ယူနိုက်တက် ကွင်းလယ်လူ မာတစ်က လာမယ့်ရာသီမှာ လီဗာပူး အမှတ်ပေးဖလား အနိုင်မရဖို့ အစွမ်းကုန် ကြိုးစားမယ်လို့ ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးဟာ ဒီဘက်နှစ်တွေမှာ ပရီးမီးယားလိဂ်ကို အဓိက စိန်ခေါ်သူအသင်း ဖြစ်လာခဲ့သလို ယူနိုက်တက်ကို တွေ့ဆုံမှုတိုင်း အသာစီး ယူလာနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း လီဗာပူးက ယူနိုက်တက်ကို ၂ ကြိမ် အနိုင်ရပြီး ၂ ကြိမ် သရေကျထားခဲ့တယ်။ အန်ဖီးကွင်းမှာ ယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ယူမှုဟာဆိုရင် မော်ရင်ညိုကို ရာထူးကနေ ထွက်ခွာစေခဲ့ပါတယ်။

မနှစ်တုန်းကလည်း အန်ဖီးကွင်းမှာ ယူနိုက်တက်ကို ၂-၀ နဲ့ အနိုင်ယူခဲ့ပြီး ရာသီအကုန်မှာ ၁၉ ကြိမ်မြောက် အမှတ်ပေးဖလားကို အနိုင်ယူခဲ့တယ်။ လီဗာပူးနဲ့ ယူနိုက်တက်ကြားမှာ အမှတ်ပေးဖလား အောင်မြင်မှုက ၁ ကြိမ်သာ ကွာဟပါတော့တယ်။

မာတစ်က “ လာမယ့်ရာသီမှာတော့ ဘာဆင်ခြေမှ ရှိတော့မှာ မဟုတ်ပါဘူး။ ကျနေ်ာတို့ ရှိသမျှ အစွမ်းကုန် ကြိုးစားသွားမှာပါ။ အမှတ်ပေးဖလားကို တိုက်ခိုက်သွားမှာဖြစ်တယ်။ ဘာလို့လည်းဆိုတော့ မနှစ်ကရာသီမှာ ရမှတ်တွေကို ခပ်လွယ်လွယ် ဆုံးရံှူးခဲ့တယ်လို့ ထင်ပါတယ်။

မနှစ်တုန်းက လီဗာပူးအသင်း အမှတ်ပေးဖလား အနိုင်ရဖို့ ခွင့်ပြုခဲ့တယ်။ ဘောလုံးရာသီ အပြီးသတ်ဖို့ ၁၀ ပွဲလောက် အလိုမှာပဲ သူတို့ အနိုင်ရသွားခဲ့တယ်။ အဲ့တာမျိုး ထပ်ပြီး ခွင့်မပြုတော့ပါဘူး။ အဆုံးထိ ယှဉ်ပြိုင်ဖို့လိုပါတယ်။ ကျနေ်ာတို့ ပိုပြီး ယုံကြည်မှုရှိရှိ ကစားရမှာဖြစ်ပြီး ပိုပြီး တာဝန်ကြီးလာပါတယ် ” ဆိုခဲ့တာဖြစ်တယ်။

လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို အဓိက ဦးဆောင်မယ့် နှစ်သင်းမှာတော့ လီဗာပူးနဲ့ မန်စီးတီးက ဦးဆောင်နေဆဲပါပဲ။ လီဗာပူးအတွက် လာမယ့်ရာသီ ရည်မှန်းချက်ဟာ ပရီးမီးယားလိဂ်ကို ချန်ပီယံထပ်ဖြစ်ရေးဖြစ်ကာ အမှတ်ပေးဖလား အကြိမ် ၂၀ ကို အရယူဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ ကြင္းလယ္လူ မာတစ္က လာမယ့္ရာသီမွာ လီဗာပူး အမွတ္ေပးဖလား အႏုိင္မရဖို႔ အစြမ္းကုန္ ၾကိဳးစားမယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးဟာ ဒီဘက္ႏွစ္ေတြမွာ ပရီးမီးယားလိဂ္ကို အဓိက စိန္ေခၚသူအသင္း ျဖစ္လာခဲ့သလို ယူႏုိက္တက္ကို ေတြ႔ဆံုမႈတိုင္း အသာစီး ယူလာႏုိင္ခဲ့တာပါ။ ျပီးခဲ့တဲ့ ၂ ရာသီအတြင္း လီဗာပူးက ယူႏုိက္တက္ကို ၂ ၾကိမ္ အႏုိင္ရျပီး ၂ ၾကိမ္ သေရက်ထားခဲ့တယ္။ အန္ဖီးကြင္းမွာ ယူႏုိက္တက္ကို ၃-၁ နဲ႔ အႏိုင္ယူမႈဟာဆိုရင္ ေမာ္ရင္ညိဳကို ရာထူးကေန ထြက္ခြာေစခဲ့ပါတယ္။

မႏွစ္တုန္းကလည္း အန္ဖီးကြင္းမွာ ယူႏုိက္တက္ကို ၂-၀ နဲ႔ အႏုိင္ယူခဲ့ျပီး ရာသီအကုန္မွာ ၁၉ ၾကိမ္ေျမာက္ အမွတ္ေပးဖလားကို အႏုိင္ယူခဲ့တယ္။ လီဗာပူးနဲ႔ ယူႏုိက္တက္ၾကားမွာ အမွတ္ေပးဖလား ေအာင္ျမင္မႈက ၁ ၾကိမ္သာ ကြာဟပါေတာ့တယ္။

မာတစ္က “ လာမယ့္ရာသီမွာေတာ့ ဘာဆင္ေျခမွ ရွိေတာ့မွာ မဟုတ္ပါဘူး။ က်ေန္ာတို႔ ရွိသမွ် အစြမ္းကုန္ ၾကိဳးစားသြားမွာပါ။ အမွတ္ေပးဖလားကို တိုက္ခိုက္သြားမွာျဖစ္တယ္။ ဘာလို႔လည္းဆိုေတာ့ မႏွစ္ကရာသီမွာ ရမွတ္ေတြကို ခပ္လြယ္လြယ္ ဆံုးရံွဴးခဲ့တယ္လို႔ ထင္ပါတယ္။

မႏွစ္တုန္းက လီဗာပူးအသင္း အမွတ္ေပးဖလား အႏုိင္ရဖို႔ ခြင့္ျပဳခဲ့တယ္။ ေဘာလံုးရာသီ အျပီးသတ္ဖို႔ ၁၀ ပြဲေလာက္ အလိုမွာပဲ သူတို႔ အႏုိင္ရသြားခဲ့တယ္။ အဲ့တာမ်ိဳး ထပ္ျပီး ခြင့္မျပဳေတာ့ပါဘူး။ အဆံုးထိ ယွဥ္ျပိဳင္ဖို႔လိုပါတယ္။ က်ေန္ာတို႔ ပိုျပီး ယံုၾကည္မႈရွိရွိ ကစားရမွာျဖစ္ျပီး ပိုျပီး တာဝန္ၾကီးလာပါတယ္ ” ဆိုခဲ့တာျဖစ္တယ္။

လာမယ့္ရာသီ ပရီးမီးယားလိဂ္ကို အဓိက ဦးေဆာင္မယ့္ ႏွစ္သင္းမွာေတာ့ လီဗာပူးနဲ႔ မန္စီးတီးက ဦးေဆာင္ေနဆဲပါပဲ။ လီဗာပူးအတြက္ လာမယ့္ရာသီ ရည္မွန္းခ်က္ဟာ ပရီးမီးယားလိဂ္ကို ခ်န္ပီယံထပ္ျဖစ္ေရးျဖစ္ကာ အမွတ္ေပးဖလား အၾကိမ္ ၂၀ ကို အရယူဖို႔ ၾကိဳးစားသြားမွာျဖစ္ပါတယ္။