လီဗာပူးအသင်းဟာ လူငယ်ကစားသမားတွေဖြစ်တဲ့ Fabian Mrozek, Mateusz Musialowski နဲ့ Melkamu Frauendorf တို့ကို အပြီးသတ် ခေါ်ယူမှုတွေ ပြီးမြောက်ခဲ့ပြီဖြစ်ပါတယ်။

ဆယ်ကျော်သက် သုံးဦးဟာ ဒီနွေမှာ လီဗာပူးကို ပြောင်းရွှေ့လာကြခြင်းဖြစ်ပြီး လာမယ့်ရာသီအတွက် Nike ဂျာစီ ဝတ်ဆင်ထားတဲ့ အသင်းရဲ့ လူငယ်များ စာရင်းမှာ ပါဝင်ခဲ့ကြပါတယ်။ သူတို့ဟာ အကယ်ဒမီနဲ့ သက်တမ်းအလိုက် အသင်းသားတွေအဖြစ်ပဲ နာမည်စာရင်း ရေးသွင်းကြမယ့်သူတွေဖြစ်လို့ အသင်းဘက်က တရားဝင် ကြေညာမှုကိုတော့ မပြုလုပ်ပေးထားပါဘူး။

ပိုလန် ဂိုးသမားလေး Mrozek က ပိုလန် အင်အားကြီးကလပ် FC Wroclaw ကနေ ပြောင်းလာခြင်းဖြစ်ကာ တောင်ပံတိုက်စစ်သမား Musialowski ကလည်း ပိုလန်ကလပ် SMS Lodz ကနေ ပြောင်းလာခြင်းဖြစ်တယ်။ နောက်ထပ် တိုက်စစ်အားသန် ဂျာမာန်သားလေး Frauendorf ကတော့ ဂျာမနီကလပ် ဟော့ဖင်ဟိန်းအသင်းက ဖြစ်ပါတယ်။

သုံးဦးလုံးက လူငယ်အဆင့်တွေမှာ လက်ရွေးစင်အသင်းတွေအတွက် ကစားပေးထားကြပြီဖြစ်ကာ သူတို့ကိုတော့ ဘယ်ပြိုင်ပွဲတွေမှာ ပါဝင်စေမယ်ဆိုတာကို လူငယ်အသင်းနည်းပြ ဝီကင်ဆန်နဲ့ ဘယ်ရီ လွီတက်စ်တို့က ရွေးချယ်မှာဖြစ်ပါတယ်။

ဘယ်ရီ လွီတက်စ်ဟာ ယူ-၂၃ အသင်းကို တာဝန်ယူမှာဖြစ်ပြီး ဝီကင်ဆန်က ယူ-၁၈ အသင်းကို တာဝန်ယူမှာဖြစ်တယ်။ သူတို့ သုံးဦးရဲ့ အလားအလာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေအရ ဘယ်လို သက်တမ်းအလိုက် အသင်းမှာ ပါဝင်ရမလဲဆိုတာကို သက်ဆိုင်ရာ နည်းပြတွေ တာဝန်ယူမှာဖြစ်ကာ ယာဂင်ကလော့ပ်ထံ စောင့်ကြည့်လူငယ်အဖြစ် နာမည်စာရင်း ပေးခြင်း ခံရနိုင်သူတွေလို့ သိထားရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ လူငယ္ကစားသမားေတြျဖစ္တဲ့ Fabian Mrozek, Mateusz Musialowski နဲ႔ Melkamu Frauendorf တို႔ကို အျပီးသတ္ ေခၚယူမႈေတြ ျပီးေျမာက္ခဲ့ျပီျဖစ္ပါတယ္။

ဆယ္ေက်ာ္သက္ သံုးဦးဟာ ဒီေႏြမွာ လီဗာပူးကို ေျပာင္းေရႊ႔လာၾကျခင္းျဖစ္ျပီး လာမယ့္ရာသီအတြက္ Nike ဂ်ာစီ ဝတ္ဆင္ထားတဲ့ အသင္းရဲ႕ လူငယ္မ်ား စာရင္းမွာ ပါဝင္ခဲ့ၾကပါတယ္။ သူတို႔ဟာ အကယ္ဒမီနဲ႔ သက္တမ္းအလိုက္ အသင္းသားေတြအျဖစ္ပဲ နာမည္စာရင္း ေရးသြင္းၾကမယ့္သူေတြျဖစ္လို႔ အသင္းဘက္က တရားဝင္ ေၾကညာမႈကိုေတာ့ မျပဳလုပ္ေပးထားပါဘူး။

ပိုလန္ ဂိုးသမားေလး Mrozek က ပိုလန္ အင္အားၾကီးကလပ္ FC Wroclaw ကေန ေျပာင္းလာျခင္းျဖစ္ကာ ေတာင္ပံတိုက္စစ္သမား Musialowski ကလည္း ပိုလန္ကလပ္ SMS Lodz ကေန ေျပာင္းလာျခင္းျဖစ္တယ္။ ေနာက္ထပ္ တိုက္စစ္အားသန္ ဂ်ာမာန္သားေလး Frauendorf ကေတာ့ ဂ်ာမနီကလပ္ ေဟာ့ဖင္ဟိန္းအသင္းက ျဖစ္ပါတယ္။

သံုးဦးလံုးက လူငယ္အဆင့္ေတြမွာ လက္ေရြးစင္အသင္းေတြအတြက္ ကစားေပးထားၾကျပီျဖစ္ကာ သူတို႔ကိုေတာ့ ဘယ္ျပိဳင္ပြဲေတြမွာ ပါဝင္ေစမယ္ဆိုတာကို လူငယ္အသင္းနည္းျပ ဝီကင္ဆန္နဲ႔ ဘယ္ရီ လီြတက္စ္တို႔က ေရြးခ်ယ္မွာျဖစ္ပါတယ္။

ဘယ္ရီ လီြတက္စ္ဟာ ယူ-၂၃ အသင္းကို တာဝန္ယူမွာျဖစ္ျပီး ဝီကင္ဆန္က ယူ-၁၈ အသင္းကို တာဝန္ယူမွာျဖစ္တယ္။ သူတို႔ သံုးဦးရဲ႕ အလားအလာနဲ႔ ရုပ္ပိုင္းဆိုင္ရာေတြအရ ဘယ္လို သက္တမ္းအလိုက္ အသင္းမွာ ပါဝင္ရမလဲဆိုတာကို သက္ဆုိင္ရာ နည္းျပေတြ တာဝန္ယူမွာျဖစ္ကာ ယာဂင္ကေလာ့ပ္ထံ ေစာင့္ၾကည့္လူငယ္အျဖစ္ နာမည္စာရင္း ေပးျခင္း ခံရႏုိင္သူေတြလို႔ သိထားရပါတယ္။