လီဗာပူးအကယ်ဒမီ ဒါရိုက်တာ အဲလက်စ်က ကီရာဘီကို အသစ်ပြန်တည်ဆောက်မှုက ပထမအသင်းကို လူငယ်ကစားသမား ရောက်ရှိမယ့် အနေအထားအား ပိုမို အားကောင်းစေမယ်လို့ ယုံကြည်ကြောင်း ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးအသင်းဟာ အကယ်ဒမီ ကစားသမားတွေကို ကီရာဘီမှာ လေ့ကျင့်စေပြီး စီနီယာအသင်းသားတွေနဲ့တကွ မန်နေဂျာကလော့ပ်နဲ့ နည်းပြအဖွဲ့ဝင်တွေ နှစ်သက်တဲ့ လူငယ်တွေက မဲဝုဒ်မှာ လေ့ကျင့်ကြတာပါ။ မဲဝုဒ်မှာ ကလော့ပ်နဲ့ နည်းပြအဖွဲ့တွေဟာ အကယ်ဒမီက ပို့လာတဲ့ လူငယ်ကြယ်ပွင့်တွေကို အကဲဖြတ်ပေးရတာဖြစ်တယ်။

ဒါပေမယ့်လို့ အနာဂတ်မှာတော့ ကီရာဘီမှာပဲ စီနီယာအသင်းကော သက်တမ်းအလိုက် လူငယ်အသင်းတွေပါ အတူတကွ လေ့ကျင့်နိုင်မှာဖြစ်ကာ ဒီအချက်က လီဗာပူးအသင်းရဲ့ အနာဂတ်အတွက် စိတ်လှုပ်ရှားစရာ ဖြစ်လာပါမယ်။ ထရန့်လို လီဗာပူးဖွား ကစားသမားနဲ့ ဆာလက်လို ကမ္ဘာကျော် တိုက်စစ်သမားတို့ရဲ့ လေ့ကျင့်မှုတွေကို လူငယ်တွေ မြင်တွေ့ရခြင်းက သူတို့ရဲ့ အနာဂတ်အပေါ်မှာ လွှမ်းမိုးမှု ရှိလာပါမယ်။

အဲလက်စ်က Training Ground Guru နဲ့ အင်တာဗျူးမှာ စီနီယာအသင်း လေ့ကျင့်တဲ့ ကွင်းနဲ့ အနီးဆုံးမှာ ယူ-၂၃ အသင်း လေ့ကျင့်မှာဖြစ်တယ်လို့ ဆိုတယ်။ ဒါကြောင့် ကလော့ပ်နဲ့ ပထမအသင်းသားတွေရဲ့ လုပ်ဆောင်မှုကို လူငယ်တွေ အနီးကပ် သင်ယူနိုင်မှာဖြစ်ကာ ဘယ်လူငယ်တွေက တိုးတက်မှုတွေ ရှိနေလဲဆိုတာကို ကလော့ပ်နဲ့ နည်းပြအဖွဲ့က အနီးကပ် မြင့်တွေ့ရမှာဖြစ်တယ်။

ဒီအချက်ဟာ လီဗာပူးအတွက် အနာဂတ်ကောင်းဖြစ်လာနိုင်ကာ၊ အရေးပါတဲ့ သော့ချက်တစ်ခုလည်း ဖြစ်လာမယ်လို့ အဲလက်စ်က မြင်ပါတယ်။ ကလပ်အသင်း မန်နေဂျာရဲ့ ယုံကြည်မှုကို ကိုယ်ရဲ့ အကောင်းဆုံးတွေ ပြုလုပ်နေရင်း ရသွားနိုင်ခြင်းက စိတ်လှုပ်ရှားစရာဖြစ်ကာ အသင်းရဲ့ လုပ်ဆောင်မှုကို မန်နေဂျာလည်း နှစ်သက်မယ်လို့ ယုံကြည်ကြောင်း အဲလက်စ်က ပြောပါတယ်။

ဒီရက်ပိုင်းမှာတော့ ကီရာဘီ တည်ဆောက်မှု ဗီဒီယိုတွေ ထပ်မံ ထွက်ပေါ်လာပြီး ကိုဗစ်ကြောင့် ရပ်နားထားရတဲ့ လေ့ကျင့်ရေးကွင်းသစ်ဟာ အပြီးသတ်လု အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအကယ္ဒမီ ဒါရိုက္တာ အဲလက္စ္က ကီရာဘီကို အသစ္ျပန္တည္ေဆာက္မႈက ပထမအသင္းကို လူငယ္ကစားသမား ေရာက္ရွိမယ့္ အေနအထားအား ပိုမို အားေကာင္းေစမယ္လို႔ ယံုၾကည္ေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးအသင္းဟာ အကယ္ဒမီ ကစားသမားေတြကို ကီရာဘီမွာ ေလ့က်င့္ေစျပီး စီနီယာအသင္းသားေတြနဲ႔တကြ မန္ေနဂ်ာကေလာ့ပ္နဲ႔ နည္းျပအဖြဲ႔ဝင္ေတြ ႏွစ္သက္တဲ့ လူငယ္ေတြက မဲဝုဒ္မွာ ေလ့က်င့္ၾကတာပါ။ မဲဝုဒ္မွာ ကေလာ့ပ္နဲ႔ နည္းျပအဖြဲ႔ေတြဟာ အကယ္ဒမီက ပို႔လာတဲ့ လူငယ္ၾကယ္ပြင့္ေတြကို အကဲျဖတ္ေပးရတာျဖစ္တယ္။

ဒါေပမယ့္လို႔ အနာဂတ္မွာေတာ့ ကီရာဘီမွာပဲ စီနီယာအသင္းေကာ သက္တမ္းအလိုက္ လူငယ္အသင္းေတြပါ အတူတကြ ေလ့က်င့္ႏုိင္မွာျဖစ္ကာ ဒီအခ်က္က လီဗာပူးအသင္းရဲ႕ အနာဂတ္အတြက္ စိတ္လႈပ္ရွားစရာ ျဖစ္လာပါမယ္။ ထရန္႔လို လီဗာပူးဖြား ကစားသမားနဲ႔ ဆာလက္လို ကမၻာေက်ာ္ တိုက္စစ္သမားတို႔ရဲ႕ ေလ့က်င့္မႈေတြကို လူငယ္ေတြ ျမင္ေတြ႔ရျခင္းက သူတို႔ရဲ႕ အနာဂတ္အေပၚမွာ လႊမ္းမိုးမႈ ရွိလာပါမယ္။

အဲလက္စ္က Training Ground Guru နဲ႔ အင္တာဗ်ဴးမွာ စီနီယာအသင္း ေလ့က်င့္တဲ့ ကြင္းနဲ႔ အနီးဆံုးမွာ ယူ-၂၃ အသင္း ေလ့က်င့္မွာျဖစ္တယ္လို႔ ဆိုတယ္။ ဒါေၾကာင့္ ကေလာ့ပ္နဲ႔ ပထမအသင္းသားေတြရဲ႕ လုပ္ေဆာင္မႈကို လူငယ္ေတြ အနီးကပ္ သင္ယူႏုိင္မွာျဖစ္ကာ ဘယ္လူငယ္ေတြက တိုးတက္မႈေတြ ရွိေနလဲဆိုတာကို ကေလာ့ပ္နဲ႔ နည္းျပအဖြဲ႔က အနီးကပ္ ျမင့္ေတြ႔ရမွာျဖစ္တယ္။

ဒီအခ်က္ဟာ လီဗာပူးအတြက္ အနာဂတ္ေကာင္းျဖစ္လာႏုိင္ကာ၊ အေရးပါတဲ့ ေသာ့ခ်က္တစ္ခုလည္း ျဖစ္လာမယ္လို႔ အဲလက္စ္က ျမင္ပါတယ္။ ကလပ္အသင္း မန္ေနဂ်ာရဲ႕ ယံုၾကည္မႈကို ကိုယ္ရဲ႕ အေကာင္းဆံုးေတြ ျပဳလုပ္ေနရင္း ရသြားႏုိင္ျခင္းက စိတ္လႈပ္ရွားစရာျဖစ္ကာ အသင္းရဲ႕ လုပ္ေဆာင္မႈကို မန္ေနဂ်ာလည္း ႏွစ္သက္မယ္လို႔ ယံုၾကည္ေၾကာင္း အဲလက္စ္က ေျပာပါတယ္။

ဒီရက္ပိုင္းမွာေတာ့ ကီရာဘီ တည္ေဆာက္မႈ ဗီဒီယိုေတြ ထပ္မံ ထြက္ေပၚလာျပီး ကိုဗစ္ေၾကာင့္ ရပ္နားထားရတဲ့ ေလ့က်င့္ေရးကြင္းသစ္ဟာ အျပီးသတ္လု အေျခအေနကို ေရာက္ရွိေနျပီျဖစ္ပါတယ္။