ဘယ်အစွန်လူ ရော်ဘတ်ဆန်က အသင်းကို ကိုစတက် ရောက်လာပေမယ့် ပွဲထွက်နေရာအတွက် လက်လွတ် ခံမှာမဟုတ်ဘဲ ဆက်ပြီး ကြိုးစားဦးမယ်လို့ ပြတ်ပြတ်သားသား ထုတ်ပြောလိုက်ပါတယ်။

ရော်ဘတ်ဆန်က “ ကိုစတက်က အသားကျလာနေပါတယ်။ ကစားသမားတစ်ယောက် အနေနဲ့ကော ပုဂ္ဂိုလ်တစ်ယောက်အဖြစ်ပါ သူက ယုံကြည်မှုတွေလည်း တိုးတက်လာနေတယ်။ ဒီအတွက် အားလုံးသော အသင်းဖော်တွေနဲ့ ဝန်ထမ်းတွေကိုလည်း အသိအမှတ် ပြုရမှာပါ။

လေ့ကျင့်ရေးမှာ ကိုစတက်ကို မြင်ထားရပြီး သူက ကစားသမားကောင်းပါတယ်။ အိုလံပီယာကိုစ့်မှာ သူကစားခဲ့တာကို ကျနော် အများကြီး မြင်ဖူးတယ်လို့ မပြောနိုင်ပပါဘူး။ ဒါပေမယ့် ကလပ်က သူဟာ အရည်အချင်းရှိတယ်လို့ ယူဆတာကြောင့် လူစာရင်းအတွက် ခေါ်ယူခဲ့တာပါ။ သူ အကောင်းဆုံး လုပ်နိုင်မယ်ဆိုတာကို ကျနော် သံသယ မရှိပါဘူး။

ကိုစတက်က ဘယ်အစွန်ကစားသူပါ။ ကျနော်အတွက်ကတော့ ပုဂ္ဂိုလ်ရေးအရ ဘယ်အစွန်အတွက် နံပါတ်တစ် ပွဲထွက်သူနေရာမှာပဲ ဆက်ရှိလိုပါတယ်။ ကစားနိုင်သလောက် ကြံ့ခိုင်နေသလောက် ပွဲတွေ ဆက်ကစားလိုတယ်၊ အမြင့်ဆုံး အဆင့်ကို ထိန်းသိမ်းထားလိုတယ်။ ပွဲတိုင်းကို ကစားလိုပါတယ်။ အဲ့တာက အမြဲတမ်း မဖြစ်နိုင်ပေမယ့် ကျနောက် ဘယ်အစွန်နေရာအတါက် အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ ကြိုးစားမယ် စိတ်ပိုင်းဖြတ်ထားတယ်။

ဒါကပဲ ကျနော် ရည်မှန်းချက်ဖြစ်ပါတယ်။ ကိုစတက်ကလည်း တူညီတဲ့ ရည်မှန်းချက် ရှိမှာပါပပဲ။ ဒါပေမယ့် ကျနေ်ာတို့ အားလုံး ပြိုင်ဆိုင်မှု လိုပါတယ်။ နေရာတိုင်းအတွက် ပြိုင်ဆိုင်မှုနဲ့အတူ အားလုံးသော အသင်းဖော်တွေကလည်း ပွဲထွက်ဂျာစီကို ဆက်ထိန်းလိုမှာပါ။ အဲ့တာက ကျနေ်ာတို့ရဲ့ ရည်မှန်းချက်ပါပဲ။ ကျနော်အတွက်လည်း ဒါက ရည်မှန်းချက်ဖြစ်ပါတယ်။

ကုန်ခဲ့တဲ့ ၂ နှစ်ခွဲမှာ ကျနော်က ဘောလုံးရာသီကောင်းကို ပိုင်ဆိုင်ခဲ့တယ်။ ကောင်းကောင်းကစားခဲ့တယ်လို့ ထင်ပါတယ်။ ဒီအတွက် ဆက်ပြီးလည်း ကြိုးစားလိုနေပြီး လာမယ့် ရာသီသစ်ကို အောင်မြင်မယ်လို့ မျှော်လင့်ထားပါတယ် ” လို့ လီဗာပူးဝဘ်ဆိုဒ်ကနေ ပြောဆိုသွားပါတယ်။

ZAWGYI

ဘယ္အစြန္လူ ေရာ္ဘတ္ဆန္က အသင္းကို ကိုစတက္ ေရာက္လာေပမယ့္ ပြဲထြက္ေနရာအတြက္ လက္လြတ္ ခံမွာမဟုတ္ဘဲ ဆက္ျပီး ၾကိဳးစားဦးမယ္လို႔ ျပတ္ျပတ္သားသား ထုတ္ေျပာလိုက္ပါတယ္။

ေရာ္ဘတ္ဆန္က “ ကိုစတက္က အသားက်လာေနပါတယ္။ ကစားသမားတစ္ေယာက္ အေနနဲ႔ေကာ ပုဂၢိဳလ္တစ္ေယာက္အျဖစ္ပါ သူက ယံုၾကည္မႈေတြလည္း တိုးတက္လာေနတယ္။ ဒီအတြက္ အားလံုးေသာ အသင္းေဖာ္ေတြနဲ႔ ဝန္ထမ္းေတြကိုလည္း အသိအမွတ္ ျပဳရမွာပါ။

ေလ့က်င့္ေရးမွာ ကိုစတက္ကို ျမင္ထားရျပီး သူက ကစားသမားေကာင္းပါတယ္။ အိုလံပီယာကိုစ့္မွာ သူကစားခဲ့တာကို က်ေနာ္ အမ်ားၾကီး ျမင္ဖူးတယ္လို႔ မေျပာႏုိင္ပပါဘူး။ ဒါေပမယ့္ ကလပ္က သူဟာ အရည္အခ်င္းရွိတယ္လို႔ ယူဆတာေၾကာင့္ လူစာရင္းအတြက္ ေခၚယူခဲ့တာပါ။ သူ အေကာင္းဆံုး လုပ္ႏုိင္မယ္ဆိုတာကို က်ေနာ္ သံသယ မရွိပါဘူး။

ကိုစတက္က ဘယ္အစြန္ကစားသူပါ။ က်ေနာ္အတြက္ကေတာ့ ပုဂၢိဳလ္ေရးအရ ဘယ္အစြန္အတြက္ နံပါတ္တစ္ ပြဲထြက္သူေနရာမွာပဲ ဆက္ရွိလိုပါတယ္။ ကစားႏုိုင္သေလာက္ ၾကံ႕ခိုင္ေနသေလာက္ ပြဲေတြ ဆက္ကစားလိုတယ္၊ အျမင့္ဆံုး အဆင့္ကို ထိန္းသိမ္းထားလိုတယ္။ ပြဲတိုင္းကို ကစားလိုပါတယ္။ အဲ့တာက အျမဲတမ္း မျဖစ္ႏုိင္ေပမယ့္ က်ေနာက္ ဘယ္အစြန္ေနရာအတါက္ အေကာင္းဆံုး လုပ္ေဆာင္ႏုိင္ဖို႔ ၾကိဳးစားမယ္ စိတ္ပိုင္းျဖတ္ထားတယ္။

ဒါကပဲ က်ေနာ္ ရည္မွန္းခ်က္ျဖစ္ပါတယ္။ ကိုစတက္ကလည္း တူညီတဲ့ ရည္မွန္းခ်က္ ရွိမွာပါပပဲ။ ဒါေပမယ့္ က်ေန္ာတို႔ အားလံုး ျပိဳင္ဆိုင္မႈ လိုပါတယ္။ ေနရာတိုင္းအတြက္ ျပိဳင္ဆိုင္မႈနဲ႔အတူ အားလံုးေသာ အသင္းေဖာ္ေတြကလည္း ပြဲထြက္ဂ်ာစီကို ဆက္ထိန္းလိုမွာပါ။ အဲ့တာက က်ေန္ာတို႔ရဲ႕ ရည္မွန္းခ်က္ပါပဲ။ က်ေနာ္အတြက္လည္း ဒါက ရည္မွန္းခ်က္ျဖစ္ပါတယ္။

ကုန္ခဲ့တဲ့ ၂ ႏွစ္ခြဲမွာ က်ေနာ္က ေဘာလံုးရာသီေကာင္းကို ပိုင္ဆိုင္ခဲ့တယ္။ ေကာင္းေကာင္းကစားခဲ့တယ္လို႔ ထင္ပါတယ္။ ဒီအတြက္ ဆက္ျပီးလည္း ၾကိဳးစားလိုေနျပီး လာမယ့္ ရာသီသစ္ကို ေအာင္ျမင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္ ” လို႔ လီဗာပူးဝဘ္ဆိုဒ္ကေန ေျပာဆိုသြားပါတယ္။