အင်္ဂလန် လက်ရွေးစင်အသင်းက ရွေးချယ်ခြင်းကို ခံထားရတဲ့ တိုက်စစ်မှူး အင့်က သူ့ရဲ့ တိုးတက်မှုတွေဟာ လီဗာပူးအသင်းမှာ သင်ယူခဲ့ရတဲ့ နည်းလမ်းတွေကြောင့်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒန်နီအင့်ဟာ လီဗာပူးအသင်းမှာ သုံးရာသီ ကစားခဲ့ကာ ဆောက်သမ်တန်ကို အငှားထွက်ခဲ့သူပါ။ လီဗာပူးအဝတ်လဲခန်းမှာ ထင်ရှားတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပေမယ့် ဒဏ်ရာပြဿနာက သူ့ရဲ့ တိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်။ သူ လီဗာပူးကနေ ထွက်ခွာမယ်လုပ်တုန်းက ဟန်ဒါဆန်နဲ့ မီလ်နာတို့က တားမြစ်မှုတွေ လုပ်ခဲ့ပေမယ့် အင့်က သူ့ကစားသမားဘဝအတွက် ရွေးချယ်မှု လုပ်ခဲ့ခြင်းဖြစ်တယ်။

အင်္ဂလန်အသင်းနဲ့ အင်တာဗျူးမှာတော့ လီဗာပူးမှာ ကစားခဲ့ရတဲ့ နည်းလမ်းနဲ့ ဖာမင်နိုရဲ့ ကစားဟန်က ဆောက်သမ်တန်မှာ ကစားရတဲ့ နည်းလမ်းတွေနဲ့ တူညီခြင်းကြောင့် သူ့အတွက် တိုးတက်ဖို့ မြန်ဆန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒန်နီအင့်က “ အသင်းအတွက် ဘောလုံး ပြန်ရယူပေးရတာကို ကျနော် အမြဲတမ်း ပျော်ပါတယ်။ မန်နေဂျာရဲ့ စေခိုင်းချက်အတိုင်း အဆုံးသတ်ပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ပြန်ထိန်းသိမ်းဖို့ကို ကြိုးစားပါတယ်။ ကျနော်တို့ ကစားတာက အရမ်းကို ပြင်းထန်ပြီး အဲ့လို ကစားရတာ နှစ်သက်တယ်။

တူညီတဲ့ နည်းလမ်းအတိုင်း ကစားရပေမယ့် လီဗာပူးမှာတော့ ကောင်းကောင်း မလုပ်ပြနိုင်ခဲ့ပါဘူး။ ရော်ဘတ်တို ဖာမင်နိုက ဘောလုံးကို ပြန်ရအောင် ဘယ်လောက်တောင် လုပ်နိုင်လဲဆိုတာကို ခင်ဗျားတို့ မြင်ပါတယ်။ ရတ်မွန်ကလည်း အဲ့လို လုပ်နိုင်တယ်။ ဒါကပဲ ကျနော်ရဲ့ ကစားသမားဘဝအတွက် အရေးပါခဲ့ပါတယ်။ နှစ်တိုင်းမှာ နည်းစနစ်တွေ ပိုကျလာခဲ့တယ်။ အခုချိန်မှာ နံပါတ် ၉ တိုက်စစ်သမားတွေက အများကြီး ပိုလုပ်ရမှုတွေ ရှိလာတယ်။ အဲ့တာက ကျနော်အတွက် အံဝင်ပါတယ်။

ဘောလုံးကို ပျော်ရွှင်စွာ ကစားနိုင်မယ့် နေရာတစ်ခုကို ပြောင်းဖို့ လိုအပ်ခဲ့တယ်။ ဆောက်သမ်တန်က ကျနော်အတွက် ပြည့်စုံတဲ့ အသင်းလို့ ယူဆခဲ့ပါတယ်။ လီဗာပူးမှာ ကျနော်အတွက် သူငယ်ချင်းတွေရှိခဲ့တယ်။ လီဗာပူးကနေ ထွက်ခွာဖို့ ကြိုးစားရတာက သိပ်ခက်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းကောင်းတစ်သင်းကို ပြောင်းလာနိုင်ခဲ့တာပါ။ ကျနော်ရဲ့ ဘောလုံးအပေါ်မှာလည်း ပျော်ရွှင်နေပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

အဂၤလန္ လက္ေရြးစင္အသင္းက ေရြးခ်ယ္ျခင္းကို ခံထားရတဲ့ တိုက္စစ္မွဴး အင့္က သူ႔ရဲ႕ တိုးတက္မႈေတြဟာ လီဗာပူးအသင္းမွာ သင္ယူခဲ့ရတဲ့ နည္းလမ္းေတြေၾကာင့္လည္း ပါဝင္တယ္လို႔ ဆိုပါတယ္။

ဒန္နီအင့္ဟာ လီဗာပူးအသင္းမွာ သံုးရာသီ ကစားခဲ့ကာ ေဆာက္သမ္တန္ကို အငွားထြက္ခ့ဲသူပါ။ လီဗာပူးအဝတ္လဲခန္းမွာ ထင္ရွားတဲ့ ကစားသမားတစ္ဦး ျဖစ္ခဲ့ေပမယ့္ ဒဏ္ရာျပႆနာက သူ႔ရဲ႕ တိုးတက္မႈကို ေႏွာင့္ေႏွးေစခဲ့တယ္။ သူ လီဗာပူးကေန ထြက္ခြာမယ္လုပ္တုန္းက ဟန္ဒါဆန္နဲ႔ မီလ္နာတို႔က တားျမစ္မႈေတြ လုပ္ခဲ့ေပမယ့္ အင့္က သူ႔ကစားသမားဘဝအတြက္ ေရြးခ်ယ္မႈ လုပ္ခဲ့ျခင္းျဖစ္တယ္။

အဂၤလန္အသင္းနဲ႔ အင္တာဗ်ဴးမွာေတာ့ လီဗာပူးမွာ ကစားခဲ့ရတဲ့ နည္းလမ္းနဲ႔ ဖာမင္ႏိုရဲ႕ ကစားဟန္က ေဆာက္သမ္တန္မွာ ကစားရတဲ့ နည္းလမ္းေတြနဲ႔ တူညီျခင္းေၾကာင့္ သူ႔အတြက္ တိုးတက္ဖို႔ ျမန္ဆန္ခဲ့တယ္လို႔ ဆိုပါတယ္။

ဒန္နီအင့္က “ အသင္းအတြက္ ေဘာလံုး ျပန္ရယူေပးရတာကို က်ေနာ္ အျမဲတမ္း ေပ်ာ္ပါတယ္။ မန္ေနဂ်ာရဲ႕ ေစခိုင္းခ်က္အတိုင္း အဆံုးသတ္ပိုင္းမွာ ေဘာလံုးပိုင္ဆိုင္မႈ ျပန္ထိန္းသိမ္းဖို႔ကို ၾကိဳးစားပါတယ္။ က်ေနာ္တို႔ ကစားတာက အရမ္းကို ျပင္းထန္ျပီး အဲ့လို ကစားရတာ ႏွစ္သက္တယ္။

တူညီတဲ့ နည္းလမ္းအတုိင္း ကစားရေပမယ့္ လီဗာပူးမွာေတာ့ ေကာင္းေကာင္း မလုပ္ျပႏုိင္ခဲ့ပါဘူး။ ေရာ္ဘတ္တို ဖာမင္ႏိုက ေဘာလံုးကို ျပန္ရေအာင္ ဘယ္ေလာက္ေတာင္ လုပ္ႏုိင္လဲဆိုတာကို ခင္ဗ်ားတို႔ ျမင္ပါတယ္။ ရတ္မြန္ကလည္း အဲ့လို လုပ္ႏုိင္တယ္။ ဒါကပဲ က်ေနာ္ရဲ႕ ကစားသမားဘဝအတြက္ အေရးပါခဲ့ပါတယ္။ ႏွစ္တိုင္းမွာ နည္းစနစ္ေတြ ပိုက်လာခဲ့တယ္။ အခုခ်ိန္မွာ နံပါတ္ ၉ တိုက္စစ္သမားေတြက အမ်ားၾကီး ပိုလုပ္ရမႈေတြ ရွိလာတယ္။ အဲ့တာက က်ေနာ္အတြက္ အံဝင္ပါတယ္။

ေဘာလံုးကို ေပ်ာ္ရႊင္စြာ ကစားႏုိင္မယ့္ ေနရာတစ္ခုကို ေျပာင္းဖို႔ လိုအပ္ခဲ့တယ္။ ေဆာက္သမ္တန္က က်ေနာ္အတြက္ ျပည့္စံုတဲ့ အသင္းလို႔ ယူဆခဲ့ပါတယ္။ လီဗာပူးမွာ က်ေနာ္အတြက္ သူငယ္ခ်င္းေတြရွိခဲ့တယ္။ လီဗာပူးကေန ထြက္ခြာဖို႔ ၾကိဳးစားရတာက သိပ္ခက္ခဲဲ့ပါတယ္။ ဒါေပမယ့္ အသင္းေကာင္းတစ္သင္းကို ေျပာင္းလာႏုိင္ခဲ့တာပါ။ က်ေနာ္ရဲ႕ ေဘာလံုးအေပၚမွာလည္း ေပ်ာ္ရႊင္ေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။