လီဗာပူးဟာ ၂၀၁၈ ခုနှစ်တုန်းက ကလပ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်သူ ကော်တင်ညိုကို ဘာစီလိုနာထံ လက်လွတ်မှုမှာ ရေရှည်အတွက် ရည်ရွယ်တဲ့ အချက်တစ်ချက် ထည့်သွင်းခဲ့ပါတယ်။

အဲ့တာကတော့ ၂၀၂၀ ခုနှစ်အထိ လီဗာပူးကစားသမား တစ်ဦးကို ဘာစီလိုနာဘက်က ထပ်မံ ခေါ်ယူမယ်ဆိုရင် လျော်ကြေး ယူရို သန်း ၁၀၀ ပေးဖို့ ဆိုတဲ့ သဘောတူညီချက်ဖြစ်တယ်။ ဒါဟာ ဆွာရက်စ်၊ ကော်တင်ညိုလို ကလပ်ရဲ့ အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူသွားလေ့ရှိတဲ့ ဘာစီလိုနာထံ နောက်ထပ် ကစားသမားတွေ လက်မလွတ်ရဖို့ လီဗာပူးဘက်က ထိန်းချုပ်ခဲ့တဲ့ အချက်ဖြစ်ပါတယ်။

The Times သတင်းထောက် Paul Joyce က ဒီသတင်းကို ဖော်ပြခဲ့ခြင်းဖြစ်ကာ လီဗာပူးအားကစားဒါရိုက်တာ အဒ်ဝတ်က ဒီဆုံးဖြတ်ချက်ကို လုပ်ခဲ့တာလို့ သိရတယ်။ ဘာစီလိုနာဘက်က စာချုပ်ပါအချက်ကို မပျော်ပေမယ့်လည်း ကော်တင်ညိုကို ခေါ်ယူနိုင်ဖို့အတွက် သဘောတူညီပေးခဲ့ပါတယ်။

အဆိုပါ စာချုပ်အရ ဘာစီလိုနာဟာ လီဗာပူးခံစစ်မှူး ဗန်ဒိုက်ကို ခေါ်ယူလိုတယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းကိုမှ လျော်ကြေး ပေါင် ၈၉ သန်းကို ထပ်ပေးရမယ့် သဘောဖြစ်တယ်။ ၂၀၂၁ ခုနှစ်ထိ စာချုပ်ရှိထားတဲ့ ဝိုက်နယ်ဒမ်ကို ခေါ်ယူလိုရင်လည်း ပြောင်းရွှေ့ကြေးအပြင် လျော်ကြေးကိုပါ ထည့်ပေါင်းပေးရမှာပါ။

အဆိုပါ စာချုပ် သဘောတူညီမှုက ဒီနွေအကုန်အထိ အသက်ဝင်နေမှာဖြစ်ကာ ဇန်နဝါရီမှာတော့ သက်တမ်းကုန်မှာဖြစ်တယ်။ လီဗာပူးဘက်က စာချုပ်ပါ သဘောတူညီမှုကို ပယ်ဖျက်ပေးနိုင်သလားဆိုတာတော့ မသိရပါဘူး။

လက်တလောမှာ ဝိုက်နယ်ဒမ်ကို ဘာစီလိုနာက ခေါ်ယူမယ်ဆိုပြီး သတင်းထွက်နေပေမယ့် ကစားသမားက မာဆေးဆိုဒ်ကို ထွက်ခွာဖို့ မစဉ်းစားသလို ကလပ်ဘက်ကလည်း စာချုပ် ၁ နှစ်ပဲ ကျန်ပေမယ့် ရောင်းထုတ်ဖို့ စိတ်မဝင်စားသေးဘူးလို့ သိရပါတယ်။

ZAWGYI

လီဗာပူးဟာ ၂၀၁၈ ခုႏွစ္တုန္းက ကလပ္ရဲ႕ အေကာင္းဆံုး ကစားသမားျဖစ္သူ ေကာ္တင္ညိဳကို ဘာစီလိုနာထံ လက္လြတ္မႈမွာ ေရရွည္အတြက္ ရည္ရြယ္တဲ့ အခ်က္တစ္ခ်က္ ထည့္သြင္းခဲ့ပါတယ္။

အဲ့တာကေတာ့ ၂၀၂၀ ခုႏွစ္အထိ လီဗာပူးကစားသမား တစ္ဦးကို ဘာစီလိုနာဘက္က ထပ္မံ ေခၚယူမယ္ဆိုရင္ ေလ်ာ္ေၾကး ယူရို သန္း ၁၀၀ ေပးဖို႔ ဆိုတဲ့ သေဘာတူညီခ်က္ျဖစ္တယ္။ ဒါဟာ ဆြာရက္စ္၊ ေကာ္တင္ညိဳလို ကလပ္ရဲ႕ အေကာင္းဆံုး ကစားသမားေတြကို ေခၚယူသြားေလ့ရွိတဲ့ ဘာစီလိုနာထံ ေနာက္ထပ္ ကစားသမားေတြ လက္မလြတ္ရဖို႔ လီဗာပူးဘက္က ထိန္းခ်ဳပ္ခဲ့တဲ့ အခ်က္ျဖစ္ပါတယ္။

The Times သတင္းေထာက္ Paul Joyce က ဒီသတင္းကို ေဖာ္ျပခဲ့ျခင္းျဖစ္ကာ လီဗာပူးအားကစားဒါရိုက္တာ အဒ္ဝတ္က ဒီဆံုးျဖတ္ခ်က္ကို လုပ္ခဲ့တာလို႔ သိရတယ္။ ဘာစီလိုနာဘက္က စာခ်ဳပ္ပါအခ်က္ကို မေပ်ာ္ေပမယ့္လည္း ေကာ္တင္ညိဳကို ေခၚယူႏုိင္ဖို႔အတြက္ သေဘာတူညီေပးခဲ့ပါတယ္။

အဆိုပါ စာခ်ဳပ္အရ ဘာစီလိုနာဟာ လီဗာပူးခံစစ္မွဴး ဗန္ဒိုက္ကို ေခၚယူလိုတယ္ဆိုရင္ ေျပာင္းေရႊ႔ေၾကး ေပါင္ ၇၅ သန္းကိုမွ ေလ်ာ္ေၾကး ေပါင္ ၈၉ သန္းကို ထပ္ေပးရမယ့္ သေဘာျဖစ္တယ္။ ၂၀၂၁ ခုႏွစ္ထိ စာခ်ဳပ္ရွိထားတဲ့ ဝိုက္နယ္ဒမ္ကို ေခၚယူလိုရင္လည္း ေျပာင္းေရႊ႔ေၾကးအျပင္ ေလ်ာ္ေၾကးကိုပါ ထည့္ေပါင္းေပးရမွာပါ။

အဆုိပါ စာခ်ဳပ္ သေဘာတူညီမႈက ဒီေႏြအကုန္အထိ အသက္ဝင္ေနမွာျဖစ္ကာ ဇန္နဝါရီမွာေတာ့ သက္တမ္းကုန္မွာျဖစ္တယ္။ လီဗာပူးဘက္က စာခ်ဳပ္ပါ သေဘာတူညီမႈကို ပယ္ဖ်က္ေပးႏုိင္သလားဆိုတာေတာ့ မသိရပါဘူး။

လက္တေလာမွာ ဝိုက္နယ္ဒမ္ကို ဘာစီလိုနာက ေခၚယူမယ္ဆိုျပီး သတင္းထြက္ေနေပမယ့္ ကစားသမားက မာေဆးဆိုဒ္ကို ထြက္ခြာဖို႔ မစဥ္းစားသလို ကလပ္ဘက္ကလည္း စာခ်ဳပ္ ၁ ႏွစ္ပဲ က်န္ေပမယ့္ ေရာင္းထုတ္ဖို႔ စိတ္မဝင္စားေသးဘူးလို႔ သိရပါတယ္။