လီဗာပူးအသင်းဟာ အသက် ၂၃ နှစ်အရွယ် ဗဟိုခံစစ်မှူး နေးဖီလစ်ကို ချန်ပီယံရှစ်ထံ အငှားချသွားမှာဖြစ်ပြီး ဘရစ္စတိုစီးတီးထံ ရောက်ဖို့ နီးစပ်နေတယ်လို့ The Athletic က ဖော်ပြပါတယ်။

စတုဂတ်ကနေ ပြန်ရောက်လာတဲ့ ခံစစ်မှူးကို ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေထဲမှာ အငှား ကမ်းလှမ်းမှုကော၊ အပြီးသတ် ကမ်းလှမ်းမှုကော ပါဝင်နေတာပါ။ သြစတြီးယား ရာသီကြို ပြင်ဆင်မှုမှာ ပါဝင်ခဲ့ကာ ချစ်ကြည်ရေးပွဲ နှစ်ပွဲကိုလည်း ပါဝင်ကစားခဲ့တဲ့ နေးဖီးလစ်ဟာ ကွန်မြူနတီဒိုင်းပွဲမှာတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

လီဗာပူးအသင်းမှာ ၁၇ နှစ်သား ခံစစ်မှူး ဘီလီက နာမည် တစ်ရှိန်ထိုး တက်လာနေကာ နေးဖီးလစ်ကို ချန်လှပ်ခဲ့ခြင်းက သူဟာ ယာဂင်ကလော့ပ်ရဲ့ အနာဂတ် အစီအစဉ်တွေမှာ မပါဝင်တော့တဲ့ သဘောထားလည်း ဖြစ်ကြောင်း လီဗာပူးအသိုင်းအဝိုင်းဘက်က သုံးသပ်ထားတယ်။

လိုဗရန်ကို ဇင်းနစ်ထံ ပေါင် ၁၀.၉ သန်းဖြင့် ရောင်းထုတ်ထားတဲ့နောက် လီဗာပူးအသင်းမှာ ခံစစ်မှူးအင်အား နည်းပါးနေပါတယ်။ မာတစ်က ဒဏ်ရာကနေ ပြန်သက်သာလာနေပြီး လက်ရှိမှာ စီနီယာခံစစ်မှူး သုံးဦးပဲ ရှိတဲ့ အနေအထားပါ။ ဒီအခြေအနေမှာ ဘရစ္စတိုစီးတီးက နေးဖီးလစ်ကို အငှားခေါ်ယူရာမှာ ပုံမှန်ပွဲထွက်ခွင့်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုကို လုပ်ထားခြင်းဖြစ်တယ်။

၂၀၁၉ ခုနှစ်ကမှ လီဗာပူးနဲ့ ကာလရှည် စာချုပ်ချုပ်ထားတဲ့ နေးဖီးလစ်ဟာ ပြီးခဲ့တဲ့ ဘောလုးရာသီမှာ အန်ဖီးကို ခေတ္တာပြန်ရောက်လာစဉ် အဲဗာတန်နဲ့ အက်ဖ်အေပွဲအတွင်း ပါဝင်ကစားခဲ့ပါသေးတယ်။ သူဟာ စတုဂတ်ကို ပြန်ထွက်သွားခဲ့ပြီး တစ်ရာသီလုံးမှာ ပွဲပေါင်း ၂၂ ပွဲ ကစားခဲ့သူဖြစ်ပါတယ်။

ဒီသတင်းဟာ စိတ်ဝင်စားဖွယ် ကောင်းလာခဲ့ပြီး စီနီယာခံစစ်မှူး ရှားပါးနေချိန်မှာ ၂၃ နှစ်သား ဗဟိုခံစစ်မှူးကို လက်လွတ်ခြင်းက လီဗာပူးဟာ ခံစစ်မှူးသစ်ရဖို့ ယုံကြည်ချက် ရှိနေခြင်းကြောင့်လို့ ယူဆစရာလည်း ရှိလာပါတယ်။ နေးဖီးလစ် ထွက်ခွာမယ့်နောက် လူငယ်ခံစစ်မှူးတွေအဖြစ် ၁၈ နှစ်သား ဟိုဗာ၊ ၁၉ နှစ်သား ဗန်ဒန်ဘယ်ရာ၊ ၁၇ နှစ်သား ဘီလီတို့ပဲ ကျန်ရှိမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ အသက္ ၂၃ ႏွစ္အရြယ္ ဗဟိုခံစစ္မွဴး ေနးဖီလစ္ကို ခ်န္ပီယံရွစ္ထံ အငွားခ်သြားမွာျဖစ္ျပီး ဘရစၥတိုစီးတီးထံ ေရာက္ဖို႔ နီးစပ္ေနတယ္လုိ႔ The Athletic က ေဖာ္ျပပါတယ္။

စတုဂတ္ကေန ျပန္ေရာက္လာတဲ့ ခံစစ္မွဴးကို ကလပ္ေတြရဲ႕ ကမ္းလွမ္းမႈေတြထဲမွာ အငွား ကမ္းလွမ္းမႈေကာ၊ အျပီးသတ္ ကမ္းလွမ္းမႈေကာ ပါဝင္ေနတာပါ။ ၾသစၾတီးယား ရာသီၾကိဳ ျပင္ဆင္မႈမွာ ပါဝင္ခဲ့ကာ ခ်စ္ၾကည္ေရးပြဲ ႏွစ္ပြဲကိုလည္း ပါဝင္ကစားခဲ့တဲ့ ေနးဖီးလစ္ဟာ ကြန္ျမဴနတီဒိုင္းပြဲမွာေတာ့ ပါဝင္ခဲ့ျခင္း မရွိပါဘူး။

လီဗာပူးအသင္းမွာ ၁၇ ႏွစ္သား ခံစစ္မွဴး ဘီလီက နာမည္ တစ္ရွိန္ထိုး တက္လာေနကာ ေနးဖီးလစ္ကို ခ်န္လွပ္ခဲ့ျခင္းက သူဟာ ယာဂင္ကေလာ့ပ္ရဲ႕ အနာဂတ္ အစီအစဥ္ေတြမွာ မပါဝင္ေတာ့တဲ့ သေဘာထားလည္း ျဖစ္ေၾကာင္း လီဗာပူးအသိုင္းအဝိုင္းဘက္က သံုးသပ္ထားတယ္။

လိုဗရန္ကို ဇင္းနစ္ထံ ေပါင္ ၁၀.၉ သန္းျဖင့္ ေရာင္းထုတ္ထားတဲ့ေနာက္ လီဗာပူးအသင္းမွာ ခံစစ္မွဴးအင္အား နည္းပါးေနပါတယ္။ မာတစ္က ဒဏ္ရာကေန ျပန္သက္သာလာေနျပီး လက္ရွိမွာ စီနီယာခံစစ္မွဴး သံုးဦးပဲ ရွိတဲ့ အေနအထားပါ။ ဒီအေျခအေနမွာ ဘရစၥတိုစီးတီးက ေနးဖီးလစ္ကို အငွားေခၚယူရာမွာ ပံုမွန္ပြဲထြက္ခြင့္ေပးမယ္ဆိုတဲ့ ကမ္းလွမ္းမႈကို လုပ္ထားျခင္းျဖစ္တယ္။

၂၀၁၉ ခုႏွစ္ကမွ လီဗာပူးနဲ႔ ကာလရွည္ စာခ်ဳပ္ခ်ဳပ္ထားတဲ့ ေနးဖီးလစ္ဟာ ျပီးခဲ့တဲ့ ေဘာလုးရာသီမွာ အန္ဖီးကို ေခတၱာျပန္ေရာက္လာစဥ္ အဲဗာတန္နဲ႔ အက္ဖ္ေအပြဲအတြင္း ပါဝင္ကစားခဲ့ပါေသးတယ္။ သူဟာ စတုဂတ္ကို ျပန္ထြက္သြားခဲ့ျပီး တစ္ရာသီလံုးမွာ ပြဲေပါင္း ၂၂ ပြဲ ကစားခဲ့သူျဖစ္ပါတယ္။

ဒီသတင္းဟာ စိတ္ဝင္စားဖြယ္ ေကာင္းလာခဲ့ျပီး စီနီယာခံစစ္မွဴး ရွားပါးေနခ်ိန္မွာ ၂၃ ႏွစ္သား ဗဟိုခံစစ္မွဴးကို လက္လြတ္ျခင္းက လီဗာပူးဟာ ခံစစ္မွဴးသစ္ရဖို႔ ယံုၾကည္ခ်က္ ရွိေနျခင္းေၾကာင့္လို႔ ယူဆစရာလည္း ရွိလာပါတယ္။ ေနးဖီးလစ္ ထြက္ခြာမယ့္ေနာက္ လူငယ္ခံစစ္မွဴးေတြအျဖစ္ ၁၈ ႏွစ္သား ဟိုဗာ၊ ၁၉ ႏွစ္သား ဗန္ဒန္ဘယ္ရာ၊ ၁၇ ႏွစ္သား ဘီလီတို႔ပဲ က်န္ရွိမွာ ျဖစ္ပါတယ္။