လီဗာပူးအသင်းဟာ နွေဈေးကွက် မပိတ်ခင်မှာ ကစားသမား ၂ ခု (သို့) ၃ ခု ပြုလုပ်မှာဖြစ်ပြီး အဲ့အတွက် ကစားသမား အတည်ပြု ရွေးချယ်မှုတွေ ပြုလုပ်သွားဖို့ ရှိပါတယ်။

ဘယ်အစွန်အတွက် ကိုစတက်ကို ခေါ်ယူမှု မတိုင်ခင်မှာ အစွန်သမား ၅ ဦးကို ရွေးချယ်ခဲ့တဲ့ နည်းလမ်းအတိုင်း လီဗာပူးရဲ့ အပြောင်းအရွှေ့ ခေါ်ယူရေး တာဝန်ရှိသူတွေက ကစားသမား ရှာဖွေမှုတွေကို အပြီးသတ် ပြုလုပ်နေတယ်။ ကပ်ဘေးအတွင်း မသေချာမှုတွေကြောင့်နဲ့ အခြားသော အခက်အခဲတွေကြောင့် လီဗာပူးရဲ့ ခေါ်ယူမှုတွေက ဈေးကွက်ရဲ့ deadline နေ့ထိပါ ရောက်သွားနိုင်ပါတယ်။

အယ်ကန်တာရာ အပြောင်းအရွှေ့ ကိစ္စ ဆက်တိုးမလာသေးချိန်မှာ လီဗာပူးက စကော်တလန်ကလပ် ဆဲလ်တစ်မှ ခံစစ်မှူးနဲ့ သြစတြီးယားကလပ် ဆဲလ်ဘတ်မှ တိုက်စစ်မှူးတို့ကို ပစ်မှတ်စာရင်းထဲ ထည့်သွင်းခဲ့တယ်လို့ ဖော်ပြမှုတွေ ရှိလာခဲ့တယ်။

လီဗာပူး စောင့်ကြည့်လာတဲ့ ခံစစ်မှူးက ဆဲလ်တစ်အသင်းမှ အသက် ၂၂ နှစ်အရွယ် နော်ဝေသား ခံစစ်မှူး ခရစ္စတိုဖာ အာရေ ဖြစ်ပါတယ်။ ဆဲလ်တစ်အသင်း ချန်ပီယံလိဂ် ခြေစစ်ပွဲ အဆင့်ကနေ ထွက်ခွာခဲ့ရခြင်းနောက်ပိုင်းမှာ လီဗာပူးက အာရေကို စိတ်ဝင်စားမှုသတင်း ပိုများလာခဲ့တယ်။ အရပ်အမောင်း မြင့်မားတဲ့ ခံစစ်မှူးဟာ လိုဗရန်နေရာ အစားထိုးဖို့ ဖြစ်လာနိုင်ပါတယ်။

နောက်တစ်ကြီးကတော့ ဆဲလ်ဘတ်အတွက် ၈၃ ပွဲ ကစားပြီး ၃၄ ဂိုး သွင်းထားပေးတဲ့ ၂၁ နှစ်အရွယ် တိုက်စစ်မှူး ဒေကာဖြစ်တယ်။ သြစတြီးယား ရာသီကြိုမှာ မန်နေဂျာကလော့ပ်က ဒေကာရဲ့ ခြေစွမ်းကို မျက်ဝါးထင်ထင် မြင်ခွင့်ရထားပါတယ်။ ချစ်ကြည်ရေးပွဲ နောက်ပိုင်းမှာ လီဗာပူးနဲ့ ဒေတာကိစ္စ အသံထွက်လာခဲ့ပြီး ဆဲလ်ဘတ်မန်နေဂျာက သူတို့အသင်း ကစားသမား ၅ ဦးလောက်က လီဗာပူးနဲ့ အံဝင်မယ်လို့ ဆိုထားဖူးပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ေႏြေစ်းကြက္ မပိတ္ခင္မွာ ကစားသမား ၂ ခု (သို႔) ၃ ခု ျပဳလုပ္မွာျဖစ္ျပီး အဲ့အတြက္ ကစားသမား အတည္ျပဳ ေရြးခ်ယ္မႈေတြ ျပဳလုပ္သြားဖို႔ ရွိပါတယ္။

ဘယ္အစြန္အတြက္ ကိုစတက္ကို ေခၚယူမႈ မတိုင္ခင္မွာ အစြန္သမား ၅ ဦးကို ေရြးခ်ယ္ခဲ့တဲ့ နည္းလမ္းအတိုင္း လီဗာပူးရဲ႕ အေျပာင္းအေရႊ႔ ေခၚယူေရး တာဝန္ရွိသူေတြက ကစားသမား ရွာေဖြမႈေတြကို အျပီးသတ္ ျပဳလုပ္ေနတယ္။ ကပ္ေဘးအတြင္း မေသခ်ာမႈေတြေၾကာင့္နဲ႔ အျခားေသာ အခက္အခဲေတြေၾကာင့္ လီဗာပူးရဲ႕ ေခၚယူမႈေတြက ေစ်းကြက္ရဲ႕ deadline ေန႔ထိပါ ေရာက္သြားႏုိင္ပါတယ္။

အယ္ကန္တာရာ အေျပာင္းအေရႊ႔ ကိစၥ ဆက္တိုးမလာေသးခ်ိန္မွာ လီဗာပူးက စေကာ္တလန္ကလပ္ ဆဲလ္တစ္မွ ခံစစ္မွဴးနဲ႔ ၾသစၾတီးယားကလပ္ ဆဲလ္ဘတ္မွ တိုက္စစ္မွဴးတို႔ကို ပစ္မွတ္စာရင္းထဲ ထည့္သြင္းခဲ့တယ္လို႔ ေဖာ္ျပမႈေတြ ရွိလာခ့ဲတယ္။

လီဗာပူး ေစာင့္ၾကည့္လာတဲ့ ခံစစ္မွဴးက ဆဲလ္တစ္အသင္းမွ အသက္ ၂၂ ႏွစ္အရြယ္ ေနာ္ေဝသား ခံစစ္မွဴး ခရစၥတိုဖာ အာေရ ျဖစ္ပါတယ္။ ဆဲလ္တစ္အသင္း ခ်န္ပီယံလိဂ္ ေျခစစ္ပြဲ အဆင့္ကေန ထြက္ခြာခဲ့ရျခင္းေနာက္ပိုင္းမွာ လီဗာပူးက အာေရကို စိတ္ဝင္စားမႈသတင္း ပိုမ်ားလာခဲ့တယ္။ အရပ္အေမာင္း ျမင့္မားတဲ့ ခံစစ္မွဴးဟာ လိုဗရန္ေနရာ အစားထိုးဖို႔ ျဖစ္လာႏုိင္ပါတယ္။

ေနာက္တစ္ၾကီးကေတာ့ ဆဲလ္ဘတ္အတြက္ ၈၃ ပြဲ ကစားျပီး ၃၄ ဂိုး သြင္းထားေပးတဲ့ ၂၁ ႏွစ္အရြယ္ တိုက္စစ္မွဴး ေဒကာျဖစ္တယ္။ ၾသစၾတီးယား ရာသီၾကိဳမွာ မန္ေနဂ်ာကေလာ့ပ္က ေဒကာရဲ႕ ေျခစြမ္းကို မ်က္ဝါးထင္ထင္ ျမင္ခြင့္ရထားပါတယ္။ ခ်စ္ၾကည္ေရးပြဲ ေနာက္ပိုင္းမွာ လီဗာပူးနဲ႔ ေဒတာကိစၥ အသံထြက္လာခဲ့ျပီး ဆဲလ္ဘတ္မန္ေနဂ်ာက သူတို႔အသင္း ကစားသမား ၅ ဦးေလာက္က လီဗာပူးနဲ႔ အံဝင္မယ္လို႔ ဆိုထားဖူးပါတယ္။