၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် လူစားလဲမှု ၅ ခုထိ လုပ်ပိုင်ခွင့်နဲ့ ပက်သက်လို့ မဲခွဲဆုံးဖြတ်မှုကို မနေ့က ပြုလုပ်ခဲ့ပြီး အဆိုတင်မှု အရေးနိမ့်ခဲ့ပါတယ်။

သြဂုတ်လတုန်းက ပရီးမီးယားလိဂ် ရှယ်ယာရှင်များ အစည်းအဝေးမှာ ကလပ်တွေရဲ့ လိုအပ်ချက်အရ လူစားလဲမှု ၅ ခုထိ ခွင့်ပြုဖို့ ကလပ်တွေက မဲပေးခဲ့ကြတယ်။ ဒါပေမယ့်လို့ ဘောလုံးရာသီ အပြီးသတ်သွားတာနဲ့အတူ အဆိုပါ ယာယီ စည်းကမ်းကလည်း သက်တမ်း ကုန်ဆုံးခဲ့ပါပြီ။

ရာသီသစ်မှာလည်း ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို ရည်ရွယ်ပြီး အဆိုပါ စည်းမျဉ်းကို ပြန်လည် ထည့်သွင်းဖို့ ကြိုးစားမှုတွေ ရှိနေတာပါ။ လူစားလဲမှု ၅ ခု ခွင့်ပြုပေးဖို့နဲ့ အရန်လူစာရင်းကို ၉ ဦးထိ ထားဖို့ အဓိက ရည်ရွယ်နေတဲ့ ကလပ်တွေက ကြီး ၆ ကြီး စာရင်းဝင် အသင်းတွေ ဖြစ်ခဲ့ကြပါတယ်။

မနေ့ကတော့ ကလပ်တွေ မဲခွဲရာမှာ အဆိုအောင်မြင်ဖို့ လိုအပ်တဲ့ ထောက်ခံမဲ ၁၄ မဲ မရတာကြောင့် လူစားလဲမှု ၅ ကြိမ်နဲ့ အရန်လူ ၉ ဦးထားဖို့ အစီအစဉ် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် လာမယ့်ရာသီမှာတော့ ပုံမှန်အတိုင်း လူစားလဲမှု ၃ ခုနဲ့ အရန်လူ ၇ ဦးပဲ ထားခွင့်ရှိမှာဖြစ်တယ်။

ဒါပေမယ့်လို့ ဒီစည်းမျဉ်းကို ပရီးမီးယားလိဂ် စည်းမျဉ်းစာအုပ်ထဲ တရားဝင် အတည်ပြုဖို့ကိုတော့ မလုပ်ဆောင်သေးပါဘူး။ ကလပ်တွေက အဆိုကို မထောက်ခံပေမယ့် လာမယ့် ကာလတွေအတွင်း ကိုဗစ် လှိုင်းတွေ ထပ်လာခဲ့မယ်ဆိုရင် စဉ်းစားပေးရမယ့် စည်းမျဉ်းတစ်ခုအဖြစ် အလေးအနက် ထားပေးဖို့ကိုတော့ သဘောတူညီခဲ့ာကပါတယ်။

ZAWGYI

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီအတြက္ လူစားလဲမႈ ၅ ခုထိ လုပ္ပိုင္ခြင့္နဲ႔ ပက္သက္လို႔ မဲခြဲဆံုးျဖတ္မႈကို မေန႔က ျပဳလုပ္ခဲ့ျပီး အဆိုတင္မႈ အေရးနိမ့္ခဲ့ပါတယ္။

ၾသဂုတ္လတုန္းက ပရီးမီးယားလိဂ္ ရွယ္ယာရွင္မ်ား အစည္းအေဝးမွာ ကလပ္ေတြရဲ႕ လိုအပ္ခ်က္အရ လူစားလဲမႈ ၅ ခုထိ ခြင့္ျပဳဖို႔ ကလပ္ေတြက မဲေပးခဲ့ၾကတယ္။ ဒါေပမယ့္လို႔ ေဘာလံုးရာသီ အျပီးသတ္သြားတာနဲ႔အတူ အဆိုပါ ယာယီ စည္းကမ္းကလည္း သက္တမ္း ကုန္ဆံုးခဲ့ပါျပီ။

ရာသီသစ္မွာလည္း ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈကို ရည္ရြယ္ျပီး အဆိုပါ စည္းမ်ဥ္းကို ျပန္လည္ ထည့္သြင္းဖို႔ ၾကိဳးစားမႈေတြ ရွိေနတာပါ။ လူစားလဲမႈ ၅ ခု ခြင့္ျပဳေပးဖို႔နဲ႔ အရန္လူစာရင္းကို ၉ ဦးထိ ထားဖို႔ အဓိက ရည္ရြယ္ေနတဲ့ ကလပ္ေတြက ၾကီး ၆ ၾကီး စာရင္းဝင္ အသင္းေတြ ျဖစ္ခဲ့ၾကပါတယ္။

မေန႔ကေတာ့ ကလပ္ေတြ မဲခြဲရာမွာ အဆိုေအာင္ျမင္ဖို႔ လိုအပ္တဲ့ ေထာက္ခံမဲ ၁၄ မဲ မရတာေၾကာင့္ လူစားလဲမႈ ၅ ၾကိမ္နဲ႔ အရန္လူ ၉ ဦးထားဖို႔ အစီအစဥ္ မေအာင္ျမင္ခဲ့ပါဘူး။ ဒါေၾကာင့္ လာမယ့္ရာသီမွာေတာ့ ပံုမွန္အတိုင္း လူစားလဲမႈ ၃ ခုနဲ႔ အရန္လူ ၇ ဦးပဲ ထားခြင့္ရွိမွာျဖစ္တယ္။

ဒါေပမယ့္လို႔ ဒီစည္းမ်ဥ္းကို ပရီးမီးယားလိဂ္ စည္းမ်ဥ္းစာအုပ္ထဲ တရားဝင္ အတည္ျပဳဖို႔ကိုေတာ့ မလုပ္ေဆာင္ေသးပါဘူး။ ကလပ္ေတြက အဆိုကို မေထာက္ခံေပမယ့္ လာမယ့္ ကာလေတြအတြင္း ကိုဗစ္ လိႈင္းေတြ ထပ္လာခဲ့မယ္ဆိုရင္ စဥ္းစားေပးရမယ့္ စည္းမ်ဥ္းတစ္ခုအျဖစ္ အေလးအနက္ ထားေပးဖို႔ကိုေတာ့ သေဘာတူညီခဲ့ာကပါတယ္။