ဟာသာဘာလင် အကြီးအကဲ Preetz က လီဗာပူးမှ ဂရုဂျစ်ကို ခေါ်ယူရေးက အရေးသာတဲ့ အခြေအနေမှာ ရှိမနေကြောင်း ဝန်ခံသွားပါတယ်။

၎င်းကပဲ ဟာသာက ကစားသမားတွေကို စောင့်ကြည့်နေကြောင်းနဲ့ ဂရုဂျစ်မှ မဟုတ်ဘဲ ပစ်မှတ်တိုင်းရဲ့ တိုးတက်မှုကို စောင့်ကြည့်နေကာ ဈေးကွက်ပိတ်ခါနီးမှ ချိတ်ဆက်မှုတွေ ဖြစ်သွားနိုင်တယ်လို့ ပြောလာခဲ့တယ်။

Preetz က ” ဂရုဂျစ်က ကျနေ်ာတို့နဲ့ အငှား နှစ်နှစ် ကုန်ဆုံးခဲ့သူပါ။ သူက လီဗာပူးနဲ့ ရာသီကြို ပြင်ဆင်မှုမှာ လေ့ကျင့်ထားပါတယ်။ မနှစ်ကလို မဟုတ်ဘဲ လီဗာပူးက သူ့တို့ရဲ့ ပြင်ဆင်မှုမှာ ဂရုဂျစ်ကို ပါဝင်ထားစေတယ်။

အင်္ဂလန်ဘက်က ဂရုဂျစ်ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး ဆုံးဖြတ်မှုတွေ ရှိထားပါတယ်။ နောက်တစ်ကြိမ် အငှားချပေးမလား၊ ရောင်းမလား၊ လီဗာပူးအသင်းမှာပဲ ဆက်ရှိနေစေမလားပေါ့။ အခုချိန်မှာတော့ သေချာ မမြင်တွေ့ရသေးပါဘူး။

နွေအပြောင်းအရွှေ့ လုပ်ဆောင်ရခက်တဲ့ ရာသီပါပဲ။ ဈေးကွက်ထဲကို နီးနီးကပ်ကပ်ကြည့်နေပြီး တိုးတက်မှုတွေကို ရှာဖွေနေပါတယ်။ ကျနေ်ာတို့က လာမယ့် အပတ်တွေအတွက် ပြင်ဆင်နေပြီး အကြံဉာဏ်တွေလည်း ရှိထားပါတယ်။

အရင်းတုန်းက မဖြစ်နိုင်ဘူးလို့ထင်တဲ့ အပြောင်းအရွှေ့အချို့ ဈေးကွက်ပိတ်ချိန်မှာတော့ ဖြစ်လာတာကို မြင်ရလိမ့်မယ်။ ဒီကနေ့ ရွေးချယ်လိုက်တဲ့ ရွေးချယ်မှုတိုင်းကပဲ သေချာ ဆုံးဖြတ်ထားတာ မဟုတ်သေးပါဘူး။ နေရာတိုင်းကို ကျနော်တို့ စောင့်ကြည့်နေပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဂရုဂျစ်ဟာ ဘွန်ဒက်လီဂါကလပ် ဟာသာဘာလင်မှာ နှစ်ရာသီအတွင်း လိဂ်ပွဲ ၅၁ ပွဲ ကစားပြီး ၉ ဂိုး သွင်းယူထားခဲ့သူဖြစ်ပါတယ်။

ZAWGYI

ဟာသာဘာလင္ အၾကီးအကဲ Preetz က လီဗာပူးမွ ဂရုဂ်စ္ကို ေခၚယူေရးက အေရးသာတဲ့ အေျခအေနမွာ ရွိမေနေၾကာင္း ဝန္ခံသြားပါတယ္။

၄င္းကပဲ ဟာသာက ကစားသမားေတြကို ေစာင့္ၾကည့္ေနေၾကာင္းနဲ႔ ဂရုဂ်စ္မွ မဟုတ္ဘဲ ပစ္မွတ္တိုင္းရဲ႕ တိုးတက္မႈကို ေစာင့္ၾကည့္ေနကာ ေစ်းကြက္ပိတ္ခါနီးမွ ခ်ိတ္ဆက္မႈေတြ ျဖစ္သြားႏုိင္တယ္လို႔ ေျပာလာခဲ့တယ္။

Preetz က ” ဂရုဂ်စ္က က်ေန္ာတို႔နဲ႔ အငွား ႏွစ္ႏွစ္ ကုန္ဆံုးခဲ့သူပါ။ သူက လီဗာပူးနဲ႔ ရာသီၾကိဳ ျပင္ဆင္မႈမွာ ေလ့က်င့္ထားပါတယ္။ မႏွစ္ကလို မဟုတ္ဘဲ လီဗာပူးက သူ႔တို႔ရဲ႕ ျပင္ဆင္မႈမွာ ဂရုဂ်စ္ကို ပါဝင္ထားေစတယ္။

အဂၤလန္ဘက္က ဂရုဂ်စ္ရဲ႕ အနာဂတ္နဲ႔ ပက္သက္ျပီး ဆံုးျဖတ္မႈေတြ ရွိထားပါတယ္။ ေနာက္တစ္ၾကိမ္ အငွားခ်ေပးမလား၊ ေရာင္းမလား၊ လီဗာပူးအသင္းမွာပဲ ဆက္ရွိေနေစမလားေပါ့။ အခုခ်ိန္မွာေတာ့ ေသခ်ာ မျမင္ေတြ႔ရေသးပါဘူး။

ေႏြအေျပာင္းအေရႊ႔ လုပ္ေဆာင္ရခက္တဲ့ ရာသီပါပဲ။ ေစ်းကြက္ထဲကို နီးနီးကပ္ကပ္ၾကည့္ေနျပီး တိုးတက္မႈေတြကို ရွာေဖြေနပါတယ္။ က်ေန္ာတို႔က လာမယ့္ အပတ္ေတြအတြက္ ျပင္ဆင္ေနျပီး အၾကံဥာဏ္ေတြလည္း ရွိထားပါတယ္။

အရင္းတုန္းက မျဖစ္ႏုိင္ဘူးလို႔ထင္တဲ့ အေျပာင္းအေရႊ႔အခ်ိဳ႔ ေစ်းကြက္ပိတ္ခ်ိန္မွာေတာ့ ျဖစ္လာတာကို ျမင္ရလိမ့္မယ္။ ဒီကေန႔ ေရြးခ်ယ္လိုက္တဲ့ ေရြးခ်ယ္မႈတိုင္းကပဲ ေသခ်ာ ဆံုးျဖတ္ထားတာ မဟုတ္ေသးပါဘူး။ ေနရာတိုင္းကို က်ေနာ္တုိ႔ ေစာင့္ၾကည့္ေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဂရုဂ်စ္ဟာ ဘြန္ဒက္လီဂါကလပ္ ဟာသာဘာလင္မွာ ႏွစ္ရာသီအတြင္း လိဂ္ပြဲ ၅၁ ပြဲ ကစားျပီး ၉ ဂိုး သြင္းယူထားခဲ့သူျဖစ္ပါတယ္။