ပရီးမီးယားလိဂ် တန်းတက်ကလပ် လိဒ်ယူနိုက်တက်အသင်းဟာ လာဇီယိုအသင်းမှ လီဗာပူးကစားသမားဟောင်း လူးဝစ် အယ်ဘာတို့ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ လီဗာပူးဟာ အယ်ဘာတိုရဲ့ အနာဂတ် ပြောင်းရွှေ့မှုကနေ ၃၀% ရဖို့ရှိနေပါတယ်။

မန်နေဂျာဟောင်း ဘရန်ဒန်ရော်ဂျာ က“ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီတုန်းက ကျနေ်ာတို့ အသင်းခံစစ်လေးယောက်တန်းမှာ ဗန်ဒိုက်လို ကစားသမားမျိုး ရှိခဲ့ရင် အဲ့ရာသီ အမှတ်ပေးဖလားကို အနိုင်ရခဲ့မှာပါ။ ” လို့ မှတ်ချက်ပေးလိုက်ပါတယ်။

လီဗာပူးအကယ်ဒမီထွက် ဝုဗ်အသင်းခေါင်းဆောင် ကော်နာ ကော်ဒီဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံလိုက်ရပြီဖြစ်ပါတယ်။ သူဟာ လီဗာပူးမြို့သားစစ်စစ် တစ်ဦးလည်း ဖြစ်ပါတယ်။

လန်ဒန်ကလပ် ဖူလ်ဟမ်ကနေ လီဗာပူးကို ပြောင်းရွှေ့လာခဲ့ဖူးတဲ့ ကွန်ချက်စကီးကတော့ အန်ဖီးအခြေစိုက် မြို့ဟာ အရမ်းကို သေးငယ်တဲ့ မြို့ငယ်လေးပါလို့ ထုတ်ပြောလိုက်ပါတယ်။

လီဗာပူး လူငယ်ကစားသမား ဘီလီ ကိုမူချီယိုရဲ့ နာမည်သတင်းကတော့ သတင်းကောင်းတွေ ပိုမိုပျံ့နှံ့လာနေပြီး သူ့ရဲ့ အစွမ်းအစကို စီနီယာကစားသမားတွေ ကိုယ်တိုင်က အတော်လေး အထင်ကြီးနေတယ်လို့ The Athletic က ဖော်ပြပါတယ်။

စပိန်ဂန္တဝင်ကြီး ဇာဗီက ကမ္ဘာအကောင်းဆုံး ဗဟိုခံစစ်မှူးက ဘယ်သူလဲလို့ မေးမြန်းခံရရာမှာ ဗန်ဒိုက်လို့ ပြန်လည် ဖြေဆိုမှု လုပ်ပေးခဲ့ပါတယ်။

အင်္ဂါနေ့မှာတော့ ပရီးမီးယားလိဂ် ရှယ်ယာရှင်များ အစည်းအဝေးအတွင်း လာမယ့်ရာသီ လူစားလဲမှု ၅ ခု ပြုလုပ်နိုင်ရေး ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ The Times က ဖော်ပြပါတယ်။

တိုက်စစ်မှူးဟောင်း ပီတာခရော့က လီဗာပူးအသင်းဟာ ဒီနွေမှာ အင်အားဖြည့်မှုတွေကို သေချာပေါက် လုပ်ဆောင်သင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။

လီဗာပူးအသင်းက လာမယ့် စနေနေ့အတွင်း အန်ဖီးကွင်းမှာပဲ ချစ်ကြည်ရေးပွဲတစ်ပွဲ ကစားလို့ရနိုင်ဖို့ မျှော်လင့်နေပြီး စတင် စီစဉ်နေပြီလို့ မာဆေးဆိုဒ် အခြေစိုက် သတင်းဌာနက ဖော်ပြပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ တန္းတက္ကလပ္ လိဒ္ယူႏုိက္တက္အသင္းဟာ လာဇီယိုအသင္းမွ လီဗာပူးကစားသမားေဟာင္း လူးဝစ္ အယ္ဘာတို႔ကို ေခၚယူဖို႔ ၾကိဳးစားေနပါတယ္။ လီဗာပူးဟာ အယ္ဘာတိုရဲ႕ အနာဂတ္ ေျပာင္းေရႊ႔မႈကေန ၃၀% ရဖို႔ရွိေနပါတယ္။

မန္ေနဂ်ာေဟာင္း ဘရန္ဒန္ေရာ္ဂ်ာ က“ ၂၀၁၃-၂၀၁၄ ေဘာလုံးရာသီတုန္းက က်ေန္ာတို႔ အသင္းခံစစ္ေလးေယာက္တန္းမွာ ဗန္ဒိုက္လို ကစားသမားမ်ိဳး ရွိခဲ့ရင္ အဲ့ရာသီ အမွတ္ေပးဖလားကို အႏိုင္ရခဲ့မွာပါ။ ” လို႔ မွတ္ခ်က္ေပးလိုက္ပါတယ္။

လီဗာပူးအကယ္ဒမီထြက္ ဝုဗ္အသင္းေခါင္းေဆာင္ ေကာ္နာ ေကာ္ဒီဟာ အဂၤလန္လက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ခံလိုက္ရျပီျဖစ္ပါတယ္။ သူဟာ လီဗာပူးျမိဳ႔သားစစ္စစ္ တစ္ဦးလည္း ျဖစ္ပါတယ္။

လန္ဒန္ကလပ္ ဖူလ္ဟမ္ကေန လီဗာပူးကို ေျပာင္းေရႊ႔လာခဲ့ဖူးတဲ့ ကြန္ခ်က္စကီးကေတာ့ အန္ဖီးအေျခစိုက္ ျမိဳ႔ဟာ အရမ္းကို ေသးငယ္တဲ့ ျမိဳ႔ငယ္ေလးပါလို႔ ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူး လူငယ္ကစားသမား ဘီလီ ကိုမူခ်ီယိုရဲ႕ နာမည္သတင္းကေတာ့ သတင္းေကာင္းေတြ ပိုမိုပ်ံ႔ႏွံ႔လာေနျပီး သူ႔ရဲ႕ အစြမ္းအစကို စီနီယာကစားသမားေတြ ကိုယ္တုိင္က အေတာ္ေလး အထင္ၾကီးေနတယ္လုိ႔ The Athletic က ေဖာ္ျပပါတယ္။

စပိန္ဂႏၱဝင္ၾကီး ဇာဗီက ကမၻာအေကာင္းဆံုး ဗဟိုခံစစ္မွဴးက ဘယ္သူလဲလို႔ ေမးျမန္းခံရရာမွာ ဗန္ဒိုက္လို႔ ျပန္လည္ ေျဖဆိုမႈ လုပ္ေပးခဲ့ပါတယ္။

အဂၤါေန႔မွာေတာ့ ပရီးမီးယားလိဂ္ ရွယ္ယာရွင္မ်ား အစည္းအေဝးအတြင္း လာမယ့္ရာသီ လူစားလဲမႈ ၅ ခု ျပဳလုပ္ႏုိင္ေရး ေဆြးေႏြးသြားမွာ ျဖစ္တယ္လို႔ The Times က ေဖာ္ျပပါတယ္။

တိုက္စစ္မွဴးေဟာင္း ပီတာခေရာ့က လီဗာပူးအသင္းဟာ ဒီေႏြမွာ အင္အားျဖည့္မႈေတြကို ေသခ်ာေပါက္ လုပ္ေဆာင္သင့္ပါေၾကာင္း တိုက္တြန္းလိုက္ပါတယ္။

လီဗာပူးအသင္းက လာမယ့္ စေနေန႔အတြင္း အန္ဖီးကြင္းမွာပဲ ခ်စ္ၾကည္ေရးပြဲတစ္ပြဲ ကစားလို႔ရႏုိင္ဖို႔ ေမွ်ာ္လင့္ေနျပီး စတင္ စီစဥ္ေနျပီလို႔ မာေဆးဆိုဒ္ အေျခစိုက္ သတင္းဌာနက ေဖာ္ျပပါတယ္။