ဒီရက်ထဲမှာ ဘာစီလိုနာက လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို ခေါ်ယူဖို့ ဆွေးနွေးနေပြီး ယူရို ၁၅ သန်းဖြင့် ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

လီဗာပူးအသင်းရဲ့ အကြီးတန်း တာဝန်ရှိသူတစ်ဦးက အဆိုပါ ကိစ္စအတွက် The Athletic မှ သတင်းထောက် James Pearce ကို သတင်းပေးခဲ့ရာမှာတော့ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ ကိစ္စတွေက မမှန်ဘူးလို့ ဆိုပါတယ်။ အန်ဖီးဘက်က သတင်းပေးမှုနဲ့အတူ စပိန်ကလပ်က ဝိုက်နယ်ဒမ်အတွက် ကမ်းလှမ်းမှု ပို့ထားကာ နှစ်သင်းကြား ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု ရထားပြီဆိုတဲ့ သတင်းတွေက မဟုတ်မှန်ပါကြောင်း James Pearce က ဖော်ပြခဲ့ခြင်းဖြစ်တယ်။

ယနေ့ချိန်ထိ လီဗာပူးနဲ့ ဘာစီလိုနာကြားမှာ ဆက်သွယ်မှု လုံးဝ မရှိထားပါဘူး။ နယ်သာလန်သားရဲ့ အနာဂတ်က စာချုပ်နောက်ဆုံးနှစ်ထဲ ဝင်ရောက်လာမှုနဲ့အတူ ကောလဟာလတွေ များစွာ ထွက်ပေါ်လာနေတယ်။ စာချုပ်သစ်ကိစ္စမှာတော့ မနှစ်ကရာသီမှာ သက်တမ်းတိုးကိစ္စ ပြောဆိုခဲ့ပြီးတဲ့နောက် လုံးဝ ရပ်ဆိုင်းခဲ့ကာ လီဗာပူးဘက်က ကမ်းလှမ်းမှု ထပ်မပေးသေးပါဘူး။

ဝိုက်နယ်ဒမ်ဘက်ကတော့ လီဗာပူးကနေ ထွက်ခွာလိုကြောင်း ပြသနေခြင်း မရှိသလို အန်ဖီးကလပ်ကလည်း ဝိုက်နယ်ဒမ်ကို ရောင်းထုတ်ဖို့အတွက် ဆန္ဒမရှိတဲ့ အနေအထားဖြစ်တယ်။

လီဗာပူးဟာ ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်မှ အယ်ကန်တာရာအတွက် ကမ်းလှမ်းမှုလည်း မရှိသေးပါဘူး။ အယ်ကန်တာရာက ပရီးမီးယားလိဂ်ကို ပြောင်းလာလိုခြင်းက သိသာတဲ့ ကိစ္စဖြစ်ပေမယ့် ယူရို သန်း ၃၀ တောင်းဆိုထားတဲ့ ကွင်းလယ်လူကို စိတ်ဝင်စားနေတာကလွဲလို့ လီဗာပူးဘက်က တရားဝင် ချိတ်ဆက်မှု အခုချိန်ထိ မစတင်ထားပါဘူး။

ZAWGYI

ဒီရက္ထဲမွာ ဘာစီလိုနာက လီဗာပူးကြင္းလယ္လူ ဝိုက္နယ္ဒမ္ကို ေခၚယူဖို႔ ေဆြးေႏြးေနျပီး ယူရို ၁၅ သန္းျဖင့္ ေခၚယူမယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနပါတယ္။

လီဗာပူးအသင္းရဲ႕ အၾကီးတန္း တာဝန္ရွိသူတစ္ဦးက အဆိုပါ ကိစၥအတြက္ The Athletic မွ သတင္းေထာက္ James Pearce ကို သတင္းေပးခဲ့ရာမွာေတာ့ ထြက္ေပၚေနတဲ့ အေျပာင္းအေရႊ႔ ကိစၥေတြက မမွန္ဘူးလို႔ ဆိုပါတယ္။ အန္ဖီးဘက္က သတင္းေပးမႈနဲ႔အတူ စပိန္ကလပ္က ဝိုက္နယ္ဒမ္အတြက္ ကမ္းလွမ္းမႈ ပို႔ထားကာ ႏွစ္သင္းၾကား ေျပာင္းေရႊ႔ေၾကးအတြက္ သေဘာတူညီမႈ ရထားျပီဆိုတဲ့ သတင္းေတြက မဟုတ္မွန္ပါေၾကာင္း James Pearce က ေဖာ္ျပခဲ့ျခင္းျဖစ္တယ္။

ယေန႔ခ်ိန္ထိ လီဗာပူးနဲ႔ ဘာစီလိုနာၾကားမွာ ဆက္သြယ္မႈ လုံးဝ မရွိထားပါဘူး။ နယ္သာလန္သားရဲ႕ အနာဂတ္က စာခ်ဳပ္ေနာက္ဆံုးႏွစ္ထဲ ဝင္ေရာက္လာမႈနဲ႔အတူ ေကာလဟာလေတြ မ်ားစြာ ထြက္ေပၚလာေနတယ္။ စာခ်ဳပ္သစ္ကိစၥမွာေတာ့ မႏွစ္ကရာသီမွာ သက္တမ္းတိုးကိစၥ ေျပာဆိုခဲ့ျပီးတဲ့ေနာက္ လံုးဝ ရပ္ဆိုင္းခဲ့ကာ လီဗာပူးဘက္က ကမ္းလွမ္းမႈ ထပ္မေပးေသးပါဘူး။

ဝိုက္နယ္ဒမ္ဘက္ကေတာ့ လီဗာပူးကေန ထြက္ခြာလိုေၾကာင္း ျပသေနျခင္း မရွိသလို အန္ဖီးကလပ္ကလည္း ဝိုက္နယ္ဒမ္ကို ေရာင္းထုတ္ဖို႔အတြက္ ဆႏၵမရွိတဲ့ အေနအထားျဖစ္တယ္။

လီဗာပူးဟာ ဂ်ာမနီကလပ္ ဘိုင္ယန္ျမဴးနစ္မွ အယ္ကန္တာရာအတြက္ ကမ္းလွမ္းမႈလည္း မရွိေသးပါဘူး။ အယ္ကန္တာရာက ပရီးမီးယားလိဂ္ကို ေျပာင္းလာလိုျခင္းက သိသာတဲ့ ကိစၥျဖစ္ေပမယ့္ ယူရို သန္း ၃၀ ေတာင္းဆိုထားတဲ့ ကြင္းလယ္လူကို စိတ္ဝင္စားေနတာကလြဲလို႔ လီဗာပူးဘက္က တရားဝင္ ခ်ိတ္ဆက္မႈ အခုခ်ိန္ထိ မစတင္ထားပါဘူး။