၂၀၂၀-၂၀၂၁ ဘောလုံးရာသီကလည်း လီဗာပူးအသင်းအတွက်တော့ တိတ်ဆိတ်တဲ့ ဘောလုံးရာသီတစ်ခု ဖြစ်လာနေဆဲဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ အဝင် တစ်ဦးပဲရှိကာ အများစုက အထွက်စာရင်း ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ နွေးဈေးကွက်ကနေ ဘယ်အစွန်လူ ကိုစတက် တစ်ဦးတည်းကိုပဲ ယူရို ၁၃ သန်းပေးပြီး ခေါ်ယူထားတယ်။ အဓိက ပစ်မှတ်တွေဖြစ်တဲ့ အယ်ကန်တာရာ အပြောင်းအရွှေ့ကိစ္စ စောင့်ကြည့်နေရဆဲဖြစ်ကာ ဘရိုက်တန် ခံစစ်မှူး ဘမ်ဝိုက်ကတော့ မိခင်ကလပ်နဲ့ပဲ သက်တမ်းတိုးမယ့် အခြေအနေမှာ ရှိနေပါတယ်။ လီဗာပူးဟာ ဝတ်ဖိုဒ့် တိုက်စစ်သမား ဆာနဲ့ သတင်းထွက်ပေမယ့် ကလပ်ဘက်က လှုပ်ရှားမှု လုံးဝ မရှိထားပါဘူး။

ကစားသမား အထွက်စာရင်းမှာတော့ စတုတ္ထခံစစ်မှူးဖြစ်သူ လိုဗရန်ကို ဇင်းနစ်ထံ ယူရို ၁၂ သန်းဖြင့် ရောင်းထုတ်ထားတယ်။ ထပ်ပြီးလည်း လူငယ်ကစားသမား အယ်ဂျာရီယာကို ချန်ပီယံရှစ်ကလပ် ရီးဒင်းအသင်းထံ ယူရို ၃.၉ သန်းဖြင့် အပြီးသတ် ရောင်းထုတ်လိုက်ပြီ ဖြစ်ပါတယ်။ နောက်ထပ် စီနီယာတွေဖြစ်တဲ့ လယ်လာနာ၊ ကလိုင်း၊ လိုနာဂန်တို့ကိုတော့ အလွတ်ပြောင်းရွှေ့ကြေးတွေဖြင့် ထွက်ခွာခွင့် ပြုထားပါတယ်။

ဒါတင်ကပဲ ဒီရာသီအတွက် လီဗာပူး လုပ်ထားတဲ့ ပြောင်းရွှေ့မှုကိစ္စ အားလုံးဖြစ်ပါတယ်။ လူငယ် ကစားသမားတွေကို သက်တမ်းတိုးတာ၊ အငှားချတာတွေ လုပ်ဆောင်မှုတွေ ရှိနေပေမယ့် စီနီယာအသင်းအပေါ် သက်ရောက်မှုကြီးလောက်တဲ့ ကစားသမားတွေ မပါသေးပါဘူး။

လက်ကျန် ဈေးကွက်ဖွင့်ချိန်အတွင်း လီဗာပူးက စီမံပေးရမယ့် လူငယ်ကစားသမားတွေ စာရင်းမှာတော့ ဘုန်းမောက်က ပြန်ရောက်လာတဲ့ ဝဲလ်ဆန်၊ ဟာသာဘာလင်က ပြန်ရောက်လာတဲ့ ဂရုဂျစ်၊ ဆွမ်ဆီးက ပြန်ရောက်လာတဲ့ ဘရူးစတား၊ စတုဂတ်က ပြန်ရောက်လာတဲ့ နေးဖီလစ်နဲ့ မိန့်က ပြန်ရောက်လာတဲ့ အယ်ဝန်နီယီတို့ ပါဝင်ပါတယ်။

ဝဲလ်ဆန်၊ ဂရုဂျစ်၊ အယ်ဝန်နီယီတိုက အရောင်းစာရင်း တင်ထားတဲ့ ကစားသမားတွေဖြစ်ပေမယ့် ကမ်းလှမ်းမှုတွေ တိုးတက်မလာသေးပါဘူး။ သင့်လျှော်တဲ့ ဈေးနှုန်း မရရင်တော့ အသင်းမှာပဲ ဆက်ထားသွားမှာပါ။ ဘရူးစတားနဲ့ နေးဖီလစ်ကို အငှားချမယ့် ကိစ္စကတော့ လာမယ့် သီတင်းပတ်တွေမှာ စဉ်းစားသွားမှာဖြစ်ကာ လာမယ့်ရာသီ အသင်းမှာ ဆက်ရှိနေဖို့လည်း ဖြစ်နိုင်ချေ ရှိနေဆဲဖြစ်ပါတယ်။

လီဗာပူး ရောင်းထုတ်လိုတဲ့ စီနီယာ ကစားသမားတွေထဲမှာတော့ ရှာကွီရီ၊ အိုရီဂီတို့လည်း ပါဝင်ထားကာ ဝိုက်နယ်ဒမ်ရဲ့ အနာဂတ်ကလည်း သူ့ကို ကမ်းလှမ်းလာမယ့် ကလပ်တွေရဲ့ စာချုပ်အပေါ် မူတည်သွားပါမယ်။

ZAWGYI

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီကလည္း လီဗာပူးအသင္းအတြက္ေတာ့ တိတ္ဆိတ္တဲ့ ေဘာလံုးရာသီတစ္ခု ျဖစ္လာေနဆဲျဖစ္ပါတယ္။ လက္ရွိ အခ်ိန္ထိ အဝင္ တစ္ဦးပဲရွိကာ အမ်ားစုက အထြက္စာရင္း ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ေႏြးေစ်းကြက္ကေန ဘယ္အစြန္လူ ကိုစတက္ တစ္ဦးတည္းကိုပဲ ယူရို ၁၃ သန္းေပးျပီး ေခၚယူထားတယ္။ အဓိက ပစ္မွတ္ေတြျဖစ္တဲ့ အယ္ကန္တာရာ အေျပာင္းအေရႊ႔ကိစၥ ေစာင့္ၾကည့္ေနရဆဲျဖစ္ကာ ဘရိုက္တန္ ခံစစ္မွဴး ဘမ္ဝိုက္ကေတာ့ မိခင္ကလပ္နဲ႔ပဲ သက္တမ္းတိုးမယ့္ အေျခအေနမွာ ရွိေနပါတယ္။ လီဗာပူးဟာ ဝတ္ဖိုဒ့္ တိုက္စစ္သမား ဆာနဲ႔ သတင္းထြက္ေပမယ့္ ကလပ္ဘက္က လႈပ္ရွားမႈ လုံးဝ မရွိထားပါဘူး။

ကစားသမား အထြက္စာရင္းမွာေတာ့ စတုတၳခံစစ္မွဴးျဖစ္သူ လိုဗရန္ကို ဇင္းနစ္ထံ ယူရို ၁၂ သန္းျဖင့္ ေရာင္းထုတ္ထားတယ္။ ထပ္ျပီးလည္း လူငယ္ကစားသမား အယ္ဂ်ာရီယာကို ခ်န္ပီယံရွစ္ကလပ္ ရီးဒင္းအသင္းထံ ယူရို ၃.၉ သန္းျဖင့္ အျပီးသတ္ ေရာင္းထုတ္လိုက္ျပီ ျဖစ္ပါတယ္။ ေနာက္ထပ္ စီနီယာေတြျဖစ္တဲ့ လယ္လာနာ၊ ကလိုင္း၊ လိုနာဂန္တို႔ကိုေတာ့ အလြတ္ေျပာင္းေရႊ႔ေၾကးေတြျဖင့္ ထြက္ခြာခြင့္ ျပဳထားပါတယ္။

ဒါတင္ကပဲ ဒီရာသီအတြက္ လီဗာပူး လုပ္ထားတဲ့ ေျပာင္းေရႊ႔မႈကိစၥ အားလံုးျဖစ္ပါတယ္။ လူငယ္ ကစားသမားေတြကို သက္တမ္းတိုးတာ၊ အငွားခ်တာေတြ လုပ္ေဆာင္မႈေတြ ရွိေနေပမယ့္ စီနီယာအသင္းအေပၚ သက္ေရာက္မႈၾကီးေလာက္တဲ့ ကစားသမားေတြ မပါေသးပါဘူး။

လက္က်န္ ေစ်းကြက္ဖြင့္ခ်ိန္အတြင္း လီဗာပူးက စီမံေပးရမယ့္ လူငယ္ကစားသမားေတြ စာရင္းမွာေတာ့ ဘုန္းေမာက္က ျပန္ေရာက္လာတဲ့ ဝဲလ္ဆန္၊ ဟာသာဘာလင္က ျပန္ေရာက္လာတဲ့ ဂရုဂ်စ္၊ ဆြမ္ဆီးက ျပန္ေရာက္လာတဲ့ ဘရူးစတား၊ စတုဂတ္က ျပန္ေရာက္လာတဲ့ ေနးဖီလစ္နဲ႔ မိန္႔က ျပန္ေရာက္လာတဲ့ အယ္ဝန္နီယီတို႔ ပါဝင္ပါတယ္။

ဝဲလ္ဆန္၊ ဂရုဂ်စ္၊ အယ္ဝန္နီယီတိုက အေရာင္းစာရင္း တင္ထားတဲ့ ကစားသမားေတြျဖစ္ေပမယ့္ ကမ္းလွမ္းမႈေတြ တိုးတက္မလာေသးပါဘူး။ သင့္ေလွ်ာ္တဲ့ ေစ်းႏႈန္း မရရင္ေတာ့ အသင္းမွာပဲ ဆက္ထားသြားမွာပါ။ ဘရူးစတားနဲ႔ ေနးဖီလစ္ကို အငွားခ်မယ့္ ကိစၥကေတာ့ လာမယ့္ သီတင္းပတ္ေတြမွာ စဥ္းစားသြားမွာျဖစ္ကာ လာမယ့္ရာသီ အသင္းမွာ ဆက္ရွိေနဖို႔လည္း ျဖစ္ႏုိုင္ေခ် ရွိေနဆဲျဖစ္ပါတယ္။

လီဗာပူး ေရာင္းထုတ္လိုတဲ့ စီနီယာ ကစားသမားေတြထဲမွာေတာ့ ရွာကီြရီ၊ အိုရီဂီတို႔လည္း ပါဝင္ထားကာ ဝိုက္နယ္ဒမ္ရဲ႕ အနာဂတ္ကလည္း သူ႔ကို ကမ္းလွမ္းလာမယ့္ ကလပ္ေတြရဲ႕ စာခ်ဳပ္အေပၚ မူတည္သြားပါမယ္။