ချယ်ဆီးတိုက်စစ်မှူးသစ် တီမိုဝါနာက ရာသီသစ်အတွက် သူ့ရဲ့ ရည်မှန်းချက်က ချယ်ဆီးနဲ့အတူ အကောင်းဆုံး ကြိုးစားပြီး လီဗာပူး၊ မန်စီးတီးတို့ကို ယှဉ်ပြိုင်ဖို့ဖြစ်ကြောင်း စိန်ခေါ်လိုက်ပါတယ်။

ချယ်ဆီးဟာ ခေါ်ယူအားဖြည့်မှုပေါင်း များစွာကြောင့် လာမယ့်ရာသီ လီဗာပူးနဲ့ မန်စီးတီးကို စိန်ခေါ်နိုင်မယ့် အသင်းအဖြစ် ထင်ကြေးပေးခံရမှုတွေ ရှိနေတယ်။ ဂျာမနီသားကလည်း ဒီထင်မြင်ချက်တွေအတိုင်း ကွင်းထဲမှာ လုပ်ဆောင်ပြလိုတယ်လို့ ဆိုလာခဲ့တာ ဖြစ်ပါတယ်။

တီမိုဝါနာက ” မန်နေဂျာလမ်းပတ်နဲ့ အလုပ်တွဲလုပ်နေမှုက အရမ်းကောင်းပါတယ်။ သူက ကျနော်တင် မဟုတ်ဘဲ တစ်သင်းလုံးကို မနှစ်ကထက် တိုးတက်လာဖို့နဲ့ ကွင်းထဲမှာ ဘာတွေ လုပ်ရမလဲဆိုတဲ့အပေါ် ရှင်းပြမှုတွေ လုပ်ဆောင်ပေးထားတယ်။

သူ့နဲ့ အလုပ်လုပ်ရတာက သိပ်ကောင်းသလို အနာဂတ်န့ ပက်သက်ပြိး သူ့ရဲ့ အစီအစဉ်နဲ့ ပက်သက်လို့လည်း ဆွေးနွေး ပြောဆိုထားတယ်။ ကျနေ်ာတို့က မန်စီးတီးနဲ့ လီဗာပူးလို အသင်းတွေကို ပြိုင်ဆိုင်လိုစိတ် ရှိပါတယ်။

ချယ်ဆီးက အသင်းကြီးတစ်သင်းဖြစ်ကာ နောက်ထပ် အဆင့်တွေကို ကျနော်တို့ ထပ်ရောက်နိုင်သေးတယ်လို့ ထင်တယ်။ အရမ်းကောင်းတဲ့ ကစားသမားတွေနဲ့ ဒီကစားသမားတွေကို ဘယ်လို ကစားရမယ်ဆိုတာကို လမ်းညွှန်ပြီး တိုးတက်လာအောင် လုပ်ပေးမယ့် မန်နေဂျာလည်း ရှိနေပါတယ်။

နည်းစနစ်ပိုင်းမှာကော ကြံ့ခိုင်မှု ပိုင်းမှာပါ ကျနေ်ာတို့ အများကြီး ကြိုးစားလာနေပါတယ်။ ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေအောင် သေချာလုပ်ဖို့ ကျနေ်ာတို့ ကြိုးစားနေပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးနဲ့ ချယ်ဆီးဟာ ပရီးမီးယားလိဂ် အဖွင့်ကာလဖြစ်တဲ့ ပွဲစဉ် ၃ မှာတင် ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးတိုက္စစ္မွဴးသစ္ တီမိုဝါနာက ရာသီသစ္အတြက္ သူ႔ရဲ႕ ရည္မွန္းခ်က္က ခ်ယ္ဆီးနဲ႔အတူ အေကာင္းဆံုး ၾကိဳးစားျပီး လီဗာပူး၊ မန္စီးတီးတို႔ကို ယွဥ္ျပိဳင္ဖို႔ျဖစ္ေၾကာင္း စိန္ေခၚလိုက္ပါတယ္။

ခ်ယ္ဆီးဟာ ေခၚယူအားျဖည့္မႈေပါင္း မ်ားစြာေၾကာင့္ လာမယ့္ရာသီ လီဗာပူးနဲ႔ မန္စီးတီးကို စိန္ေခၚႏုိင္မယ့္ အသင္းအျဖစ္ ထင္ေၾကးေပးခံရမႈေတြ ရွိေနတယ္။ ဂ်ာမနီသားကလည္း ဒီထင္ျမင္ခ်က္ေတြအတိုင္း ကြင္းထဲမွာ လုပ္ေဆာင္ျပလိုတယ္လို႔ ဆိုလာခဲ့တာ ျဖစ္ပါတယ္။

တီမိုဝါနာက ” မန္ေနဂ်ာလမ္းပတ္နဲ႔ အလုပ္တြဲလုပ္ေနမႈက အရမ္းေကာင္းပါတယ္။ သူက က်ေနာ္တင္ မဟုတ္ဘဲ တစ္သင္းလံုးကို မႏွစ္ကထက္ တိုးတက္လာဖို႔နဲ႔ ကြင္းထဲမွာ ဘာေတြ လုပ္ရမလဲဆိုတဲ့အေပၚ ရွင္းျပမႈေတြ လုပ္ေဆာင္ေပးထားတယ္။

သူ႔နဲ႔ အလုပ္လုပ္ရတာက သိပ္ေကာင္းသလို အနာဂတ္န႔ ပက္သက္ျပိး သူ႔ရဲ႕ အစီအစဥ္နဲ႔ ပက္သက္လို႔လည္း ေဆြးေႏြး ေျပာဆိုထားတယ္။ က်ေန္ာတို႔က မန္စီးတီးနဲ႔ လီဗာပူးလို အသင္းေတြကို ျပိဳင္ဆိုင္လိုစိတ္ ရွိပါတယ္။

ခ်ယ္ဆီးက အသင္းၾကီးတစ္သင္းျဖစ္ကာ ေနာက္ထပ္ အဆင့္ေတြကို က်ေနာ္တို႔ ထပ္ေရာက္ႏုိင္ေသးတယ္လို႔ ထင္တယ္။ အရမ္းေကာင္းတဲ့ ကစားသမားေတြနဲ႔ ဒီကစားသမားေတြကို ဘယ္လို ကစားရမယ္ဆိုတာကို လမ္းညႊန္ျပီး တိုးတက္လာေအာင္ လုပ္ေပးမယ့္ မန္ေနဂ်ာလည္း ရွိေနပါတယ္။

နည္းစနစ္ပိုင္းမွာေကာ ၾကံ႕ခိုင္မႈ ပိုင္းမွာပါ က်ေန္ာတို႔ အမ်ားၾကီး ၾကိဳးစားလာေနပါတယ္။ ရာသီသစ္အတြက္ အဆင္သင့္ျဖစ္ေနေအာင္ ေသခ်ာလုပ္ဖို႔ က်ေန္ာတို႔ ၾကိဳးစားေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးနဲ႔ ခ်ယ္ဆီးဟာ ပရီးမီးယားလိဂ္ အဖြင့္ကာလျဖစ္တဲ့ ပြဲစဥ္ ၃ မွာတင္ ထိပ္တိုက္ေတြ႔ၾကမွာ ျဖစ္ပါတယ္။