီဗာပူးကို ဗဟိုခံစစ္မွဴးအတြက္ ကမၻာစံခ်ိန္တင္ေၾကးျဖင့္ ေျပာင္းေရႊ႔ခဲ့တဲ့ ဗန္ဒိုက္ဟာ ဥေရာပမွာ လီဗာပူးအသင္း ျပန္လည္ ေအာင္ျမင္လာဖို႔ အဓိကက်သူ တစ္ဦးလည္း ျဖစ္ခဲ့တယ္။ ဗန္ဒိုက္ဟာ လီဗာပူးရဲ႕ လုပ္ခ အျမင့္ဆံုး ကစားသမား ၂ ဦးထဲက တစ္ဦးလည္း ျဖစ္ပါတယ္။

ေပးခဲ့ရတဲ့ ေျပာင္းေရႊ႔ေၾကး၊ လုပ္ခအားေတြနဲ႔ ကိုက္ညီေအာင္ပဲ ဗန္ဒိုက္ဟာ လီဗာပူးအတြက္ ပရီးမီးယားလိဂ္ ၁၂၃ ပြဲအတြင္း ကိုယ္တိုင္ ၁၂ ဂိုး သြင္းကာ ဂိုးေထာက္ပံ့မႈ ၆ ၾကိမ္ထိ လုပ္ေပးထားခဲ့တယ္။ သူဟာ လီဗာပူးနဲ႔အတူ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ ဆုဖလားေတြ အပါအဝင္ ဆုဖလား ၄ လံုးကို ေအာင္ျမင္ခဲ့ပါတယ္။