ဒီအပတ် စကိုင်းစပေါ့ရဲ့ ဆွေးနွေးမှု အစီအစဉ်မှာတော့ မန်စီးတီး၊ ချယ်ဆီး၊ ယူနိုက်တက်တို့နဲ့ ပက်သက်ပြီး ဆွေးနွေးမှုတွေအပြင် လက်ရှိ ချန်ပီယံ လီဗာပူးနဲ့ ပက်သက်တဲ့ ဆွေးနွေးမှုလည်း ပါဝင်ခဲ့ပါတယ်။

ကာရေဂါက လီဗာပူးအသင်းဟာ လက်ရှိ လူစာရင်းကို လန်းဆန်းမှုတွေ ပေးမယ့် ကစားသမားသစ်တွေ ခေါ်ယူဖို့ လိုတယ်လို့ ထောက်ပြခဲ့တယ်။ ရော်ဘတ်ဆန်နေရာ အရန်အဖြစ် ကိုစတက်ကို ရလိုက်တာက သတင်းကောင်းဖြစ်သော်လည်း ကွင်းလယ်အတွက် အယ်ကန်တာရာ နောက် ခံစစ်မှူး၊ တိုက်စစ်တစ်ဦး ဒါတွေက လီဗာပူး လိုအပ်နေသေးတဲ့ နေရာတွေဖြစ်တယ်။

ကလပ်ဘက်က နွေမှာ လူသစ်တွေ ထပ်ခေါ်ယူဖို့ မလိုဘူးဆိုတဲ့ အတွေးတွေ ရှိနေသလား မသေချာပေမယ့် ကာရေဂါကတော့ လူသစ်ခေါ်ယူခြင်းက ရလာနိုင်တဲ့ အကျိုးအမြတ်တွေကို ပြောပါတယ်။

ခံစစ်မှူးဟောင်းက “ သုံး လေးနှစ်လောက် တူညီတဲ့ အသင်းပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ လူသစ်တွေ ခေါ်ယူဖို့ လိုပါတယ်။ ဒီလို ခေါ်ယူမှုကလည်း တစ်သင်းလုံးအတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာတွေကို မြင့်တင်ပေးနိုင်ပါတယ်။ လီဗာပူး ဘာဆက်လုပ်မလဲ လူခေါ်ယူမလားဆိုတာက စိတ်ဝင်စားစရာ ဖြစ်လာပါလိမ့်မယ် ” လို့ ဆိုခဲ့တယ်။

ဂယ်ရီနဗီးက လီဗာပူးအသင်းက အယ်ကန်တာရာကို ခေါ်ယူခဲ့မယ်ဆိုရင် လှုပ်ရှားမှုကြီးဖြစ်ကာ အများကြီး အကျိုးဖြစ်လိမ့်မယ်လို့ ယန်ခံတယ်။ နောက်ထပ် သုံးသပ်သူဖြစ်တယ် မီဂါရစ်ချက်က တိုက်စစ်မှာ တောင့်တင်းတဲ့ လူစာရင်း မရှိခြင်းက ရာသီသစ်မှာ ချန်ပီယံ လီဗာပူးထက် မန်စီးတီးက အမှတ်ပေးဖလား အနိုင်ရဖို့ ရေပန်းစားနေရခြင်း အကြောင်းရင်းလို့ ထုတ်ပြောပါတယ်။

မန်စီးတီး ခံစစ်မှူးဟောင်းက “ ဆာလက်နဲ့ မာနေး ဒဏ်ရာရသွားရင် သူတို့မှာ အိုရီဂီပဲကျန်တယ်။ အိုရီဂီက လီဗာပူးအတွက် အရေးပါတဲ့ သွင်းဂိုးတွေ သွင်းယူပေးထားပါတယ်။ ဒါပေမယ့် တစ်ရာသီ ပွဲ ၂၀ လောက် ကစားပေးဖို့ရာ အိုရီဂီက ယုံကြည်ရပါ့မလား။ ဒါကြောင့်ပဲ မန်စီးတီးက လီဗာပူးကို ကျော်လွန်ပြီး ရေပန်းစားနေတာ ဖြစ်ပါတယ်။ အဓိကက လူစာရင်းကြောင့်ပါပဲ။ ” လို့ မှတ်ချကပေးသွားပါတယ်။

ZAWGYI

ဒီအပတ္ စကိုင္းစေပါ့ရဲ႕ ေဆြးေႏြးမႈ အစီအစဥ္မွာေတာ့ မန္စီးတီး၊ ခ်ယ္ဆီး၊ ယူႏုိက္တက္တို႔နဲ႔ ပက္သက္ျပီး ေဆြးေႏြးမႈေတြအျပင္ လက္ရွိ ခ်န္ပီယံ လီဗာပူးနဲ႔ ပက္သက္တဲ့ ေဆြးေႏြးမႈလည္း ပါဝင္ခဲ့ပါတယ္။

ကာေရဂါက လီဗာပူးအသင္းဟာ လက္ရွိ လူစာရင္းကို လန္းဆန္းမႈေတြ ေပးမယ့္ ကစားသမားသစ္ေတြ ေခၚယူဖို႔ လိုတယ္လို႔ ေထာက္ျပခဲ့တယ္။ ေရာ္ဘတ္ဆန္ေနရာ အရန္အျဖစ္ ကိုစတက္ကို ရလိုက္တာက သတင္းေကာင္းျဖစ္ေသာ္လည္း ကြင္းလယ္အတြက္ အယ္ကန္တာရာ ေနာက္ ခံစစ္မွဴး၊ တိုက္စစ္တစ္ဦး ဒါေတြက လီဗာပူး လိုအပ္ေနေသးတဲ့ ေနရာေတြျဖစ္တယ္။

ကလပ္ဘက္က ေႏြမွာ လူသစ္ေတြ ထပ္ေခၚယူဖို႔ မလိုဘူးဆိုတဲ့ အေတြးေတြ ရွိေနသလား မေသခ်ာေပမယ့္ ကာေရဂါကေတာ့ လူသစ္ေခၚယူျခင္းက ရလာႏုိင္တဲ့ အက်ိဳးအျမတ္ေတြကို ေျပာပါတယ္။

ခံစစ္မွဴးေဟာင္းက “ သံုး ေလးႏွစ္ေလာက္ တူညီတဲ့ အသင္းပဲ ျဖစ္ပါတယ္။ တစ္ခါတစ္ေလမွာ လူသစ္ေတြ ေခၚယူဖို႔ လိုပါတယ္။ ဒီလို ေခၚယူမႈကလည္း တစ္သင္းလံုးအတြက္ စိတ္ဓါတ္ပိုင္းဆိုင္ရာေတြကို ျမင့္တင္ေပးႏုိင္ပါတယ္။ လီဗာပူး ဘာဆက္လုပ္မလဲ လူေခၚယူမလားဆိုတာက စိတ္ဝင္စားစရာ ျဖစ္လာပါလိမ့္မယ္ ” လို႔ ဆိုခဲ့တယ္။

ဂယ္ရီနဗီးက လီဗာပူးအသင္းက အယ္ကန္တာရာကို ေခၚယူခဲ့မယ္ဆိုရင္ လႈပ္ရွားမႈၾကီးျဖစ္ကာ အမ်ားၾကီး အက်ိဳးျဖစ္လိမ့္မယ္လို႔ ယန္ခံတယ္။ ေနာက္ထပ္ သံုးသပ္သူျဖစ္တယ္ မီဂါရစ္ခ်က္က တိုက္စစ္မွာ ေတာင့္တင္းတဲ့ လူစာရင္း မရွိျခင္းက ရာသီသစ္မွာ ခ်န္ပီယံ လီဗာပူးထက္ မန္စီးတီးက အမွတ္ေပးဖလား အႏုိင္ရဖို႔ ေရပန္းစားေနရျခင္း အေၾကာင္းရင္းလို႔ ထုတ္ေျပာပါတယ္။

မန္စီးတီး ခံစစ္မွဴးေဟာင္းက “ ဆာလက္နဲ႔ မာေနး ဒဏ္ရာရသြားရင္ သူတို႔မွာ အိုရီဂီပဲက်န္တယ္။ အိုရီဂီက လီဗာပူးအတြက္ အေရးပါတဲ့ သြင္းဂိုးေတြ သြင္းယူေပးထားပါတယ္။ ဒါေပမယ့္ တစ္ရာသီ ပြဲ ၂၀ ေလာက္ ကစားေပးဖို႔ရာ အိုရီဂီက ယံုၾကည္ရပါ့မလား။ ဒါေၾကာင့္ပဲ မန္စီးတီးက လီဗာပူးကို ေက်ာ္လြန္ျပီး ေရပန္းစားေနတာ ျဖစ္ပါတယ္။ အဓိကက လူစာရင္းေၾကာင့္ပါပဲ။ ” လို႔ မွတ္ခ်ကေပးသြားပါတယ္။