လက်ရှိ လီဗာပူးအခြေစိုက် သတင်းဌာန Echo ရဲ့ လီဗာပူးအသင်းဆိုင်ရာ သတင်းထောက်ဖြစ်သူ Ian Doyle က အောက်တိုဘာလ ၅ ရက်နေ့မတိုင်ခင်မှာ လီဗာပူးအသင်းက အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ များပြားလာပါလိမ့်မယ်လို့ သတင်းပေးလာပါတယ်။

အပြောင်းအရွှေ့ ဈေးကွက်ပိတ်ဖို့က ၅ ပတ် ကျန်ရှိနေပြီး လက်ရှိ အချိန်ထိ လီဗာပူးအသင်းဟာ ကစားသမားသစ် ခေါ်ယူမှု တစ်ခုတည်းပဲ လုပ်ဆောင်ထားပါတယ်။ ဂရိ ဘယ်အစွန်လူ ကိုစတက်ကို ပေါင် ၁၁ သန်းဖြင့် ခေါ်ယူထားခြင်းဖြစ်ပြီး အခြားသော နေရာတွေအတွက် အင်အားဖြည့်မှုတွေ ရှိမလာသေးပါဘူး။

လီဗာပူးဟာ လယ်လာနာ၊ ကလိုင်း၊ လိုဗရန်တို့ကို လက်လွတ်ထားတယ်။ ဗဟိုခံစစ်မှူးနေရာ အားနည်းနေပြီး တိုက်စစ်ပိုင် အင်အားဖြည့်ဖို့ လိုအပ်နေခြင်းတွေ ရှိထားတယ်။ ဝိုက်နယ်ဒမ်ကို သက်တမ်းတိုးဖို့ မအောင်မြင်သေးသလို ရှာကွီရီ၊ ဂရုဂျစ်၊ ဝဲလ်ဆန်နဲ့ အိုရီဂီ အနာဂတ်တွေကို စီမံမှုတွေ လုပ်ပေးဖို့ လိုဦးမှာဖြစ်တယ်။

Ian Doyle က လီဗာပူးပရိသတ်တွေ မေးမြန်လာတဲ့ အမေးတွေကို webchat ကနေ ပြန်ဖြေပေးနေတာဖြစ်ပြီး အဓိက လူမေးများတဲ့ မေးခွန်းကတော့ အပြောင်းအရွှေ့ရေးရာ ကိစ္စတွေဖြစ်ပါတယ်။ Ian Doyle ဖြေဆိုမှုတွေထဲက အပြောင်းအရွှေ့နဲ့ ပက်သက်တဲ့ အဖြေ လေးခုကို ဖော်ပြလိုက်ပါတယ်။

– အပြောင်းအရွှေ့ ပိတ်ဖို့က အဝေးကြီး ကျန်ပါသေးတယ်။ ဈေးကွက် မပိတ်ခင် အချိန်မှာပဲ လီဗာပူးအသင်းထံက အပြောင်းအရွှေ့ထဲ ဝင်ရောက်လှုပ်ရှားမှုတွေ အတော်များများ ရှိလာပါလိမ့်မယ်။ အခြေအနေတွေ ပိုရှင်းလင်းလာရင်တော့ ပရိသတ်တွေက အသင်းရဲ့ လုပ်ဆောင်မှုကို ထောက်ခံလာမှာပါ။

– ကစားသမားသစ် ခေါ်ယူမှုက ၂ ခုလောက် ရှိပါမယ်။ ၃ ခုလောက်ထိလည်း ဖြစ်သွားနိုင်ပါတယ်။

– ကလော့ပ်က ထရာအိုရေး (ဝုဗ်) ကို အတော်လေး သဘောတွေ့ပါတယ်။ အခုချိန်မှာတော့ သူ့ကို ခေါ်ယူဖို့က သိပ်ဈေးကြီးလွန်းပါတယ်။

– အနည်းဆုံး နှစ်ယောက်လောက် ထွက်ခွာပါမယ်။ (ရှာကွီရီ၊ ဂရုဂျစ်၊ ဝဲလ်ဆန်တို့ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး)

ZAWGYI

လက္ရွိ လီဗာပူးအေျခစိုက္ သတင္းဌာန Echo ရဲ႕ လီဗာပူးအသင္းဆိုင္ရာ သတင္းေထာက္ျဖစ္သူ Ian Doyle က ေအာက္တိုဘာလ ၅ ရက္ေန႔မတိုင္ခင္မွာ လီဗာပူးအသင္းက အေျပာင္းအေရႊ႔ လႈပ္ရွားမႈေတြ မ်ားျပားလာပါလိမ့္မယ္လို႔ သတင္းေပးလာပါတယ္။

အေျပာင္းအေရႊ႔ ေစ်းကြက္ပိတ္ဖို႔က ၅ ပတ္ က်န္ရွိေနျပီး လက္ရွိ အခ်ိန္ထိ လီဗာပူးအသင္းဟာ ကစားသမားသစ္ ေခၚယူမႈ တစ္ခုတည္းပဲ လုပ္ေဆာင္ထားပါတယ္။ ဂရိ ဘယ္အစြန္လူ ကိုစတက္ကို ေပါင္ ၁၁ သန္းျဖင့္ ေခၚယူထားျခင္းျဖစ္ျပီး အျခားေသာ ေနရာေတြအတြက္ အင္အားျဖည့္မႈေတြ ရွိမလာေသးပါဘူး။

လီဗာပူးဟာ လယ္လာနာ၊ ကလိုင္း၊ လိုဗရန္တို႔ကို လက္လြတ္ထားတယ္။ ဗဟိုခံစစ္မွဴးေနရာ အားနည္းေနျပီး တိုက္စစ္ပိုင္ အင္အားျဖည့္ဖို႔ လိုအပ္ေနျခင္းေတြ ရွိထားတယ္။ ဝိုက္နယ္ဒမ္ကို သက္တမ္းတိုးဖို႔ မေအာင္ျမင္ေသးသလို ရွာကီြရီ၊ ဂရုဂ်စ္၊ ဝဲလ္ဆန္နဲ႔ အိုရီဂီ အနာဂတ္ေတြကို စီမံမႈေတြ လုပ္ေပးဖို႔ လိုဦးမွာျဖစ္တယ္။

Ian Doyle က လီဗာပူးပရိသတ္ေတြ ေမးျမန္လာတဲ့ အေမးေတြကို webchat ကေန ျပန္ေျဖေပးေနတာျဖစ္ျပီး အဓိက လူေမးမ်ားတဲ့ ေမးခြန္းကေတာ့ အေျပာင္းအေရႊ႔ေရးရာ ကိစၥေတြျဖစ္ပါတယ္။ Ian Doyle ေျဖဆိုမႈေတြထဲက အေျပာင္းအေရႊ႔နဲ႔ ပက္သက္တဲ့ အေျဖ ေလးခုကို ေဖာ္ျပလိုက္ပါတယ္။

– အေျပာင္းအေရႊ႔ ပိတ္ဖို႔က အေဝးၾကီး က်န္ပါေသးတယ္။ ေစ်းကြက္ မပိတ္ခင္ အခ်ိန္မွာပဲ လီဗာပူးအသင္းထံက အေျပာင္းအေရႊ႔ထဲ ဝင္ေရာက္လႈပ္ရွားမႈေတြ အေတာ္မ်ားမ်ား ရွိလာပါလိမ့္မယ္။ အေျခအေနေတြ ပိုရွင္းလင္းလာရင္ေတာ့ ပရိသတ္ေတြက အသင္းရဲ႕ လုပ္ေဆာင္မႈကို ေထာက္ခံလာမွာပါ။

– ကစားသမားသစ္ ေခၚယူမႈက ၂ ခုေလာက္ ရွိပါမယ္။ ၃ ခုေလာက္ထိလည္း ျဖစ္သြားႏုိင္ပါတယ္။

– ကေလာ့ပ္က ထရာအိုေရး (ဝုဗ္) ကို အေတာ္ေလး သေဘာေတြ႔ပါတယ္။ အခုခ်ိန္မွာေတာ့ သူ႔ကို ေခၚယူဖို႔က သိပ္ေစ်းၾကီးလြန္းပါတယ္။

– အနည္းဆံုး ႏွစ္ေယာက္ေလာက္ ထြက္ခြာပါမယ္။ (ရွာကီြရီ၊ ဂရုဂ်စ္၊ ဝဲလ္ဆန္တို႔ရဲ႕ အနာဂတ္နဲ႔ ပက္သက္ျပီး)