လာမယ့် စနေနေ့ မြန်မာစံတော်ချိန် ၈ နာရီခွဲမှာ လီဗာပူးအသင်းက ဘလက်ပူးလ်နဲ့ အန်ဖီးကွင်းမှာ ချစ်ကြည်ရေးပွဲ ကစားမယ်လို့ တရားဝင် ကြေညာလိုက်ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့တုန်းက လီဗာပူး စီးရီးအို အပြောင်းအလဲ တရားဝင် ဖြစ်လာခဲ့ပြီး ပီတာမိုးနေရာမှာ ဘီလီမော်ဂန် အစားဝင်ပြီဖြစ်ပါတယ်။

ဘယ်အစွန်လူ ရော်ဘတ်ဆန်က အသင်းကို ကိုစတက် ရောက်လာပေမယ့် ပွဲထွက်နေရာအတွက် လက်လွတ် ခံမှာမဟုတ်ဘဲ ဆက်ပြီး ကြိုးစားဦးမယ်လို့ ပြတ်ပြတ်သားသား ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးအသင်းရဲ့ အကြီးတန်း တာဝန်ရှိသူတစ်ဦးက စပိန်ကလပ်က ဝိုက်နယ်ဒမ်အတွက် ကမ်းလှမ်းမှု ပို့ထားကာ နှစ်သင်းကြား ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု ရထားပြီဆိုတဲ့ သတင်းတွေက မဟုတ်မှန်ပါကြောင် သတင်းပေးခဲ့တယ်လို့ The Athletic မှ သတင်းထောက် James Pearce က ဖော်ပြသွားပါတယ်။

လီဗာပူး ညာအစွန်လူ ထရန့်နဲ့ ဗဟိုခံစစ်မှူး ဗန်ဒိုက်တို့က လက်ရွေးစင်အသင်းတွေနဲ့ ပူးပေါင်းခဲ့စဉ်မှာ ကြံ့ခိုင်မှု ကောင်းနေတဲ့ အနေအထားတွေ ရှိနေပါတယ်။ သူတို့ နှစ်ဦးလုံးက အသေးစား ဒဏ်ရာတွေ ရှိထားခဲ့ကြတာ ဖြစ်ပါတယ်။

ကာရေဂါက ရော်ဘတ်ဆန်နေရာ အရန်အဖြစ် ကိုစတက်ကို ရလိုက်တာက သတင်းကောင်းဖြစ်သော်လည် လီဗာပူးအသင်းဟာ လက်ရှိ လူစာရင်းကို လန်းဆန်းမှုတွေ ပေးမယ့် ကစားသမားသစ်တွေ ခေါ်ယူဖို့ လိုတယ်လို့ ထောက်ပြခဲ့တယ်။

လက်ရှိ လီဗာပူးအခြေစိုက် သတင်းဌာန Echo ရဲ့ လီဗာပူးအသင်းဆိုင်ရာ သတင်းထောက်ဖြစ်သူ Ian Doyle က အောက်တိုဘာလ ၅ ရက်နေ့မတိုင်ခင်မှာ လီဗာပူးအသင်းက အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ များပြားလာပါလိမ့်မယ်လို့ သတင်းပေးလာပါတယ်။

ပရီးမီးယားလိဂ်ဟာ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ပြန်လည် စတင်တော့မှာဖြစ်ပြီး ရက်ပေါင်း ၁၈ ရက်အတွင်း လီဗာပူးက ပြိုင်ပွဲ ၂ ရပ်မှာ ပွဲစဉ် ၅ ပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ချယ်ဆီးတိုက်စစ်မှူးသစ် တီမိုဝါနာက ရာသီသစ်အတွက် သူ့ရဲ့ ရည်မှန်းချက်က ချယ်ဆီးနဲ့အတူ အကောင်းဆုံး ကြိုးစားပြီး လီဗာပူး၊ မန်စီးတီးတို့ကို ယှဉ်ပြိုင်ဖို့ဖြစ်ကြောင်း စိန်ခေါ်လိုက်ပါတယ်။

လီဗာပူးအသင်းဟာ အသက် ၂၃ နှစ်အရွယ် ဗဟိုခံစစ်မှူး နေးဖီလစ်ကို ချန်ပီယံရှစ်ထံ အငှားချသွားမှာဖြစ်ပြီး ဘရစ္စတိုစီးတီးထံ ရောက်ဖို့ နီးစပ်နေတယ်လို့ The Athletic က ဖော်ပြပါတယ်။

ZAWGYI

လာမယ့္ စေနေန႔ ျမန္မာစံေတာ္ခ်ိန္ ၈ နာရီခြဲမွာ လီဗာပူးအသင္းက ဘလက္ပူးလ္နဲ႔ အန္ဖီးကြင္းမွာ ခ်စ္ၾကည္ေရးပြဲ ကစားမယ္လို႔ တရားဝင္ ေၾကညာလိုက္ပါတယ္။

စက္တင္ဘာလ ၁ ရက္ေန႔တုန္းက လီဗာပူး စီးရီးအို အေျပာင္းအလဲ တရားဝင္ ျဖစ္လာခဲ့ျပီး ပီတာမိုးေနရာမွာ ဘီလီေမာ္ဂန္ အစားဝင္ျပီျဖစ္ပါတယ္။

ဘယ္အစြန္လူ ေရာ္ဘတ္ဆန္က အသင္းကို ကိုစတက္ ေရာက္လာေပမယ့္ ပြဲထြက္ေနရာအတြက္ လက္လြတ္ ခံမွာမဟုတ္ဘဲ ဆက္ျပီး ၾကိဳးစားဦးမယ္လို႔ ျပတ္ျပတ္သားသား ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးအသင္းရဲ႕ အၾကီးတန္း တာဝန္ရွိသူတစ္ဦးက စပိန္ကလပ္က ဝိုက္နယ္ဒမ္အတြက္ ကမ္းလွမ္းမႈ ပို႔ထားကာ ႏွစ္သင္းၾကား ေျပာင္းေရႊ႔ေၾကးအတြက္ သေဘာတူညီမႈ ရထားျပီဆိုတဲ့ သတင္းေတြက မဟုတ္မွန္ပါေၾကာင္ သတင္းေပးခ့ဲတယ္လို႔ The Athletic မွ သတင္းေထာက္ James Pearce က ေဖာ္ျပသြားပါတယ္။

လီဗာပူး ညာအစြန္လူ ထရန္႔နဲ႔ ဗဟိုခံစစ္မွဴး ဗန္ဒိုက္တို႔က လက္ေရြးစင္အသင္းေတြနဲ႔ ပူးေပါင္းခဲ့စဥ္မွာ ၾကံ႕ခိုင္မႈ ေကာင္းေနတဲ့ အေနအထားေတြ ရွိေနပါတယ္။ သူတို႔ ႏွစ္ဦးလံုးက အေသးစား ဒဏ္ရာေတြ ရွိထားခဲ့ၾကတာ ျဖစ္ပါတယ္။

ကာေရဂါက ေရာ္ဘတ္ဆန္ေနရာ အရန္အျဖစ္ ကိုစတက္ကို ရလိုက္တာက သတင္းေကာင္းျဖစ္ေသာ္လည္ လီဗာပူးအသင္းဟာ လက္ရွိ လူစာရင္းကို လန္းဆန္းမႈေတြ ေပးမယ့္ ကစားသမားသစ္ေတြ ေခၚယူဖို႔ လိုတယ္လို႔ ေထာက္ျပခဲ့တယ္။

လက္ရွိ လီဗာပူးအေျခစိုက္ သတင္းဌာန Echo ရဲ႕ လီဗာပူးအသင္းဆိုင္ရာ သတင္းေထာက္ျဖစ္သူ Ian Doyle က ေအာက္တိုဘာလ ၅ ရက္ေန႔မတိုင္ခင္မွာ လီဗာပူးအသင္းက အေျပာင္းအေရႊ႔ လႈပ္ရွားမႈေတြ မ်ားျပားလာပါလိမ့္မယ္လို႔ သတင္းေပးလာပါတယ္။

ပရီးမီးယားလိဂ္ဟာ စက္တင္ဘာလ ၁၂ ရက္ေန႔မွာ ျပန္လည္ စတင္ေတာ့မွာျဖစ္ျပီး ရက္ေပါင္း ၁၈ ရက္အတြင္း လီဗာပူးက ျပိဳင္ပြဲ ၂ ရပ္မွာ ပြဲစဥ္ ၅ ပြဲ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးတိုက္စစ္မွဴးသစ္ တီမိုဝါနာက ရာသီသစ္အတြက္ သူ႔ရဲ႕ ရည္မွန္းခ်က္က ခ်ယ္ဆီးနဲ႔အတူ အေကာင္းဆံုး ၾကိဳးစားျပီး လီဗာပူး၊ မန္စီးတီးတို႔ကို ယွဥ္ျပိဳင္ဖို႔ျဖစ္ေၾကာင္း စိန္ေခၚလိုက္ပါတယ္။

လီဗာပူးအသင္းဟာ အသက္ ၂၃ ႏွစ္အရြယ္ ဗဟိုခံစစ္မွဴး ေနးဖီလစ္ကို ခ်န္ပီယံရွစ္ထံ အငွားခ်သြားမွာျဖစ္ျပီး ဘရစၥတိုစီးတီးထံ ေရာက္ဖို႔ နီးစပ္ေနတယ္လုိ႔ The Athletic က ေဖာ္ျပပါတယ္။