အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်က သူ့ရဲ့ အသင်းမှာ ဂိုးမက်စ်နဲ့ စတာလင်တို့ကို တစ်သင်းတည်း တွဲဘက် ကစားစေဖို့ ပြဿနာ မဟုတ်ဘူးလို့ ယူဆထားကြောင်း သိရပါတယ်။

ဒီအပတ် နိုင်ငံတကာသီတင်းပတ်ဟာ ဂိုးမက်စ်နဲ့ စတာလင်တို့ ပြဿနာဖြစ်ခဲ့တဲ့ နိုဝင်ဘာ နိုင်ငံတကာသီတင်းပတ် နောက်ပိုင်း လက်ရွေးစင်အဆင့်မှာ ပထမဆုံးအကြိမ် ပြန်လည် ပူးပေါင်းကြခြင်းဖြစ်တယ်။ အဆိုပါတုန်းက မွန်တီနီဂရိုးပွဲ မတိုင်ခင်မှာ ကစားသမား နှစ်ဦးဟာ ကန်တင်းမှာ ပြဿနာတတ်ခဲ့ကြပါတယ်။

ပွဲနေ့မှာ လူစားဝင်လာတဲ့ ဂိုးမက်စ်ကို အင်္ဂလန်ပရိသတ်တွေက ဘူး လုပ် လှောင်ပြောင်ခဲ့ကြတယ်။ ၎င်းတို့က စတာလင်ကို လက်ရွေးစင်အသင်းက နုတ်ထွက်စေခဲ့တာအတွက် ဂိုးမက်စ်က တရားခံလို့ ယူဆခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ကန်တင်းမှ ဖြစ်ရပ်ဟာ စတာလင်ဘက်က အမှားသာဖြစ်ပြီး ဂိုးမက်စ် အလိုရှိရင် ရဲတိုင်နိုင်ပေမယ့် လီဗာပူးခံစစ်မှူးက ကိစ္စအားလုံးကို ပြေငြိမ်းပေးခဲ့တယ်ဆိုတဲ့ သတင်းမှန် ထွက်လာခဲ့တယ်။

ဂိုးမက်စ်နဲ့ စတာလင်တို့ရဲ့ ပြဿနာဟာ ကလပ်ပွဲမှာ လီဗာပူးနဲ့ မန်စီးတီး ထိပ်တိုက်တွေ့ခဲ့စဉ် သူတို့နှစ်ဦးရဲ့ ကွင်းတွင်း ပြဿနာက ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲကိစ္စလည်း ဖြစ်တယ်။ မနှစ်ကရာသီမှာ လီဗာပူးဟာ မန်စီးတီးကို ရမှတ် အများအပြား အသာရကာ လိဂ်ကို တောက်လျှောက် ဦးဆောင် ကစားခဲ့ပါတယ်။

အဆိုပါ ကာလနောက် သူတို့နှစ်ဦးဟာ အင်္ဂလန်အသင်းအတွက် ကစားပေးရခြင်း မရှိထားကာ ဒီအပတ် နိုင်ငံတကာ သီတင်းပတ်က ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ စနေနေ့မှာတော့ အိုက်စလန်၊ နောက်အပတ် အင်္ဂါနေ့မှာတော့ ဒိန်းမတ်တို့နဲ့ ယှဉ်ပြိုင်ရမယ့် အင်္ဂလန်အသင်း ပွဲစဉ်တွေမှာ ဂိုးမက်စ်ဟာ ဗဟိုခံစစ်မှူးနေရာက ပွဲထွက်နိုင်ပြီး စတာလင်ကလည်း တိုက်စစ်ပိုင်း တစ်နေရာက ပွဲထွက်နိုင်တယ်။

အင်္ဂလန်အသင်းမှာ ခံစစ်မှူး မက်ဂွဲရား ရာသီကြိုမှာ တက်ခဲ့တဲ့ ပြဿနာတွေကြောင့် ထုတ်ပယ်ခံထားရကာ ဝုဗ်ခံစစ်မှူး ကုတ်ဒီကို အစားထိုး ခေါ်ယူထားခဲ့ပါတယ်။ အင်္ဂလန်လူစာရင်း အခြေအနေအရ ခံစစ်မှာ သမ္ဘာရှိတဲ့ ဂိုးမက်စ်ကို ထည့်သွင်း အသုံးပြုရမှာဖြစ်ကာ စတာလင်နဲ့ တစ်သင်းတည်း ကစားဖို့က အဆင်ပြေမယ်လို့ မန်နေဂျာဆောက်ဂိတ်က ယုံကြည်ထားကြောင်း တယ်လီဂရပ်မှာ ဖော်ပြသွားပါတယ်။

ZAWGYI – အဂၤလန္မန္ေနဂ်ာ ေဆာက္ဂိတ္က သူ႔ရဲ႕ အသင္းမွာ ဂိုးမက္စ္နဲ႔ စတာလင္တို႔ကို တစ္သင္းတည္း တြဲဘက္ ကစားေစဖို႔ ျပႆနာ မဟုတ္ဘူးလို႔ ယူဆထားေၾကာင္း သိရပါတယ္။

ဒီအပတ္ ႏုိင္ငံတကာသီတင္းပတ္ဟာ ဂိုးမက္စ္နဲ႔ စတာလင္တို႔ ျပႆနာျဖစ္ခဲ့တဲ့ ႏုိဝင္ဘာ ႏုိင္ငံတကာသီတင္းပတ္ ေနာက္ပိုင္း လက္ေရြးစင္အဆင့္မွာ ပထမဆံုးအၾကိမ္ ျပန္လည္ ပူးေပါင္းၾကျခင္းျဖစ္တယ္။ အဆိုပါတုန္းက မြန္တီနီဂရိုးပြဲ မတိုင္ခင္မွာ ကစားသမား ႏွစ္ဦးဟာ ကန္တင္းမွာ ျပႆနာတတ္ခဲ့ၾကပါတယ္။

ပြဲေန႔မွာ လူစားဝင္လာတဲ့ ဂိုးမက္စ္ကို အဂၤလန္ပရိသတ္ေတြက ဘူး လုပ္ ေလွာင္ေျပာင္ခဲ့ၾကတယ္။ ၄င္းတို႔က စတာလင္ကို လက္ေရြးစင္အသင္းက ႏုတ္ထြက္ေစခဲ့တာအတြက္ ဂိုးမက္စ္က တရားခံလို႔ ယူဆခဲ့ၾကပါတယ္။ ေနာက္ပိုင္းမွာေတာ့ ကန္တင္းမွ ျဖစ္ရပ္ဟာ စတာလင္ဘက္က အမွားသာျဖစ္ျပီး ဂိုးမက္စ္ အလိုရွိရင္ ရဲတိုင္ႏုိင္ေပမယ့္ လီဗာပူးခံစစ္မွဴးက ကိစၥအားလံုးကို ေျပျငိမ္းေပးခဲ့တယ္ဆိုတဲ့ သတင္းမွန္ ထြက္လာခဲ့တယ္။

ဂိုးမက္စ္နဲ႔ စတာလင္တို႔ရဲ႕ ျပႆနာဟာ ကလပ္ပြဲမွာ လီဗာပူးနဲ႔ မန္စီးတီး ထိပ္တိုက္ေတြ႔ခဲ့စဥ္ သူတို႔ႏွစ္ဦးရဲ႕ ကြင္းတြင္း ျပႆနာက ျဖစ္ေပၚလာတဲ့ ေနာက္ဆက္တြဲကိစၥလည္း ျဖစ္တယ္။ မႏွစ္ကရာသီမွာ လီဗာပူးဟာ မန္စီးတီးကို ရမွတ္ အမ်ားအျပား အသာရကာ လိဂ္ကို ေတာက္ေလွ်ာက္ ဦးေဆာင္ ကစားခဲ့ပါတယ္။

အဆိုပါ ကာလေနာက္ သူတို႔ႏွစ္ဦးဟာ အဂၤလန္အသင္းအတြက္ ကစားေပးရျခင္း မရွိထားကာ ဒီအပတ္ ႏုိင္ငံတကာ သီတင္းပတ္က ပထမဆံုးအၾကိမ္ျဖစ္ပါတယ္။ စေနေန႔မွာေတာ့ အိုက္စလန္၊ ေနာက္အပတ္ အဂၤါေန႔မွာေတာ့ ဒိန္းမတ္တို႔နဲ႔ ယွဥ္ျပိဳင္ရမယ့္ အဂၤလန္အသင္း ပြဲစဥ္ေတြမွာ ဂိုးမက္စ္ဟာ ဗဟိုခံစစ္မွဴးေနရာက ပြဲထြက္ႏုိင္ျပီး စတာလင္ကလည္း တိုက္စစ္ပိုင္း တစ္ေနရာက ပြဲထြက္ႏုိင္တယ္။

အဂၤလန္အသင္းမွာ ခံစစ္မွဴး မက္ဂြဲရား ရာသီၾကိဳမွာ တက္ခဲ့တဲ့ ျပႆနာေတြေၾကာင့္ ထုတ္ပယ္ခံထားရကာ ဝုဗ္ခံစစ္မွဴး ကုတ္ဒီကို အစားထိုး ေခၚယူထားခဲ့ပါတယ္။ အဂၤလန္လူစာရင္း အေျခအေနအရ ခံစစ္မွာ သမၻာရွိတဲ့ ဂိုးမက္စ္ကို ထည့္သြင္း အသံုးျပဳရမွာျဖစ္ကာ စတာလင္နဲ႔ တစ္သင္းတည္း ကစားဖို႔က အဆင္ေျပမယ္လို႔ မန္ေနဂ်ာေဆာက္ဂိတ္က ယံုၾကည္ထားေၾကာင္း တယ္လီဂရပ္မွာ ေဖာ္ျပသြားပါတယ္။