လီဗာပူးရဲ့ ဝေလ်းကွင်းလယ်လူ ဟယ်ရီဝဲလ်ဆန်ကိုတော့ ပရီးမီးယားလိဂ်ကလပ် သုံးသင်းက ချိတ်ဆက်မှုတွေ လုပ်ထားခဲ့ပြီး သဘောတူညီမှု ရလောက်တဲ့ အခြေအနေတော့ မရှိသေးပါဘူး။

မနှစ်ကရာသီ ဘုန်းမောက်ကို အငှားထွက်ခဲ့တဲ့ ဝဲလ်ဆန်ကို နယူးကာဆယ်၊ ဆောက်သမ်တန်နဲ့ လိဒ်ယူနိုက်တက်တို့က ကမ်းလှမ်းမှုတွေ လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ကမ်းလှမ်းမှု တစ်ခုကမှ လီဗာပူး တောင်းဆိုထားတဲ့ ပေါင် သန်း ၂၀ ဆိုတဲ့ ပမာဏကို မရောက်ခဲ့ဘူးလို့ သိရပါတယ်။

အသက် ၂၄ နှစ်ကို ရောက်လာတော့မယ့် ဝဲလ်ဆန်ဟာ ကုန်ခဲ့တဲ့ ၃ ရာသီလုံး အငှားထွက်ကစားခဲ့ပြီး ပွဲပေါင်း ၉၈ ပွဲ ကစားခဲ့ကာ သွင်းဂိုး ၃၂ ဂိုး သွင်းထားပါတယ်။ သူဟာ မနှစ်တုန်းက ပရီးမီးယားလိဂ်ပွဲ ၃၁ ပွဲ ကစားခဲ့ကာ သွင်းဂိုး ၇ ဂိုး ရရှိခဲ့တယ်။ လီဗာပူးက ကစားသမားလေးကို နောက်ထပ် တစ်ရာသီ အငှားချသွားဖို့ အစီအစဉ် မရှိတော့ဘူးလို့ သိရပါတယ်။

အပြီးသတ် စာချုပ်ဖြင့် ကမ်းလှမ်းမှု တစ်ခုတည်းကပဲ ဝဲလ်ဆန်ကို ရနိုင်မယ့် နည်းလမ်းဖြစ်တယ်။ ကစားသမား ကိုယ်တိုင်ကတော့ လီဗာပူးမှာပဲ နေခွင့်ရဖို့ကို ဆန္ဒရှိနေပါတယ်။ အရေးပါဆုံးအားဖြင့် မန်နေဂျာကလော့ပ်ကလည်း ဝဲလ်ဆန်ကို ရောင်းမထုတ်နိုင်ဘဲ ရှိခဲ့ရင်လည်း လာမယ့်ရာသီ အသင်းလူစာရင်းမှာ သူ့ကို ထည့်သွင်းသွားဖို့ အဆင်ပြေတယ်လို့ သိရတယ်။

နိုင်ငံတကာသီတင်းပတ်အတွက် ဝီလီယမ်နဲ့အတူ ဝေလ်းလက်ရွေးစင်အသင်းထံ ရောက်နေတဲ့ ဝဲလ်ဆန်ဟာ သြစတြီးယား ရာသီကြို ခရီးစဉ်ကို ဒဏ်ရာကြောင့် မပါနိုင်ခဲ့ပါဘူး။ သို့သော်လည်း သူဟာ ထရန့်နည်းတူ လက်ရွေးစင်အသင်းမှာ လေ့ကျင့်ရေးတွေကို အကောင်းဆုံး ပြန်လုပ်နိုင်နေတယ်။

စက်တင်ဘာလ ၉ ရက်နေ့မှာတော့ လက်ရွေးစင်အသင်းတွေကနေ ပြန်လာမယ့် အသင်းသားတွေက မဲဝုဒ်ကို ပြန်လာကာ ပူးပေါင်းသွားကြမှာဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့မှာတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် လိဒ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးရဲ႕ ေဝလ္းကြင္းလယ္လူ ဟယ္ရီဝဲလ္ဆန္ကိုေတာ့ ပရီးမီးယားလိဂ္ကလပ္ သံုးသင္းက ခ်ိတ္ဆက္မႈေတြ လုပ္ထားခဲ့ျပီး သေဘာတူညီမႈ ရေလာက္တဲ့ အေျခအေနေတာ့ မရွိေသးပါဘူး။

မႏွစ္ကရာသီ ဘုန္းေမာက္ကို အငွားထြက္ခဲ့တဲ့ ဝဲလ္ဆန္ကို နယူးကာဆယ္၊ ေဆာက္သမ္တန္နဲ႔ လိဒ္ယူႏုိက္တက္တို႔က ကမ္းလွမ္းမႈေတြ လုပ္ခဲ့ၾကတယ္။ ဒါေပမယ့္ ကမ္းလွမ္းမႈ တစ္ခုကမွ လီဗာပူး ေတာင္းဆိုထားတဲ့ ေပါင္ သန္း ၂၀ ဆိုတဲ့ ပမာဏကို မေရာက္ခဲ့ဘူးလို႔ သိရပါတယ္။

အသက္ ၂၄ ႏွစ္ကို ေရာက္လာေတာ့မယ့္ ဝဲလ္ဆန္ဟာ ကုန္ခဲ့တဲ့ ၃ ရာသီလံုး အငွားထြက္ကစားခဲ့ျပီး ပြဲေပါင္း ၉၈ ပြဲ ကစားခဲ့ကာ သြင္းဂိုး ၃၂ ဂိုး သြင္းထားပါတယ္။ သူဟာ မႏွစ္တုန္းက ပရီးမီးယားလိဂ္ပြဲ ၃၁ ပြဲ ကစားခဲ့ကာ သြင္းဂိုး ၇ ဂိုး ရရွိခဲ့တယ္။ လီဗာပူးက ကစားသမားေလးကို ေနာက္ထပ္ တစ္ရာသီ အငွားခ်သြားဖို႔ အစီအစဥ္ မရွိေတာ့ဘူးလို႔ သိရပါတယ္။

အျပီးသတ္ စာခ်ဳပ္ျဖင့္ ကမ္းလွမ္းမႈ တစ္ခုတည္းကပဲ ဝဲလ္ဆန္ကို ရႏုိင္မယ့္ နည္းလမ္းျဖစ္တယ္။ ကစားသမား ကိုယ္တုိင္ကေတာ့ လီဗာပူးမွာပဲ ေနခြင့္ရဖို႔ကို ဆႏၵရွိေနပါတယ္။ အေရးပါဆံုးအားျဖင့္ မန္ေနဂ်ာကေလာ့ပ္ကလည္း ဝဲလ္ဆန္ကို ေရာင္းမထုတ္ႏုိင္ဘဲ ရွိခဲ့ရင္လည္း လာမယ့္ရာသီ အသင္းလူစာရင္းမွာ သူ႔ကို ထည့္သြင္းသြားဖို႔ အဆင္ေျပတယ္လို႔ သိရတယ္။

ႏုိင္ငံတကာသီတင္းပတ္အတြက္ ဝီလီယမ္နဲ႔အတူ ေဝလ္းလက္ေရြးစင္အသင္းထံ ေရာက္ေနတဲ့ ဝဲလ္ဆန္ဟာ ၾသစၾတီးယား ရာသီၾကိဳ ခရီးစဥ္ကို ဒဏ္ရာေၾကာင့္ မပါႏုိင္ခဲ့ပါဘူး။ သို႔ေသာ္လည္း သူဟာ ထရန္႔နည္းတူ လက္ေရြးစင္အသင္းမွာ ေလ့က်င့္ေရးေတြကို အေကာင္းဆံုး ျပန္လုပ္ႏုိင္ေနတယ္။

စက္တင္ဘာလ ၉ ရက္ေန႔မွာေတာ့ လက္ေရြးစင္အသင္းေတြကေန ျပန္လာမယ့္ အသင္းသားေတြက မဲဝုဒ္ကို ျပန္လာကာ ပူးေပါင္းသြားၾကမွာျဖစ္ျပီး စက္တင္ဘာလ ၁၂ ရက္ေန႔မွာေတာ့ ပရီးမီးယားလိဂ္အဖြင့္ပြဲအျဖစ္ လိဒ္ယူႏုိက္တက္နဲ႔ ယွဥ္ျပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။