စက်တင်ဘာလ ၁ ရက်နေ့ကို ဝင်ရောက်လာတဲ့နောက်မှာ သီယေဂို အယ်ကန်တာရာ အပြောင်းအရွှေ့အတွက် ဂျာမနီဘက်ကတော့ ထူးခြားသတင်းတွေဆိုပြီး ဆက်တိုက် ဖော်ပြနေဆဲပါ။

ပြီးခဲ့တဲ့ သြဂုတ်လ တစ်လလုံးနဲ့ စက်တင်ဘာလအစမှာပဲ လီဗာပူးနဲ့ အယ်ကန်တာရာ အပြောင်းအရွှေ့ ကိစ္စက စတင် စကားပြောနေပြီဆိုပြီး ဖော်ပြနေကြတာဖြစ်တယ်။ တကယ်တမ်းတော့ ဒီကိစ္စဟာ စကားလုံးကို ရှေ့ နောက် ပြောင်းပြီး ဖော်ပြနေကြတာကလွဲလို့ (မူရင်းသတင်းတွေမှာ သတင်းတစ်ခုကိုပဲ မူအမျိုးအမျိုးကွဲ ဖော်ပြနေခြင်းကို ဆိုလို) ဘာတစ်ခုမှ ထူးခြားခြင်း မရှိတဲ့ ကိစ္စလည်းဖြစ်တယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ အယ်ကန်တာရာကို အလိုရှိတယ်။ ဘိုင်ယန်ကလည်း သက်တမ်းတိုးခြင်း မအောင်မြင်တဲ့ အယ်ကန်တာရာကို နွေမှာ ရောင်းထုတ်လိုတယ်။ ဒါပေမယ့်လို့ စာချုပ်ကုန်ဖို့ နီးစပ်နေတဲ့ ၂၉ နှစ်အရွယ် ကွင်းလယ်လူအတွက် ယူရို သန်း ၃၀ ပေးရဖို့ဆိုတာက ဂျာမနီကလပ်က သိပ်တင်စီးလွန်းတယ်လို့ လီဗာပူးဘက်က မြင်ပါတယ်။

မန်နေဂျာကလော့ပ်က အားလုံးက ကလပ်ရဲ့ သဘောထားအပေါ်ပဲ မူတည်ကာ သူကတော့ အယ်ကန်တာရာကို ရကို ရရမယ်ဆိုပြီး ဖိအားပေး တောင်းဆိုမှာ မဟုတ်ပါဘူး။ လီဗာပူးဘက်က အားကစားဒါရိုက်တာ အဒ်ဝတ် ဦးဆောင်တဲ့ အဖွဲ့ကလည်း အခြေအနေကို ဝေဖန်ဆန်းစစ်နေပြီး အခုချိန်ထိ တရားဝင် ကမ်းလှမ်းမှု မဝင်သေးပါဘူး။

စပိန်ကွင်းလယ်လူနဲ့ လီဗာပူးကိစ္စက not yet အဆင့်မှာပဲ ရှိနေတာဖြစ်ကာ It’s up to the clubs အနေအထားဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာတော့ ယူနိုက်တက်က ဈေးကွက်ထဲ ဝင်လာတယ်ဆိုတဲ့ အသံတွေအောက်မှာ လီဗာပူးက အယ်ကန်တာရာအတွက် ကမ်းလှမ်းမှု စတင်ပြီဆိုပြီး ဖော်ပြမှုတွေ ရှိလာနေတယ်။ ဒါပေမယ့် အဲ့သတင်းတွေက မမှန်ပါဘူး။ ဘိုင်ယန်ကနေ ထွက်လိုတဲ့ အယ်ကန်တာရာက ပရီးမီးယားလိဂ်ကို ပြောင်းလာလိုပြီး သူ့ကို စိတ်ဝင်စားတဲ့ ကလပ်တွေ ရှိလာနိုင်ကောင်း ရှိလာနိုင်ပေမယ့် လီဗာပူးက အခုချိန်ထိ အယ်ကန်တာရာအတွက် တရားဝင် ချိတ်ဆက်မှုကို မစသင့်သေးပါဘူး။

ZAWGYI

စက္တင္ဘာလ ၁ ရက္ေန႔ကို ဝင္ေရာက္လာတဲ့ေနာက္မွာ သီေယဂို အယ္ကန္တာရာ အေျပာင္းအေရႊ႔အတြက္ ဂ်ာမနီဘက္ကေတာ့ ထူးျခားသတင္းေတြဆိုျပီး ဆက္တိုက္ ေဖာ္ျပေနဆဲပါ။

ျပီးခဲ့တဲ့ ၾသဂုတ္လ တစ္လလံုးနဲ႔ စက္တင္ဘာလအစမွာပဲ လီဗာပူးနဲ႔ အယ္ကန္တာရာ အေျပာင္းအေရႊ႔ ကိစၥက စတင္ စကားေျပာေနျပီဆိုျပီး ေဖာ္ျပေနၾကတာျဖစ္တယ္။ တကယ္တမ္းေတာ့ ဒီကိစၥဟာ စကားလံုးကို ေရွ႔ ေနာက္ ေျပာင္းျပီး ေဖာ္ျပေနၾကတာကလြဲလို႔ (မူရင္းသတင္းေတြမွာ သတင္းတစ္ခုကိုပဲ မူအမ်ိဳးအမ်ိဳးကြဲ ေဖာ္ျပေနျခင္းကို ဆိုလို) ဘာတစ္ခုမွ ထူးျခားျခင္း မရွိတဲ့ ကိစၥလည္းျဖစ္တယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္လူ အယ္ကန္တာရာကို အလိုရွိတယ္။ ဘိုင္ယန္ကလည္း သက္တမ္းတိုးျခင္း မေအာင္ျမင္တဲ့ အယ္ကန္တာရာကို ေႏြမွာ ေရာင္းထုတ္လိုတယ္။ ဒါေပမယ့္လို႔ စာခ်ဳပ္ကုန္ဖို႔ နီးစပ္ေနတဲ့ ၂၉ ႏွစ္အရြယ္ ကြင္းလယ္လူအတြက္ ယူရို သန္း ၃၀ ေပးရဖို႔ဆိုတာက ဂ်ာမနီကလပ္က သိပ္တင္စီးလြန္းတယ္လို႔ လီဗာပူးဘက္က ျမင္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က အားလံုးက ကလပ္ရဲ႕ သေဘာထားအေပၚပဲ မူတည္ကာ သူကေတာ့ အယ္ကန္တာရာကို ရကို ရရမယ္ဆိုျပီး ဖိအားေပး ေတာင္းဆိုမွာ မဟုတ္ပါဘူး။ လီဗာပူးဘက္က အားကစားဒါရိုက္တာ အဒ္ဝတ္ ဦးေဆာင္တဲ့ အဖြဲ႔ကလည္း အေျခအေနကို ေဝဖန္ဆန္းစစ္ေနျပီး အခုခ်ိန္ထိ တရားဝင္ ကမ္းလွမ္းမႈ မဝင္ေသးပါဘူး။

စပိန္ကြင္းလယ္လူနဲ႔ လီဗာပူးကိစၥက not yet အဆင့္မွာပဲ ရွိေနတာျဖစ္ကာ It’s up to the clubs အေနအထားျဖစ္ပါတယ္။

ဒီရက္ပိုင္းမွာေတာ့ ယူႏုိက္တက္က ေစ်းကြက္ထဲ ဝင္လာတယ္ဆိုတဲ့ အသံေတြေအာက္မွာ လီဗာပူးက အယ္ကန္တာရာအတြက္ ကမ္းလွမ္းမႈ စတင္ျပီဆိုျပီး ေဖာ္ျပမႈေတြ ရွိလာေနတယ္။ ဒါေပမယ့္ အဲ့သတင္းေတြက မမွန္ပါဘူး။ ဘိုင္ယန္ကေန ထြက္လိုတဲ့ အယ္ကန္တာရာက ပရီးမီးယားလိဂ္ကို ေျပာင္းလာလိုျပီး သူ႔ကို စိတ္ဝင္စားတဲ့ ကလပ္ေတြ ရွိလာႏုိင္ေကာင္း ရွိလာႏုိင္ေပမယ့္ လီဗာပူးက အခုခ်ိန္ထိ အယ္ကန္တာရာအတြက္ တရားဝင္ ခ်ိတ္ဆက္မႈကို မစသင့္ေသးပါဘူး။