ပရီးမီးယားလိဂ်ဟာ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ပြန်လည် စတင်တော့မှာဖြစ်ပြီး ရက်ပေါင်း ၁၈ ရက်အတွင်း လီဗာပူး ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

September 3-8 – နိုင်ငံတကာ သီတင်းပတ်

ဗန်ဒိုက် အပါအဝင် ဥရောပလက်ရွေးစင်အသင်းတွေရဲ့ ရွေးချယ်ခံ အသင်းသားတွေက နိုင်ငံတကာသီတင်းပတ်ကို ပါဝင်သွားကြပါမယ်။ စီနီယာအသင်းသား ၁၂ ဦး ရွေးချယ်ခံထားရတာဖြစ်ပြီး အင်္ဂလန်ယူ-၂၁ အသင်းအတွက် ဘရူးစတား ရွေးချယ်ခံရခြင်း အပါအဝင်ဖြစ်တယ်။ သူတို့အားလုံးက ရာသီအဖွင့်ပွဲ မတိုင်ခင် သုံးရက် အလိုမှာ မဲဝုဒ်ကို ပြန်ရောက်ပါမယ်။

September 12 – လိဒ်ယူနိုက်တက် (အိမ်ကွင်း)

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အဖွင့်ပွဲအဖြစ် ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းဟာ ချန်ပီယံရှစ် ချန်ပီယံအဖြစ် တန်းတက်လာတဲ့ လိဒ်ယူနိုက်တက်ကို ဧည့်ခံပါမယ်။ ဒီတွေ့ဆုံမှုက လွယ်ကူမှာတော့ မဟုတ်ပါဘူး။ လိဒ်ဟာ ကစားပုံကောင်းတဲ့ အသင်းတစ်သင်းဖြစ်ကာ နှစ်သင်းလုံးက ကြံ့ခိုင်မှုနဲ့ ပုံစံကောင်းတွေ မရသေးခင်မှာ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။

September 20 – ချယ်ဆီး (အဝေးကွင်း)

စက်တင်ဘာလအတွင်း လူစိတ်ဝင်စားမှု အများဆုံး ပွဲတွေထဲက တစ်ပွဲဖြစ်ပါတယ်။ ချယ်ဆီးက ကစားသမား ခေါ်ယူမှုတွေ များစွာ လုပ်ထားပြီး ဟာဗက်ကို ခေါ်ယူနိုင်မယ်ဆိုရင် အသုံးစရိတ် ပေါင် သန်း ၂၃၀ ထိ ရှိမှာပါ။ လီဗာပူးဟာ မနှစ်တုန်းက ထိပ်တိုက်တွေ့မှုတွေမှာ ချယ်ဆီးကို အသာစီးရထားတယ်။ ထိပ်သီး ၄ သင်းစာရင်းဝင် အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့မှုဖြစ်ပါတယ်။

September 23 – ကာရာဘောင်း တတိယအဆင့်

ရာသီသစ်ဟာ ပုံမှန်ဘောလုံးရာသီတွေထက် သီတင်းပတ် ၄ ပတ်လောက် တိုတောင်းပေမယ့် ပြိုင်မယ့် ပြိုင်ပွဲတွေကတော့ ယခင်နှစ်တွေအတိုင်းပါပဲ။ ဒါကြောင့် လီဗာပူးက ကာရာဘောင်းကို တတိယအဆင့်ကနေ ယှဉ်ပြိုင်ရဦးမှာဖြစ်ကာ ချယ်ဆီးနဲ့ အာဆင်နယ်ပွဲကြားမှာ ဖြစ်ပါတယ်။

September 28 – အာဆင်နယ် (အိမ်ကွင်း)

မနှစ်က ရာသီဝက်မှာ အရေးနိမ့်ခဲ့သလို၊ ကွန်မြူနတီဒိုင်းပွဲမှာလည်း အရေးနိမ့်ခဲ့တာကြောင့် လန်ဒန်ကလပ်ဟာ လီဗာပူးအတွက် ခက်ခဲတဲ့ အသင်းဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် မန်နေဂျာကလော့ပ်နဲ့ အသင်းသားတွေက စစ်မှန်တဲ့ လီဗာပူးရဲ့ စွမ်းဆောင်ရည်ကို ပြလိုရင်တော့ အနိုင်ရလဒ် တစ်ခုတည်းကို ရယူရပါမယ်။

September 30 – ကာရာဘောင်း စတုတ္ထအဆင့်

တတိယအဆင့် ပွဲစဉ် ကစားပြီး အနိုင်ရ ကျော်ဖြတ်လာမယ်ဆိုရင် တစ်ပတ်အကြာမှာပဲ စတုတ္ထအဆင့်ကို ယှဉ်ပြိုင်ရပါမယ်။ မန်နေဂျာယာဂင်ကလော့ပ်က လိဂ်ဖလားပွဲတွေကို သိပ်အာရုံစိုက်လေ့ မရှိပါဘူး။ လူငယ်တွေကိုပဲ အသားပေးမယ်လို့ ယူဆရပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ဟာ စက္တင္ဘာလ ၁၂ ရက္ေန႔မွာ ျပန္လည္ စတင္ေတာ့မွာျဖစ္ျပီး ရက္ေပါင္း ၁၈ ရက္အတြင္း လီဗာပူး ယွဥ္ျပိဳင္ကစားရမယ့္ ပြဲစဥ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

September 3-8 – ႏိုင္ငံတကာ သီတင္းပတ္

ဗန္ဒိုက္ အပါအဝင္ ဥေရာပလက္ေရြးစင္အသင္းေတြရဲ႕ ေရြးခ်ယ္ခံ အသင္းသားေတြက ႏုိင္ငံတကာသီတင္းပတ္ကို ပါဝင္သြားၾကပါမယ္။ စီနီယာအသင္းသား ၁၂ ဦး ေရြးခ်ယ္ခံထားရတာျဖစ္ျပီး အဂၤလန္ယူ-၂၁ အသင္းအတြက္ ဘရူးစတား ေရြးခ်ယ္ခံရျခင္း အပါအဝင္ျဖစ္တယ္။ သူတို႔အားလံုးက ရာသီအဖြင့္ပြဲ မတိုင္ခင္ သံုးရက္ အလိုမွာ မဲဝုဒ္ကို ျပန္ေရာက္ပါမယ္။

September 12 – လိဒ္ယူႏုိက္တက္ (အိမ္ကြင္း)

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ အဖြင့္ပြဲအျဖစ္ ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးအသင္းဟာ ခ်န္ပီယံရွစ္ ခ်န္ပီယံအျဖစ္ တန္းတက္လာတဲ့ လိဒ္ယူႏုိက္တက္ကို ဧည့္ခံပါမယ္။ ဒီေတြ႔ဆံုမႈက လြယ္ကူမွာေတာ့ မဟုတ္ပါဘူး။ လိဒ္ဟာ ကစားပံုေကာင္းတဲ့ အသင္းတစ္သင္းျဖစ္ကာ ႏွစ္သင္းလံုးက ၾကံ႕ခိုင္မႈနဲ႔ ပံုစံေကာင္းေတြ မရေသးခင္မွာ ထိပ္တိုက္ေတြ႔မွာျဖစ္ပါတယ္။

September 20 – ခ်ယ္ဆီး (အေဝးကြင္း)

စက္တင္ဘာလအတြင္း လူစိတ္ဝင္စားမႈ အမ်ားဆံုး ပြဲေတြထဲက တစ္ပြဲျဖစ္ပါတယ္။ ခ်ယ္ဆီးက ကစားသမား ေခၚယူမႈေတြ မ်ားစြာ လုပ္ထားျပီး ဟာဗက္ကို ေခၚယူႏုိင္မယ္ဆိုရင္ အသံုးစရိတ္ ေပါင္ သန္း ၂၃၀ ထိ ရွိမွာပါ။ လီဗာပူးဟာ မႏွစ္တုန္းက ထိပ္တိုက္ေတြ႔မႈေတြမွာ ခ်ယ္ဆီးကို အသာစီးရထားတယ္။ ထိပ္သီး ၄ သင္းစာရင္းဝင္ အသင္းႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႔မႈျဖစ္ပါတယ္။

September 23 – ကာရာေဘာင္း တတိယအဆင့္

ရာသီသစ္ဟာ ပံုမွန္ေဘာလံုးရာသီေတြထက္ သီတင္းပတ္ ၄ ပတ္ေလာက္ တိုေတာင္းေပမယ့္ ျပိဳင္မယ့္ ျပိဳင္ပြဲေတြကေတာ့ ယခင္ႏွစ္ေတြအတိုင္းပါပဲ။ ဒါေၾကာင့္ လီဗာပူးက ကာရာေဘာင္းကို တတိယအဆင့္ကေန ယွဥ္ျပိဳင္ရဦးမွာျဖစ္ကာ ခ်ယ္ဆီးနဲ႔ အာဆင္နယ္ပြဲၾကားမွာ ျဖစ္ပါတယ္။

September 28 – အာဆင္နယ္ (အိမ္ကြင္း)

မႏွစ္က ရာသီဝက္မွာ အေရးနိမ့္ခဲ့သလို၊ ကြန္ျမဴနတီဒိုင္းပြဲမွာလည္း အေရးနိမ့္ခဲ့တာေၾကာင့္ လန္ဒန္ကလပ္ဟာ လီဗာပူးအတြက္ ခက္ခဲတဲ့ အသင္းဆိုတာ ရွင္းပါတယ္။ ဒါေပမယ့္ မန္ေနဂ်ာကေလာ့ပ္နဲ႔ အသင္းသားေတြက စစ္မွန္တဲ့ လီဗာပူးရဲ႕ စြမ္းေဆာင္ရည္ကို ျပလိုရင္ေတာ့ အႏုိင္ရလဒ္ တစ္ခုတည္းကို ရယူရပါမယ္။

September 30 – ကာရာေဘာင္း စတုတၳအဆင့္

တတိယအဆင့္ ပြဲစဥ္ ကစားျပီး အႏုိင္ရ ေက်ာ္ျဖတ္လာမယ္ဆိုရင္ တစ္ပတ္အၾကာမွာပဲ စတုတၳအဆင့္ကို ယွဥ္ျပိဳင္ရပါမယ္။ မန္ေနဂ်ာယာဂင္ကေလာ့ပ္က လိဂ္ဖလားပြဲေတြကို သိပ္အာရံုစိုက္ေလ့ မရွိပါဘူး။ လူငယ္ေတြကိုပဲ အသားေပးမယ္လို႔ ယူဆရပါတယ္။