လီဗာပူး လူငယ်ကစားသမား ဘီလီ ကိုမူချီယိုရဲ့ နာမည်သတင်းကတော့ သတင်းကောင်းတွေ ပိုမိုပျံ့နှံ့လာနေပြီး သူ့ရဲ့ အစွမ်းအစကို စီနီယာကစားသမားတွေ ကိုယ်တိုင်က အတော်လေး အထင်ကြီးနေတယ်လို့ The Athletic က ဖော်ပြပါတယ်။

ကွန်မြူနတီဒိုင်းပွဲမှာ လူစားဝင်ကစားခွင့် မရခဲ့ပေမယ့် အရန်ခုံမှာ တစ်ဦးတည်းသော ဗဟိုခံစစ်မှူးအဖြစ် ဘီလီကို ထည့်သွင်းခဲ့တယ်။ မာတစ် မပါနိုင်ချိန်မှာ ဗန်ဒန်ဘယ်ရာ၊ ဟိုဗာနဲ့ နေးဖိလစ်တို့ ရှိပါလျက်နဲ့ ဘီလီကိုပဲ ခေါ်ယူလာခဲ့ခြင်းကြောင့် ဒီကောင်လေးအပေါ် နည်းပြအဖွဲ့ရဲ့ သဘောထားကို ပရိသတ်တွေ ကိုယ်တိုင်က ရိပ်စားမိခဲ့ကြတာဖြစ်တယ်။

သြစတြီးယားက ၂ ပတ်ကြာ ရာသီကြိုမှာ ဘီလီရဲ့ ပါဝင်နိုင်စွမ်းကို မန်နေဂျာကလော့ပ်က သဘောကျခဲ့ကာ စီနီယာအသင်းသားတွေကလည်း အထင်ကြီးခဲ့တယ်လို့ The Athletic သတင်းထောက် James Pearce က ပြောပါတယ်။ အဆိုပါ လေ့ကျင့်ရေးမှာပဲ အကယ်ဒမီမှာ နာမည်ရထားပြီးတဲ့ ကောင်လေးက စီနီယာတွေကြား သူ့နာမည်ကို မှတ်မိစေကာ အားလုံးရဲ့ သဘောကျမှုကို တိုးမြင့်ရအောင် ကြိုးစားနိုင်ခဲ့တယ်လို့ James Pearce က ပြောပြခဲ့တယ်။

မနှစ်ကမှ လီဗာပူးနဲ့ ပူးပေါင်းထားတဲ့ ဘီလီဟာ ရာသီကြိုအတွင်း နာမည် ကျော်ကြားမှု အရမ်းကို အားကောင်းလာခဲ့ကာ အန်ဖီးကလပ်ရဲ့ “over-hyping kids” အဆင့်ထိကို ရောက်လာခဲ့ပါတယ်။ ဒါကြောင့်လည်း အင်္ဂလန် သတင်းဌာနကြီးတွေ ကိုယ်တိုင်က လီဗာပူးရဲ့ အထွန်းတောက်ဆုံး ကြယ်ပွင့်ဖြစ်လာမယ့် ဘီလီ ကိုမူချီရာက ဘယ်သူလဲဆိုတာကို ဖော်ထုတ် ရေးသားမှုတွေ ဆက်တိုက် ရှိလာခဲ့တယ်။

ရုပ်ပိုင်းဆိုင်ရာမှာ ကာလတိုအတွင်း ဘီလီရဲ့ တိုးတက်လာမှုနဲ့ အရွယ်နဲ့ မလိုက်တဲ့ ရင့်ကျက်မှုက မန်နေဂျာကလော့ပ် ဦးဆောင်တဲ့ နည်းပြအဖွဲ့ကို သဘောတွေ့စေခဲ့တယ်။ လီဗာပူးနည်းပြ အဖွဲ့ဝင်တွေက ဘီလီကို ပွဲပိုကစားရစေဖို့ ယူ-၂၃ အသင်းထံ ပို့မှာဖြစ်ကာ ပရီးမီးယားလိဂ်-၂ ပြိုင်ပွဲနဲ့ လူငယ် ချန်ပီယံလိဂ် ပြိုင်ပွဲတွေကိုလည်း ပါဝင်စေပါမယ်။

ဗန်ဒန်ဘယ်ရာနဲ့ ဟိုဗာတို့ကို အငှားချဖို့ စဉ်းစားရင်တောင် ၁၇ နှစ်သားလေး ဘီလီကိုတော့ အငှားချမှာ မဟုတ်ဘဲ လာမယ့်ရာသီမှာ ပြင်သစ်သားလေးဟာ စီနီယာအသင်းထံ လာရောက်ကာ လေ့ကျင့်ရေးဆင်းမှုတွေမှာလည်း ပူးပေါင်းသွားရမယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူး လူငယ္ကစားသမား ဘီလီ ကိုမူခ်ီယိုရဲ႕ နာမည္သတင္းကေတာ့ သတင္းေကာင္းေတြ ပိုမိုပ်ံ႔ႏွံ႔လာေနျပီး သူ႔ရဲ႕ အစြမ္းအစကို စီနီယာကစားသမားေတြ ကိုယ္တုိင္က အေတာ္ေလး အထင္ၾကီးေနတယ္လုိ႔ The Athletic က ေဖာ္ျပပါတယ္။

ကြန္ျမဴနတီဒိုင္းပြဲမွာ လူစားဝင္ကစားခြင့္ မရခဲ့ေပမယ့္ အရန္ခံုမွာ တစ္ဦးတည္းေသာ ဗဟိုခံစစ္မွဴးအျဖစ္ ဘီလီကို ထည့္သြင္းခဲ့တယ္။ မာတစ္ မပါႏုိင္ခ်ိန္မွာ ဗန္ဒန္ဘယ္ရာ၊ ဟိုဗာနဲ႔ ေနးဖိလစ္တို႔ ရွိပါလ်က္နဲ႔ ဘီလီကိုပဲ ေခၚယူလာခဲ့ျခင္းေၾကာင့္ ဒီေကာင္ေလးအေပၚ နည္းျပအဖြဲ႔ရဲ႕ သေဘာထားကို ပရိသတ္ေတြ ကိုယ္တိုင္က ရိပ္စားမိခဲ့ၾကတာျဖစ္တယ္။

ၾသစၾတီးယားက ၂ ပတ္ၾကာ ရာသီၾကိဳမွာ ဘီလီရဲ႕ ပါဝင္ႏုိင္စြမ္းကို မန္ေနဂ်ာကေလာ့ပ္က သေဘာက်ခဲ့ကာ စီနီယာအသင္းသားေတြကလည္း အထင္ၾကီးခဲ့တယ္လို႔ The Athletic သတင္းေထာက္ James Pearce က ေျပာပါတယ္။ အဆိုပါ ေလ့က်င့္ေရးမွာပဲ အကယ္ဒမီမွာ နာမည္ရထားျပီးတဲ့ ေကာင္ေလးက စီနီယာေတြၾကား သူ႔နာမည္ကို မွတ္မိေစကာ အားလံုးရဲ႕ သေဘာက်မႈကို တိုးျမင့္ရေအာင္ ၾကိဳးစားႏုိင္ခဲ့တယ္လို႔ James Pearce က ေျပာျပခဲ့တယ္။

မႏွစ္ကမွ လီဗာပူးနဲ႔ ပူးေပါင္းထားတဲ့ ဘီလီဟာ ရာသီၾကိဳအတြင္း နာမည္ ေက်ာ္ၾကားမႈ အရမ္းကို အားေကာင္းလာခဲ့ကာ အန္ဖီးကလပ္ရဲ႕ “over-hyping kids” အဆင့္ထိကို ေရာက္လာခဲ့ပါတယ္။ ဒါေၾကာင့္လည္း အဂၤလန္ သတင္းဌာနၾကီးေတြ ကိုယ္တုိင္က လီဗာပူးရဲ႕ အထြန္းေတာက္ဆံုး ၾကယ္ပြင့္ျဖစ္လာမယ့္ ဘီလီ ကိုမူခ်ီရာက ဘယ္သူလဲဆိုတာကို ေဖာ္ထုတ္ ေရးသားမႈေတြ ဆက္တိုက္ ရွိလာခဲ့တယ္။

ရုပ္ပိုင္းဆိုင္ရာမွာ ကာလတိုအတြင္း ဘီလီရဲ႕ တိုးတက္လာမႈနဲ႔ အရြယ္နဲ႔ မလိုက္တဲ့ ရင့္က်က္မႈက မန္ေနဂ်ာကေလာ့ပ္ ဦးေဆာင္တဲ့ နည္းျပအဖြဲ႔ကို သေဘာေတြ႔ေစခဲ့တယ္။ လီဗာပူးနည္းျပ အဖြဲ႔ဝင္ေတြက ဘီလီကို ပြဲပိုကစားရေစဖို႔ ယူ-၂၃ အသင္းထံ ပို႔မွာျဖစ္ကာ ပရီးမီးယားလိဂ္-၂ ျပိဳင္ပြဲနဲ႔ လူငယ္ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲေတြကိုလည္း ပါဝင္ေစပါမယ္။

ဗန္ဒန္ဘယ္ရာနဲ႔ ဟိုဗာတို႔ကို အငွားခ်ဖို႔ စဥ္းစားရင္ေတာင္ ၁၇ နွစ္သားေလး ဘီလီကိုေတာ့ အငွားခ်မွာ မဟုတ္ဘဲ လာမယ့္ရာသီမွာ ျပင္သစ္သားေလးဟာ စီနီယာအသင္းထံ လာေရာက္ကာ ေလ့က်င့္ေရးဆင္းမႈေတြမွာလည္း ပူးေပါင္းသြားရမယ္လို႔ သိရပါတယ္။