လန်ဒန်ကလပ် ဖူလ်ဟမ်ကနေ လီဗာပူးကို ပြောင်းရွှေ့လာခဲ့ဖူးတဲ့ ကွန်ချက်စကီးကတော့ အန်ဖီးအခြေစိုက် မြို့ဟာ အရမ်းကို သေးငယ်တဲ့ မြို့ငယ်လေးပါလို့ ထုတ်ပြောလိုက်ပါတယ်။

ဗြိတိန်ဘောလုံးလောကမှာ အထင်ကရ မြို့ဖြစ်တဲ့ လီဗာပူးမြို့မှာတော့ လီဗာပူးဘောလုံးအသင်း အခြေစိုက်ပါတယ်။ ဥရောပမှာ တတိယမြောက် အောင်မြင်မှု အများဆုံး အသင်းအဖြစ် မှတ်တမ်းဝင်တဲ့ လီဗာပူးမြို့လေးဟာ အခြားသော မက်ဒရစ်၊ မီလန်၊ မြူနစ်တို့လို မြို့ကြီးတွေ မဟုတ်သလို လန်ဒန်မြို့နဲ့ နှိုင်းယှဉ်လို့မရတဲ့ မြို့ငယ်လေးသာဖြစ်ပါတယ်။

ကွန်ချက်စကီးက “ လီဗာပူး ဘောလုံးအသင်းက သမိုင်းမှာတော့ မယုံနိုင်လောက်တောင် အောင်မြင်မှုကို ရခဲ့တဲ့အသင်း ဖြစ်ပါတယ်။ ကျနော် ကစားခဲ့ရတဲ့ အသင်းတိုင်းကို နှစ်သက်ပါတယ်။ ဒါပေမယ့် လီဗာပူးလို ကလပ်က ကမ်းလှမ်းလာရင်တော့ ငြင်းဆန်ဖို့ ခက်ခဲတယ်လေ။ အဲ့ကို သွားကစားရမယ့် အခွင့်အရေးက အရမ်းကို ကောင်းတယ်လို့ ထင်တယ်။

လီဗာပူးမြို့မှာတော့ လီဗာပူးအသင်းကိုပဲ အားပေးပေး အဲဗာတန်ကိုပဲ အားပေးပေး သူတို့ ဘောလုံးကို မြတ်နိုးကြပါတယ်။ အနီရောင်တွေ အပြာရောင်တွေမှ မဟုတ်ပါဘူး။ လီဗာပူးမြို့က သိပ်ကို သေးငယ်တဲ့ မြို့လေးဖြစ်တယ်။ လန်ဒန်နဲ့ လုံးဝ ယှဉ်မရပါဘူး။ မြို့နှစ်မြို့မှာ လန်ဒန်က ရွေးချယ်စရာ ကလပ်တွေ အများကြီးနဲ့ မြို့ကြီးတစ်မြို့ ဖြစ်သလောက် လီဗာပူးကတော့ သေးငယ်လှပါတယ်။

လီဗာပူးမြို့မှာ လမ်းလျှောက်သွားရင် လူတိုင်းကလည်း ကိုယ်ကို မှတ်မိကြတယ် ဘာလို့လည်းဆိုတော့ သူတို့ ဘောလုံးကို နှစ်သက်ကြတယ်။ အဲ့တာက အခက်ခဲဆုံးပါပဲ။ ဒီမြို့သေးသေးလေးက ပရိသတ်တွေက သူတို့အသင်းရဲ့ ကစားသမားတွေကို ထိန်းချုပ်မောင်းနင်နိုင်စွမ်း ရှိတာကို ကျနော် မသိခဲ့ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ကွန်ချက်စကီးဟာ လီဗာပူးသမိုင်းမှာတော့ အဆိုးရွားဆုံး ခေါ်ယူမှုတွေထဲက တစ်ခု ဖြစ်ခဲ့သူပါ။ သူကတော့ မအောင်မြင်တဲ့ ကစားသမားဘဝကို ကျော်ဖြတ်ခဲ့ရပေမယ့် လီဗာပူးမှာ ကစားခဲ့ရတာကို ဂုဏ်ယူပါတယ်လို့ ပြောဆိုလေ့ရှိသူ ဖြစ်ပါတယ်။

ZAWGYI

လန္ဒန္ကလပ္ ဖူလ္ဟမ္ကေန လီဗာပူးကို ေျပာင္းေရႊ႔လာခဲ့ဖူးတဲ့ ကြန္ခ်က္စကီးကေတာ့ အန္ဖီးအေျခစိုက္ ျမိဳ႔ဟာ အရမ္းကို ေသးငယ္တဲ့ ျမိဳ႔ငယ္ေလးပါလို႔ ထုတ္ေျပာလိုက္ပါတယ္။

ျဗိတိန္ေဘာလံုးေလာကမွာ အထင္ကရ ျမိဳ႔ျဖစ္တဲ့ လီဗာပူးျမိဳ႕မွာေတာ့ လီဗာပူးေဘာလံုးအသင္း အေျခစိုက္ပါတယ္။ ဥေရာပမွာ တတိယေျမာက္ ေအာင္ျမင္မႈ အမ်ားဆံုး အသင္းအျဖစ္ မွတ္တမ္းဝင္တဲ့ လီဗာပူးျမိဳ႔ေလးဟာ အျခားေသာ မက္ဒရစ္၊ မီလန္၊ ျမဴနစ္တို႔လို ျမိဳ႔ၾကီးေတြ မဟုတ္သလို လန္ဒန္ျမိဳ႔နဲ႔ ႏိႈင္းယွဥ္လို႔မရတဲ့ ျမိဳ႔ငယ္ေလးသာျဖစ္ပါတယ္။

ကြန္ခ်က္စကီးက “ လီဗာပူး ေဘာလံုးအသင္းက သမိုင္းမွာေတာ့ မယံုႏုိင္ေလာက္ေတာင္ ေအာင္ျမင္မႈကို ရခဲ့တဲ့အသင္း ျဖစ္ပါတယ္။ က်ေနာ္ ကစားခဲ့ရတဲ့ အသင္းတိုင္းကို ႏွစ္သက္ပါတယ္။ ဒါေပမယ့္ လီဗာပူးလို ကလပ္က ကမ္းလွမ္းလာရင္ေတာ့ ျငင္းဆန္ဖို႔ ခက္ခဲတယ္ေလ။ အဲ့ကို သြားကစားရမယ့္ အခြင့္အေရးက အရမ္းကို ေကာင္းတယ္လို႔ ထင္တယ္။

လီဗာပူးျမိဳ႕မွာေတာ့ လီဗာပူးအသင္းကိုပဲ အားေပးေပး အဲဗာတန္ကိုပဲ အားေပးေပး သူတို႔ ေဘာလံုးကို ျမတ္ႏိုးၾကပါတယ္။ အနီေရာင္ေတြ အျပာေရာင္ေတြမွ မဟုတ္ပါဘူး။ လီဗာပူးျမိဳ႔က သိပ္ကို ေသးငယ္တဲ့ ျမိဳ႔ေလးျဖစ္တယ္။ လန္ဒန္နဲ႔ လံုးဝ ယွဥ္မရပါဘူး။ ျမိဳ႔ႏွစ္ျမိဳ႔မွာ လန္ဒန္က ေရြးခ်ယ္စရာ ကလပ္ေတြ အမ်ားၾကီးနဲ႔ ျမိဳ႔ၾကီးတစ္ျမိဳ႔ ျဖစ္သေလာက္ လီဗာပူးကေတာ့ ေသးငယ္လွပါတယ္။

လီဗာပူးျမိဳ႔မွာ လမ္းေလွ်ာက္သြားရင္ လူတိုင္းကလည္း ကိုယ္ကို မွတ္မိၾကတယ္ ဘာလို႔လည္းဆိုေတာ့ သူတို႔ ေဘာလံုးကို ႏွစ္သက္ၾကတယ္။ အဲ့တာက အခက္ခဲဆံုးပါပဲ။ ဒီျမိဳ႔ေသးေသးေလးက ပရိသတ္ေတြက သူတို႔အသင္းရဲ႕ ကစားသမားေတြကို ထိန္းခ်ဳပ္ေမာင္းနင္ႏိုင္စြမ္း ရွိတာကို က်ေနာ္ မသိခဲ့ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ကြန္ခ်က္စကီးဟာ လီဗာပူးသမိုင္းမွာေတာ့ အဆိုးရြားဆံုး ေခၚယူမႈေတြထဲက တစ္ခု ျဖစ္ခဲ့သူပါ။ သူကေတာ့ မေအာင္ျမင္တဲ့ ကစားသမားဘဝကို ေက်ာ္ျဖတ္ခဲ့ရေပမယ့္ လီဗာပူးမွာ ကစားခဲ့ရတာကို ဂုဏ္ယူပါတယ္လို႔ ေျပာဆိုေလ့ရွိသူ ျဖစ္ပါတယ္။