ဘိုင်ယန်မန်နေဂျာ ဖိလစ်က ကွင်းလယ်လူ အယ်ကန်တာရာဟာ ဒီနွေမှာ ဘိုင်ယန်ကနေ သေချာပေါက် ထွက်ခွာမယ်လို့ ထပ်မံကာ ထုတ်ပြောလိုက်ပါတယ်။

စပိန်သားဟာ ဘိုင်ယန်ကနေ ထွက်ခွာလိုသလို ဘိုင်ယန်ကလည်း သက်တမ်းမတိုးဘဲ ဒီနွေမှာတင် ရောင်းထုတ်လိုတယ်။ ဒါပေမယ့်လို့ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူအတွက် ဘိုင်ယန်ရဲ့ တောင်းဆိုဈေးက မြင့်မားနေလို့ ကမ်းလှမ်းမယ့် ကလပ်တွေ အခုချိန်ထိ မဝင်လာသေးတာဖြစ်ပါတယ်။

ဖိလစ်က “ သူ ထွက်သွားမှာပါ။ ကျနေ်ာတို့က ချန်ပီယံလိဂ်ကို အလေးအနက်ထားနေခဲ့ပြီး ကုန်ခဲ့တဲ့ သီတင်းပတ်တွေမှာ သူ့ရဲ့ စာချုပ်ကိစ္စကို ဆွေးနွေးမှုတွေ မလုပ်ခဲ့ပါဘူး။ အခုချိန်မှာလည်း ပြန်ပြီး ဆွေးနွေးတာတွေ မလုပ်ထားပါဘူး။ ဒါပေမယ့် သီယေဂိုက အသင်းကနေ ထွက်သွားမယ့် ဆုံးဖြတ်ချက်ကို လုပ်ထားခဲ့ပြီးပြီလို့ ထင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

သီယေဂိုဟာ ဘိုင်ယန်နဲ့ စာချုပ် ၁ နှစ်ကျန်နေပြီး စာချုပ်သစ် ထပ်ချုပ်မှာ မဟုတ်ဘူး။ သူ့ကို ဘိုင်ယန်ဘက်က ယူရို သန်း ၃၀ ဈေးဖြတ်ထားကာ ယခုချိန်ထိ ကမ်းလှမ်းမယ့် ကလပ်ကလည်း မပေါ်သေးပါဘူး။

သီယေဂိုကို စိတ်ဝင်စားမှု အရှိဆုံး အသင်းက လီဗာပူးဖြစ်သော်လည်း ဂျာမနီကလပ် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးနဲ့ ဝင်ရောက်ဖို့ကို အန်ဖီးအသင်း တာဝန်ရှိသူတွေက အခုချိန်ထိ တရားဝင် လှုပ်ရှားလာခြင်း မရှိသေးတာ ဖြစ်ပါတယ်။

လီဗာပူးဟာ အယ်ကန်တာရာကို မခေါ်ယူခင်မှာတင် ကစားသမား ခေါ်ယူမှု ၂ ခုလောက်ကို လုပ်ဖို့ ချိန်ရွယ်နေတယ်လို့လည်း သိရပြီး ဗဟိုခံစစ်မှူးနေရာကို သေချာပေါက် အားဖြည့်မယ်လို့ ယူဆရပါတယ်။ လီဗာပူးသတင်းထောက်တွေကတော့ ဈေးကွက်ပိတ်ခါနီး သတင်းပတ်တွေမှာ အသင်းရဲ့ လှုပ်ရှားမှုက သွက်လက်လာမယ်လို့ ထုတ်ပြောထားပါတယ်။

ZAWGYI

ဘိုင္ယန္မန္ေနဂ်ာ ဖိလစ္က ကြင္းလယ္လူ အယ္ကန္တာရာဟာ ဒီေႏြမွာ ဘိုင္ယန္ကေန ေသခ်ာေပါက္ ထြက္ခြာမယ္လို႔ ထပ္မံကာ ထုတ္ေျပာလိုက္ပါတယ္။

စပိန္သားဟာ ဘိုင္ယန္ကေန ထြက္ခြာလိုသလို ဘိုင္ယန္ကလည္း သက္တမ္းမတိုးဘဲ ဒီေႏြမွာတင္ ေရာင္းထုတ္လိုတယ္။ ဒါေပမယ့္လို႔ အသက္ ၂၉ ႏွစ္အရြယ္ ကြင္းလယ္လူအတြက္ ဘိုင္ယန္ရဲ႕ ေတာင္းဆိုေစ်းက ျမင့္မားေနလုိ႔ ကမ္းလွမ္းမယ့္ ကလပ္ေတြ အခုခ်ိန္ထိ မဝင္လာေသးတာျဖစ္ပါတယ္။

ဖိလစ္က “ သူ ထြက္သြားမွာပါ။ က်ေန္ာတို႔က ခ်န္ပီယံလိဂ္ကို အေလးအနက္ထားေနခဲ့ျပီး ကုန္ခဲ့တဲ့ သီတင္းပတ္ေတြမွာ သူ႔ရဲ႕ စာခ်ဳပ္ကိစၥကို ေဆြးေႏြးမႈေတြ မလုပ္ခဲ့ပါဘူး။ အခုခ်ိန္မွာလည္း ျပန္ျပီး ေဆြးေႏြးတာေတြ မလုပ္ထားပါဘူး။ ဒါေပမယ့္ သီေယဂိုက အသင္းကေန ထြက္သြားမယ့္ ဆံုးျဖတ္ခ်က္ကို လုပ္ထားခဲ့ျပီးျပီလို႔ ထင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

သီေယဂိုဟာ ဘိုင္ယန္နဲ႔ စာခ်ဳပ္ ၁ ႏွစ္က်န္ေနျပီး စာခ်ဳပ္သစ္ ထပ္ခ်ဳပ္မွာ မဟုတ္ဘူး။ သူ႔ကို ဘိုင္ယန္ဘက္က ယူရို သန္း ၃၀ ေစ်းျဖတ္ထားကာ ယခုခ်ိန္ထိ ကမ္းလွမ္းမယ့္ ကလပ္ကလည္း မေပၚေသးပါဘူး။

သီေယဂိုကို စိတ္ဝင္စားမႈ အရွိဆံုး အသင္းက လီဗာပူးျဖစ္ေသာ္လည္း ဂ်ာမနီကလပ္ ေတာင္းဆိုတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ဝင္ေရာက္ဖို႔ကို အန္ဖီးအသင္း တာဝန္ရွိသူေတြက အခုခ်ိန္ထိ တရားဝင္ လႈပ္ရွားလာျခင္း မရွိေသးတာ ျဖစ္ပါတယ္။

လီဗာပူးဟာ အယ္ကန္တာရာကို မေခၚယူခင္မွာတင္ ကစားသမား ေခၚယူမႈ ၂ ခုေလာက္ကို လုပ္ဖို႔ ခ်ိန္ရြယ္ေနတယ္လို႔လည္း သိရျပီး ဗဟိုခံစစ္မွဴးေနရာကို ေသခ်ာေပါက္ အားျဖည့္မယ္လို႔ ယူဆရပါတယ္။ လီဗာပူးသတင္းေထာက္ေတြကေတာ့ ေစ်းကြက္ပိတ္ခါနီး သတင္းပတ္ေတြမွာ အသင္းရဲ႕ လႈပ္ရွားမႈက သြက္လက္လာမယ္လို႔ ထုတ္ေျပာထားပါတယ္။