လီဗာပူးဟာ ၂၀၁၈ ခုနှစ်တုန်းက ကလပ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်သူ ကော်တင်ညိုကို ဘာစီလိုနာထံ လက်လွတ်မှုမှာ ၂၀၂၀ ခုနှစ်အထိ လီဗာပူးကစားသမား တစ်ဦးကို ဘာစီလိုနာဘက်က ထပ်မံ ခေါ်ယူမယ်ဆိုရင် လျော်ကြေး ယူရို သန်း ၁၀၀ ပေးဖို့ ဆိုတဲ့ သဘောတူညီချက် ထည့်သွင်းထားခဲ့ပြီး ဒီနွေထိ သက်ရောက်မှု ရှိပါမယ်။

လီဗာပူးအသင်းဟာ နွေဈေးကွက် မပိတ်ခင်မှာ ကစားသမား ၂ ခု (သို့) ၃ ခု ပြုလုပ်မှာဖြစ်ပြီး အဲ့အတွက် ကစားသမား အတည်ပြု ရွေးချယ်မှုတွေ ပြုလုပ်သွားဖို့ ရှိပါတယ်။

လီဗာပူးရဲ့ ဝေလ်းကွင်းလယ်လူ ဟယ်ရီဝဲလ်ဆန်ကိုတော့ ပရီးမီးယားလိဂ်ကလပ် သုံးသင်းဖြစ်တဲ့ နယူးကာဆယ်၊ ဆောက်သမ်တန်နဲ့ လိဒ်ယူနိုက်တက်တို့က ချိတ်ဆက်မှုတွေ လုပ်ထားခဲ့ပြီး သဘောတူညီမှု ရလောက်တဲ့ အခြေအနေတော့ မရှိသေးပါဘူး။

အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်က သူ့ရဲ့ အသင်းမှာ ဂိုးမက်စ်နဲ့ စတာလင်တို့ကို တစ်သင်းတည်း တွဲဘက် ကစားစေဖို့ ပြဿနာ မဟုတ်ဘူးလို့ ယူဆထားကြောင်း သိရပါတယ်။

အယ်ကန်တာရာ အပြောင်းအရွှေ့ ကိစ္စ ဆက်တိုးမလာသေးချိန်မှာ လီဗာပူးက စကော်တလန်ကလပ် ဆဲလ်တစ်မှ ခံစစ်မှူး အာရေနဲ့ သြစတြီးယားကလပ် ဆဲလ်ဘတ်မှ တိုက်စစ်မှူး ဒေကာတို့ကို ပစ်မှတ်စာရင်းထဲ ထည့်သွင်းခဲ့တယ်လို့ ဖော်ပြမှုတွေ ရှိလာခဲ့တယ်။

လီဗာပူးအကယ်ဒမီ ဒါရိုက်တာ အဲလက်စ်က ကီရာဘီကို အသစ်ပြန်တည်ဆောက်မှုက ပထမအသင်းကို လူငယ်ကစားသမား ရောက်ရှိမယ့် အနေအထားအား ပိုမို အားကောင်းစေမယ်လို့ ယုံကြည်ကြောင်း ထုတ်ပြောလိုက်ပါတယ်။

စကိုင်းစပေါ့မှ အားကစားသုံးသပ်သူ ဂယ်ရီနဗီးက ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးက လာမယ့်ရာသီအတွင်း ထိပ်ဆုံး ၂ သင်းပြင်ပမှာပဲ ရှိနေလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

အင်္ဂလန် လက်ရွေးစင်အသင်းက ရွေးချယ်ခြင်းကို ခံထားရတဲ့ တိုက်စစ်မှူး အင့်က သူ့ရဲ့ တိုးတက်မှုတွေဟာ လီဗာပူးအသင်းမှာ သင်ယူခဲ့ရတဲ့ နည်းလမ်းတွေကြောင့်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဘိုင်ယန်မန်နေဂျာ ဖိလစ်က ကွင်းလယ်လူ အယ်ကန်တာရာဟာ ဒီနွေမှာ ဘိုင်ယန်ကနေ သေချာပေါက် ထွက်ခွာမယ်လို့ ထပ်မံကာ ထုတ်ပြောလိုက်ပါတယ်။

ဒီကနေ့ လီဗာပူးအသင်း လေ့ကျင့်ရေးမှာ လူငယ်ကစားသမားတွေ၊ အာဖရိကနဲ့ တောင်အမေရိက ကစားသမားတွေနည်းတူ ဟန်ဒို၊ မာတစ်၊ အိုရီဂီတို့ လေ့ကျင့်ချိန်အပြည့် ပြန်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့မှာတော့ လက်ရွေးစင်အသင်းတွေကနေ ပြန်လာမယ့် အသင်းသားတွေက မဲဝုဒ်ကို ပြန်လာကာ ပူးပေါင်းသွားကြမှာဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့မှာတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် လိဒ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ၂၀၁၈ ခုႏွစ္တုန္းက ကလပ္ရဲ႕ အေကာင္းဆံုး ကစားသမားျဖစ္သူ ေကာ္တင္ညိဳကို ဘာစီလိုနာထံ လက္လြတ္မႈမွာ ၂၀၂၀ ခုႏွစ္အထိ လီဗာပူးကစားသမား တစ္ဦးကို ဘာစီလိုနာဘက္က ထပ္မံ ေခၚယူမယ္ဆိုရင္ ေလ်ာ္ေၾကး ယူရို သန္း ၁၀၀ ေပးဖို႔ ဆိုတဲ့ သေဘာတူညီခ်က္ ထည့္သြင္းထားခဲ့ျပီး ဒီေႏြထိ သက္ေရာက္မႈ ရွိပါမယ္။

လီဗာပူးအသင္းဟာ ေႏြေစ်းကြက္ မပိတ္ခင္မွာ ကစားသမား ၂ ခု (သို႔) ၃ ခု ျပဳလုပ္မွာျဖစ္ျပီး အဲ့အတြက္ ကစားသမား အတည္ျပဳ ေရြးခ်ယ္မႈေတြ ျပဳလုပ္သြားဖို႔ ရွိပါတယ္။

လီဗာပူးရဲ႕ ေဝလ္းကြင္းလယ္လူ ဟယ္ရီဝဲလ္ဆန္ကိုေတာ့ ပရီးမီးယားလိဂ္ကလပ္ သံုးသင္းျဖစ္တဲ့ နယူးကာဆယ္၊ ေဆာက္သမ္တန္နဲ႔ လိဒ္ယူႏုိက္တက္တို႔က ခ်ိတ္ဆက္မႈေတြ လုပ္ထားခဲ့ျပီး သေဘာတူညီမႈ ရေလာက္တဲ့ အေျခအေနေတာ့ မရွိေသးပါဘူး။

အဂၤလန္မန္ေနဂ်ာ ေဆာက္ဂိတ္က သူ႔ရဲ႕ အသင္းမွာ ဂိုးမက္စ္နဲ႔ စတာလင္တို႔ကို တစ္သင္းတည္း တြဲဘက္ ကစားေစဖို႔ ျပႆနာ မဟုတ္ဘူးလို႔ ယူဆထားေၾကာင္း သိရပါတယ္။

အယ္ကန္တာရာ အေျပာင္းအေရႊ႔ ကိစၥ ဆက္တိုးမလာေသးခ်ိန္မွာ လီဗာပူးက စေကာ္တလန္ကလပ္ ဆဲလ္တစ္မွ ခံစစ္မွဴး အာေရနဲ႔ ၾသစၾတီးယားကလပ္ ဆဲလ္ဘတ္မွ တိုက္စစ္မွဴး ေဒကာတို႔ကို ပစ္မွတ္စာရင္းထဲ ထည့္သြင္းခဲ့တယ္လို႔ ေဖာ္ျပမႈေတြ ရွိလာခ့ဲတယ္။

လီဗာပူးအကယ္ဒမီ ဒါရိုက္တာ အဲလက္စ္က ကီရာဘီကို အသစ္ျပန္တည္ေဆာက္မႈက ပထမအသင္းကို လူငယ္ကစားသမား ေရာက္ရွိမယ့္ အေနအထားအား ပိုမို အားေကာင္းေစမယ္လို႔ ယံုၾကည္ေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။

စကိုင္းစေပါ့မွ အားကစားသံုးသပ္သူ ဂယ္ရီနဗီးက ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးက လာမယ့္ရာသီအတြင္း ထိပ္ဆံုး ၂ သင္းျပင္ပမွာပဲ ရွိေနလိမ့္မယ္လို႔ ခန္႔မွန္းလိုက္ပါတယ္။

အဂၤလန္ လက္ေရြးစင္အသင္းက ေရြးခ်ယ္ျခင္းကို ခံထားရတဲ့ တိုက္စစ္မွဴး အင့္က သူ႔ရဲ႕ တိုးတက္မႈေတြဟာ လီဗာပူးအသင္းမွာ သင္ယူခဲ့ရတဲ့ နည္းလမ္းေတြေၾကာင့္လည္း ပါဝင္တယ္လို႔ ဆိုပါတယ္။

ဘိုင္ယန္မန္ေနဂ်ာ ဖိလစ္က ကြင္းလယ္လူ အယ္ကန္တာရာဟာ ဒီေႏြမွာ ဘိုင္ယန္ကေန ေသခ်ာေပါက္ ထြက္ခြာမယ္လို႔ ထပ္မံကာ ထုတ္ေျပာလိုက္ပါတယ္။

ဒီကေန႔ လီဗာပူးအသင္း ေလ့က်င့္ေရးမွာ လူငယ္ကစားသမားေတြ၊ အာဖရိကနဲ႔ ေတာင္အေမရိက ကစားသမားေတြနည္းတူ ဟန္ဒို၊ မာတစ္၊ အိုရီဂီတို႔ ေလ့က်င့္ခ်ိန္အျပည့္ ျပန္လုပ္ႏုိင္ခဲ့တယ္လို႔ သိရပါတယ္။

စက္တင္ဘာလ ၉ ရက္ေန႔မွာေတာ့ လက္ေရြးစင္အသင္းေတြကေန ျပန္လာမယ့္ အသင္းသားေတြက မဲဝုဒ္ကို ျပန္လာကာ ပူးေပါင္းသြားၾကမွာျဖစ္ျပီး စက္တင္ဘာလ ၁၂ ရက္ေန႔မွာေတာ့ ပရီးမီးယားလိဂ္အဖြင့္ပြဲအျဖစ္ လိဒ္ယူႏုိက္တက္နဲ႔ ယွဥ္ျပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။