စကိုင်းစပေါ့မှ အားကစားသုံးသပ်သူ ဂယ်ရီနဗီးက ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးနဲ့ ဒီနွေမှာ ကစားသမား ခေါ်ယူမှုကြီးတွေ လုပ်ထားတဲ့ ချယ်ဆီးတို့က လာမယ့်ရာသီအတွင်း ထိပ်ဆုံး ၂ သင်းပြင်ပမှာပဲ ရှိနေလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

လာမယ့်ရာသီ ထိပ်ဆုံး ၄ သင်းဝင်မယ့် အသင်းများကို ခန့်မှန်းရာမှာ ဂယ်ရီနဗီးက မန်စီးတီးက ပရီးမီးယားလိဂ်ကို အောင်နိုင်မယ်လို့ ဆိုခဲ့သလို မန်စီးတီးကို ယှဉ်ပြိုင်ပြီး အမှတ်ပေးဖလား လုမယ့်အသင်းအဖြစ် လက်ရှိ ချန်ပီယံ လီဗာပူးမဟုတ်ဘဲ ယူနိုက်တက်က စွမ်းဆောင်သွားမယ်လို့ ယုံကြည်နေတာပါ။

ဂယ်ရီနဗီးက ‘ ပရီးမီးယားလိဂ်ကို မန်စီးတီးပဲ ရမယ်လို့ ကျနော် ထင်ပါတယ်။ ပြီးရင်တော့ ယူနိုက်တက်ပါ။ နောက် လီဗာပူးနဲ့ ချယ်ဆီးပေါ့။ ဒါပေမယ့် ဒီခန့်မှန်းမှုက သိပ္ပံနည်းကျထက်စာရင် ကျနော် မျှော်လင့်တာလို့လည်း ပြောလို့ရပါတယ်။

ကျနော်ထင်ပါတယ်။ ယူနိုက်တက်က ထိပ်ဆုံး ၂ သင်းထဲကို ဝင်ဖို့ (သို့) ထိပ်ဆုံး နှစ်သင်းထဲ ရောက်အောင်လုပ်ပြီး အမှတ်ပေးဖလားကို အနိုင်ရအောင် ကြိုးစားမှာပါ။ ဒီတိုးတက်မှုကို အားလုံးမြင်မှာပါ ’ လို့ ဆိုခဲ့တာဖြစ်တယ်။

နဗီးက “ လီဗာပူးက တူညီတဲ့ လူစာရင်း၊ တူညီတဲ့ ကစားသမားတွေ၊ တူညီတဲ့ ဦးတည်ချက်တွေကိုပဲ နှစ်နှစ် သုံးနှစ်လောက် ရှိနေပါပြီ။ အဲ့ဒီလို အနေအထားမှာ လက်ရှိကနေ နည်းနည်းလေး အခြေပျက်သွားတာနဲ့ သူတို့ ယိုယွင်းသွားနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ သီယေဂိုကို ခေါ်ယူနိုင်ရင်တော့ တကယ် အချိန်ကောင်းပဲ။ ဒါက နှစ်နှစ် သုံးနှစ် သူတို့ ဒီလိုလုပ်နေတာကို ဖြေရှင်းလိုက်သလို ဖြစ်သွားမှာပါ ” လို့ ဆိုထားခဲ့တယ်။

နွေဈေးကွက်ထဲမှာ ဘယ်အစွန်တစ်နေရာကိုပဲ အားဖြည့်ထားတဲ့ လီဗာပူးကို လျော့တွက်ကြသူတွေ များနေပေမယ့်လည်း မန်နေဂျာ ယာဂင်ကလော့ပ်ကတော့ ရာသီသစ်မှာ လီဗာပူးထံက ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်လာမှာကို မမျှော်လင့်ဖို့ ထုတ်ပြောထားပြီး လီဗာပူးက နောက်ထပ် ဆုဖလားတွေကို တိုက်ခိုက်သွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။

Gary Neville’s top-four prediction

Manchester City (2nd last season)
Manchester United (3rd last season)
Liverpool (1st last season)
Chelsea (4th last season)

ZAWGYI

စကိုင္းစေပါ့မွ အားကစားသံုးသပ္သူ ဂယ္ရီနဗီးက ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးနဲ႔ ဒီေႏြမွာ ကစားသမား ေခၚယူမႈၾကီးေတြ လုပ္ထားတဲ့ ခ်ယ္ဆီးတို႔က လာမယ့္ရာသီအတြင္း ထိပ္ဆံုး ၂ သင္းျပင္ပမွာပဲ ရွိေနလိမ့္မယ္လို႔ ခန္႔မွန္းလိုက္ပါတယ္။

လာမယ့္ရာသီ ထိပ္ဆံုး ၄ သင္းဝင္မယ့္ အသင္းမ်ားကို ခန္႔မွန္းရာမွာ ဂယ္ရီနဗီးက မန္စီးတီးက ပရီးမီးယားလိဂ္ကို ေအာင္ႏုိင္မယ္လို႔ ဆိုခဲ့သလို မန္စီးတီးကို ယွဥ္ျပိဳင္ျပီး အမွတ္ေပးဖလား လုမယ့္အသင္းအျဖစ္ လက္ရွိ ခ်န္ပီယံ လီဗာပူးမဟုတ္ဘဲ ယူႏုိက္တက္က စြမ္းေဆာင္သြားမယ္လို႔ ယံုၾကည္ေနတာပါ။

ဂယ္ရီနဗီးက ‘ ပရီးမီးယားလိဂ္ကို မန္စီးတီးပဲ ရမယ္လို႔ က်ေနာ္ ထင္ပါတယ္။ ျပီးရင္ေတာ့ ယူနုိက္တက္ပါ။ ေနာက္ လီဗာပူးနဲ႔ ခ်ယ္ဆီးေပါ့။ ဒါေပမယ့္ ဒီခန္႔မွန္းမႈက သိပၸံနည္းက်ထက္စာရင္ က်ေနာ္ ေမွ်ာ္လင့္တာလို႔လည္း ေျပာလို႔ရပါတယ္။

က်ေနာ္ထင္ပါတယ္။ ယူႏုိက္တက္က ထိပ္ဆံုး ၂ သင္းထဲကို ဝင္ဖို႔ (သို႔) ထိပ္ဆံုး ႏွစ္သင္းထဲ ေရာက္ေအာင္လုပ္ျပီး အမွတ္ေပးဖလားကို အႏုိင္ရေအာင္ ၾကိဳးစားမွာပါ။ ဒီတိုးတက္မႈကို အားလံုးျမင္မွာပါ ’ လို႔ ဆိုခဲ့တာျဖစ္တယ္။

နဗီးက “ လီဗာပူးက တူညီတဲ့ လူစာရင္း၊ တူညီတဲ့ ကစားသမားေတြ၊ တူညီတဲ့ ဦးတည္ခ်က္ေတြကိုပဲ ႏွစ္ႏွစ္ သံုးႏွစ္ေလာက္ ရွိေနပါျပီ။ အဲ့ဒီလို အေနအထားမွာ လက္ရွိကေန နည္းနည္းေလး အေျခပ်က္သြားတာနဲ႔ သူတို႔ ယိုယြင္းသြားႏုိင္ပါတယ္။ ဒီလိုအေျခအေနမွာ သီေယဂိုကို ေခၚယူႏုိင္ရင္ေတာ့ တကယ္ အခ်ိန္ေကာင္းပဲ။ ဒါက ႏွစ္ႏွစ္ သံုးႏွစ္ သူတို႔ ဒီလိုလုပ္ေနတာကို ေျဖရွင္းလိုက္သလို ျဖစ္သြားမွာပါ ” လို႔ ဆိုထားခဲ့တယ္။

ေႏြေစ်းကြက္ထဲမွာ ဘယ္အစြန္တစ္ေနရာကိုပဲ အားျဖည့္ထားတဲ့ လီဗာပူးကို ေလ်ာ့တြက္ၾကသူေတြ မ်ားေနေပမယ့္လည္း မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကေတာ့ ရာသီသစ္မွာ လီဗာပူးထံက ပရီးမီးယားလိဂ္ ခ်န္ပီယံဘြဲ႔ကို ကာကြယ္လာမွာကို မေမွ်ာ္လင့္ဖို႔ ထုတ္ေျပာထားျပီး လီဗာပူးက ေနာက္ထပ္ ဆုဖလားေတြကို တိုက္ခိုက္သြားမွာျဖစ္ေၾကာင္း ေၾကညာထားပါတယ္။

Gary Neville’s top-four prediction

Manchester City (2nd last season)
Manchester United (3rd last season)
Liverpool (1st last season)
Chelsea (4th last season)