စက်တင်ဘာလ ၁ ရက်နေ့တုန်းက လီဗာပူး စီးရီးအို အပြောင်းအလဲ တရားဝင် ဖြစ်လာခဲ့ပြီး ပီတာမိုးနေရာမှာ ဘီလီမော်ဂန် အစားဝင်ပြီဖြစ်ပါတယ်။

စီးအီးအိုသစ် ဖြစ်လာတဲ့ ဘီလီမော်ဂန်က ကလပ်ရဲ့ အကြီးအကဲ ရာထူးကို တာဝန်ယူအပြီးမှာပဲ သူအဓိက လုပ်ဆောင်မယ့် ကိစ္စနှစ်ခုကို ထုတ်ပြောလာခဲ့တယ်။ ပထမဆုံး ဦးစားပေးက အန်ဖီးကွင်းထဲ ပရိသတ်တွေ ပြန်ဝင်ခွင့်ရအောင် လုပ်ပေးဖို့ဆိုတဲ့ ကိစ္စဖြစ်ကာ ဒုတိယကတော့ မန်နေဂျာနဲ့ အားကစားဒါရိုက်တာတို့ကို ထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်။

ဘီလီမော်ဂန်က ” ချက်ခြင်းလုပ်ရမယ့် အဓိက ဦးစားပေးကတော့ အန်ဖီးကွင်းထဲကို ပရိသတ်တွေ ပြန်ဝင်နိုင်ဖို့ ကိစ္စ ဖြစ်ပါတယ်။ ကပ်ဘေးမှာ လက်ရှိ အခြေအနေက မသေချာမှုတွေကို ရင်ဆိုင်နေရတာဖြစ်တယ်။ တကယ်ကို စိန်ခေါ်မှုဖြစ်ကာ ကမ္ဘာပေါ်က အခြားသော စီးပွားရေးတွေလိုပါပဲ။ ကျနော်တို့ ကလပ်ကလည်း ရင်ဆိုင်နေရပါတယ်။

ကျနေ်ာတို့ ကြိုးစားနေပါတယ်။ အစိုးရရဲ့ လမ်းညွှန်မှုတွေကိုလည်း လိုက်နာပြီး ပရီးမီးယားလိဂ်က အခြားသော ကလပ်တွေလိုပဲ ကြိုးစားနေတယ်။ အလုပ်ဖြစ်လာဖို့အတွက် နောက်ကွယ်မှာ အများကြီး ကြိုးစားလုပ်ဆောင်နေရမှုတွေ ရှိပါတယ်။

ကျနေ်ာတို့အသင်းနဲ့ စုဖွဲ့မှု ကောင်းနေတဲ့ အသင်းကို သက်ရောက်စေဖို့ ကျနေ်ာတို့ လုပ်နိုင်တဲ့ အကောင်းဆုံး ထောက်ပံ့မှုတွေ လုပ်ဖို့ လိုပါတယ်။ ကျနေ်ာတို့က နေရာကောင်းမှာရှိနေတာ ရှင်းပါတယ်။ ကုန်ခဲ့တဲ့ ၂ ရာသီက အရမ်းကောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီကတော့ ကွင်းထဲမှာ အောင်မြင်မှု ရခဲ့တယ်။ ခိုင်မာတဲ့ အခြေခံတွေကို တည်ဆောက်ထားနိုင်တယ်။ ဒါပေမယ့် ခက်ခဲတဲ့ ကာလမှာ မသေချာတဲ့ အခြေအနေတွေကို ကျော်ဖြတ်နိုင်အောင် စီမံနေရပါတယ်။

လော့ဒေါင်းကာလ ၅ လ၊ ၆ လလောက်က ကျနေ်ာတို့အတွက် အရမ်းကို ခက်ခဲပါတယ်။ ဒါပေမယ့်ဒါကို ကျော်ဖြတ်နိုင်ခဲ့တာက ကွင်းတွင်း ကွင်းပြင် ကောင်းမွန်တဲ့ သတင်းကောင်းဖြစ်တယ်။ ရာသီသစ်ကို ချန်ပီယံတွေအဖြစ် စတင်ဖို့ ကျနေ်ာတို့ ပြင်ဆင်နေပါတယ်။ ကျနော် အလုပ်က စီးပွားရေးပိုင်းကို ဦးဆောင်ပြီး ယာဂင် ကလော့ပ် နဲ့ မိုင်ကယ် အဒ်ဝတ် တို့ကို ပံ့ပိုးပေးကာ မဲဝုဒ်က အသင်းအတွက် အကောင်းဆုံး လုပ်ပေးဖို့ ဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

စက္တင္ဘာလ ၁ ရက္ေန႔တုန္းက လီဗာပူး စီးရီးအို အေျပာင္းအလဲ တရားဝင္ ျဖစ္လာခဲ့ျပီး ပီတာမိုးေနရာမွာ ဘီလီေမာ္ဂန္ အစားဝင္ျပီျဖစ္ပါတယ္။

စီးအီးအိုသစ္ ျဖစ္လာတဲ့ ဘီလီေမာ္ဂန္က ကလပ္ရဲ႕ အၾကီးအကဲ ရာထူးကို တာဝန္ယူအျပီးမွာပဲ သူအဓိက လုပ္ေဆာင္မယ့္ ကိစၥႏွစ္ခုကို ထုတ္ေျပာလာခဲ့တယ္။ ပထမဆံုး ဦးစားေပးက အန္ဖီးကြင္းထဲ ပရိသတ္ေတြ ျပန္ဝင္ခြင့္ရေအာင္ လုပ္ေပးဖို႔ဆိုတဲ့ ကိစၥျဖစ္ကာ ဒုတိယကေတာ့ မန္ေနဂ်ာနဲ႔ အားကစားဒါရိုက္တာတို႔ကို ေထာက္ပံ့ေပးဖို႔ ျဖစ္ပါတယ္။

ဘီလီေမာ္ဂန္က ” ခ်က္ျခင္းလုပ္ရမယ့္ အဓိက ဦးစားေပးကေတာ့ အန္ဖီးကြင္းထဲကို ပရိသတ္ေတြ ျပန္ဝင္ႏုိင္ဖို႔ ကိစၥ ျဖစ္ပါတယ္။ ကပ္ေဘးမွာ လက္ရွိ အေျခအေနက မေသခ်ာမႈေတြကို ရင္ဆိုင္ေနရတာျဖစ္တယ္။ တကယ္ကို စိန္ေခၚမႈျဖစ္ကာ ကမၻာေပၚက အျခားေသာ စီးပြားေရးေတြလိုပါပဲ။ က်ေနာ္တို႔ ကလပ္ကလည္း ရင္ဆိုင္ေနရပါတယ္။

က်ေန္ာတို႔ ၾကိဳးစားေနပါတယ္။ အစိုးရရဲ႕ လမ္းညႊန္မႈေတြကိုလည္း လိုက္နာျပီး ပရီးမီးယားလိဂ္က အျခားေသာ ကလပ္ေတြလိုပဲ ၾကိဳးစားေနတယ္။ အလုပ္ျဖစ္လာဖို႔အတြက္ ေနာက္ကြယ္မွာ အမ်ားၾကီး ၾကိဳးစားလုပ္ေဆာင္ေနရမႈေတြ ရွိပါတယ္။

က်ေန္ာတုိ႔အသင္းနဲ႔ စုဖြဲ႔မႈ ေကာင္းေနတဲ့ အသင္းကို သက္ေရာက္ေစဖို႔ က်ေန္ာတို႔ လုပ္ႏုိင္တဲ့ အေကာင္းဆံုး ေထာက္ပံ့မႈေတြ လုပ္ဖို႔ လိုပါတယ္။ က်ေန္ာတို႔က ေနရာေကာင္းမွာရွိေနတာ ရွင္းပါတယ္။ ကုန္ခဲ့တဲ့ ၂ ရာသီက အရမ္းေကာင္းခဲ့ပါတယ္။ ျပီးခဲ့တဲ့ ရာသီကေတာ့ ကြင္းထဲမွာ ေအာင္ျမင္မႈ ရခဲ့တယ္။ ခိုင္မာတဲ့ အေျခခံေတြကို တည္ေဆာက္ထားႏုိင္တယ္။ ဒါေပမယ့္ ခက္ခဲတဲ့ ကာလမွာ မေသခ်ာတဲ့ အေျခအေနေတြကို ေက်ာ္ျဖတ္ႏုိင္ေအာင္ စီမံေနရပါတယ္။

ေလာ့ေဒါင္းကာလ ၅ လ၊ ၆ လေလာက္က က်ေန္ာတို႔အတြက္ အရမ္းကို ခက္ခဲပါတယ္။ ဒါေပမယ့္ဒါကို ေက်ာ္ျဖတ္ႏုိင္ခဲ့တာက ကြင္းတြင္း ကြင္းျပင္ ေကာင္းမြန္တဲ့ သတင္းေကာင္းျဖစ္တယ္။ ရာသီသစ္ကို ခ်န္ပီယံေတြအျဖစ္ စတင္ဖို႔ က်ေန္ာတို႔ ျပင္ဆင္ေနပါတယ္။ က်ေနာ္ အလုပ္က စီးပြားေရးပိုင္းကို ဦးေဆာင္ျပီး ယာဂင္ ကေလာ့ပ္ နဲ႔ မိုင္ကယ္ အဒ္ဝတ္ တို႔ကို ပံ့ပိုးေပးကာ မဲဝုဒ္က အသင္းအတြက္ အေကာင္းဆံုး လုပ္ေပးဖို႔ ျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။