ဗန်ဒိုက်က ဒီနွေမှာ လီဗာပူးရဲ့ ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ ယူနိုက်တက်နဲ့ မန်စီးတီးတို့ထံ ပြောင်းရွှေ့သွားကြတဲ့ ဗန်ဒါဘိခ်နဲ့ အကီတို့ကို အသင်းသစ်တွေမှာ ကံကောင်းစေဖို့ ဆုတောင်းပေးသွားပါတယ်။

အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူ ဗန်ဒါဘိခ်က အေဂျက်ကနေ ယူနိုက်တက်ကို ပေါင် သန်း ၄၀ ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကာ အကီကတော့ ဘုန်းမောက်ကနေ မန်စီးတီးကို ပေါင် ၄၁ သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိသွားပြီဖြစ်တယ်။ သူတို့ နှစ်ဦးလုံးဟာ ဗန်ဒိုက်ရဲ့ ဒတ်ချ်လက်ရွေးစင် အသင်းဖော်တွေ ဖြစ်ကြပါတယ်။

ဗန်ဒိုက်က ‘ ဒန်နီကို ကံကောင်းပါစေလို့ အလေးအနက် ဆုတောင်းပေးပါတယ်။ ယူနိုက်တက်ကို ပြောင်းရွှေ့နိုင်မှာက သူ့အတွက်ကော ဒတ်ချ် လက်ရွေးစင်အသင်းအတွက်ပါ ကောင်းမွန်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒန်နီအတွက် ယူနိုက်တက်လို အသင်းကောင်းကို ရောက်သွားတာက ကောင်းမွန်တဲ့ ခြေလှမ်းပဲဖြစ်ပါတယ်။

မန်စီးတီးကို ပြောင်းရွှေ့သွားတဲ့ အကီကစ္စကလည်း ဒိုနီလိုပဲ လက်ရွေးစင်အသင်းအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ် ‘ လို့ ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဗန်ဒိုက် အပါအဝင် ဗန်ဒါဘိခ်နဲ့ အကီတို့ဟာ နိုင်ငံတကာသီတင်းပတ်အတွင်း ယှဉ်ပြိုင်ရမယ့် ဒတ်ချ်အသင်းနဲ့ ပိုလန်၊ အီတလီတို့ ထိပ်တိုက်တွေ့တဲ့ ပွဲတွေအတွက် ရွေးချယ်ခံထားရတယ်။ အဆိုပါ နိုင်ငံတကာ သီတင်းပတ်ကို အရင်ကစားပြီးမှ ပရီးမီးယားလိဂ်ပွဲတွေ ကစားရမှာဖြစ်တယ်။

လီဗာပူးကတော့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ စတင်ကာ ပရီးမီးယားလိဂ် ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဥရောပပွဲတွေ ကစားထားရတဲ့ မန်ချက်စတာကလပ်တွေကတော့ တစ်ပတ်လောက် နောက်ကျပြီးမှ ယှဉ်ပြိုင်ရပါမယ်။

ZAWGYI

ဗန္ဒိုက္က ဒီေႏြမွာ လီဗာပူးရဲ႕ ျပိဳင္ဘက္အသင္းေတြျဖစ္တဲ့ ယူႏုိက္တက္နဲ႔ မန္စီးတီးတို႔ထံ ေျပာင္းေရႊ႔သြားၾကတဲ့ ဗန္ဒါဘိခ္နဲ႔ အကီတို႔ကို အသင္းသစ္ေတြမွာ ကံေကာင္းေစဖို႔ ဆုေတာင္းေပးသြားပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ကြင္းလယ္လူ ဗန္ဒါဘိခ္က ေအဂ်က္ကေန ယူႏုိက္တက္ကို ေပါင္ သန္း ၄၀ ျဖင့္ ေျပာင္းေရႊ႔ခဲ့ျခင္းျဖစ္ကာ အကီကေတာ့ ဘုန္းေမာက္ကေန မန္စီးတီးကို ေပါင္ ၄၁ သန္းျဖင့္ ေျပာင္းေရႊ႔ေရာက္ရွိသြားျပီျဖစ္တယ္။ သူတို႔ ႏွစ္ဦးလံုးဟာ ဗန္ဒိုက္ရဲ႕ ဒတ္ခ်္လက္ေရြးစင္ အသင္းေဖာ္ေတြ ျဖစ္ၾကပါတယ္။

ဗန္ဒိုက္က ‘ ဒန္နီကို ကံေကာင္းပါေစလို႔ အေလးအနက္ ဆုေတာင္းေပးပါတယ္။ ယူႏုိက္တက္ကို ေျပာင္းေရႊ႔ႏုိင္မွာက သူ႔အတြက္ေကာ ဒတ္ခ်္ လက္ေရြးစင္အသင္းအတြက္ပါ ေကာင္းမြန္တဲ့ ကိစၥျဖစ္ပါတယ္။ ဒန္နီအတြက္ ယူႏုိက္တက္လို အသင္းေကာင္းကို ေရာက္သြားတာက ေကာင္းမြန္တဲ့ ေျခလွမ္းပဲျဖစ္ပါတယ္။

မန္စီးတီးကို ေျပာင္းေရႊ႔သြားတဲ့ အကီကစၥကလည္း ဒိုနီလိုပဲ လက္ေရြးစင္အသင္းအတြက္ သတင္းေကာင္းပဲ ျဖစ္ပါတယ္ ‘ လို႔ ဆုေတာင္းေပးခဲ့တာ ျဖစ္ပါတယ္။

ဗန္ဒိုက္ အပါအဝင္ ဗန္ဒါဘိခ္နဲ႔ အကီတို႔ဟာ ႏုိင္ငံတကာသီတင္းပတ္အတြင္း ယွဥ္ျပိဳင္ရမယ့္ ဒတ္ခ်္အသင္းနဲ႔ ပိုလန္၊ အီတလီတုိ႔ ထိပ္တုိက္ေတြ႔တဲ့ ပြဲေတြအတြက္ ေရြးခ်ယ္ခံထားရတယ္။ အဆိုပါ ႏုိင္ငံတကာ သီတင္းပတ္ကို အရင္ကစားျပီးမွ ပရီးမီးယားလိဂ္ပြဲေတြ ကစားရမွာျဖစ္တယ္။

လီဗာပူးကေတာ့ စက္တင္ဘာလ ၁၂ ရက္ေန႔မွာ စတင္ကာ ပရီးမီးယားလိဂ္ ပြဲစဥ္ကို ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ဥေရာပပြဲေတြ ကစားထားရတဲ့ မန္ခ်က္စတာကလပ္ေတြကေတာ့ တစ္ပတ္ေလာက္ ေနာက္က်ျပီးမွ ယွဥ္ျပိဳင္ရပါမယ္။