လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်က ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီ ပရီးမီးယားလိဂ်ကို ပြောင်းလာနိုင်တာကို မဖြစ်ဖို့ မျှော်လင့်ကြောင်း ဝန်ခံလိုက်ပါတယ်။

မက်ဆီက ဘာစီလိုနာကနေ ထွက်မယ်ဆိုရင် မန်စီးတီးကို ရောက်ဖို့ များနေတာဖြစ်ကာ ဒါက လီဗာပူးအတွက် ခက်ခဲတဲ့ စိန်ခေါ်မှု ဖြစ်လာမှာပါ။ ရော်ဘတ်ဆန်ကတော့ ကိုယ်ရဲ့ အနီးကပ် ပြိုင်ဘက်အသင်းထံ မက်ဆီ ရောက်သွားနိုင်တဲ့ ကိစ္စကို လက်ခုပ်တီးပြီး ကြိုဆိုဖို့ ခက်ခဲပါတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။

ရော်ဘတ်ဆန်က ” တစ်ကိုယ်ကောင်းဆန်ဆန် ပြောရမယ်ဆိုရင်ဗျာ မက်ဆီ မန်စီးတီးကို မပြောင်းဖို့ မျှော်လင့်ပါတယ်။ သူ ဘာကာမှာပဲ ဆက်နေဖို့ ကျနော် မျှော်လင့်တာပါ။

မက်ဆီက အကောင်းဆုံးကစားသမား။ အဲ့လို မဟုတ်ဘူးဆိုရင်လည်း အကောင်းဆုံးတွေထဲက တစ်ယောက်ပါ။ သူလို ကစားသမားက ကိုယ်နဲ့ အနီးကပ် ပြိုင်ဘက်ကို ရောက်သွားမှာက သတင်းကောင်း မဟုတ်ပါဘူး။ သူက ထူးချွန်တဲ့ ကစားသမားပါ။ ပရီးမီးယားလိဂ်ကို ရောက်လာမယ်ဆိုရင်လည်း တူညီတဲ့ အားထုတ်မှု၊ အရည်အချင်းတွေကို လုပ်ပြနိုင်မယ်ဆိုတာ သံသယမရှိပါဘူး။ ဘာကာအတွက် သူလုပ်ပြခဲ့သလို အားလုံးကို သူလုပ်ပြမှာပါ။

လီဗာပူးက သူ့ကို ခေါ်ယူမှာလည်း မဟုတ်ဘူး။ ဒီတော့ မက်ဆီ ပရီးမီးယားလိဂ် အနားတောင် ကပ်မလာဖို့ မျှော်လင့်ပါတယ်။ ဘာကာမှာပဲ ဆက်နေတာမျိုးပေါ့။ ဒါပေမယ့် ဘာဖြစ်လာမယ်ဆိုတာကို ကျနေ်ာတို့ စောင့်ကြည့်ရမှာပါ။

ဘာကာမှာလည်း မသေချာမှုတွေရှိတယ်။ လူတိုင်းလည်း ဒါကို မြင်ပါတယ်။ သူတို့ ဖြေရှင်နိုင်ဖို့ မျှော်လင့်ပါတယ်။ မက်ဆီ ပရီးမီးယားလိဂ်ကို ရောက်လာခဲ့မယ်ဆိုရင် ကျနေ်ာတို့ ရင်ဆိုင်ရမှာပါ။ သူ့ကို ရင်ဆိုင်ရမယ့် ကစားသမားတွေ အတွက်တော့ သတင်းကောင်းပါပဲ။ ” လို့ ဆိုတယ်။

ရော်ဘတ်ဆန်ဟာ မက်ဆီပါတဲ့ ဘာစီလိုနာနဲ့ ချန်ပီယံ ဆီမီးဖိုင်နယ်မှာ ၂ ကြိမ် ရင်ဆိုင်ထားဖူးပါတယ်။ ဒါကြောင့် အာဂျင်တီးနား ကစားသမားကြီးက ရင်ဆိုင်ရ သိပ်ခက်တယ်ဆိုတာလည်း နားလည်တယ်။

ရော်ဘတ်ဆန်ကပဲ ” ကျနော် မက်ဆီနဲ့ ၂ ကြိမ် ရင်ဆိုင်ခဲ့ဖူးပါတယ်။ ကစားခဲ့တဲ့ ပွဲတွေထဲမှာ အခက်ခဲဆုံးပွဲတွေပါပဲ။ မက်ဆီကို ရင်ဆိုင်မယ်ဆိုရင် တစ်ချိန်လုံး သူ့ကို ဂရုစိုက် ကြည့်နေဖို့လိုပါတယ်။ သူက ထူးချွန်လှတဲ့ ကစားသမားပါ။ အကောင်းဆုံး ကစားသမားပါ။ ဒါပေမယ့် ကျနော်အတါက်ကတော့ သူ စပိန်မှာပဲ ဆက်နေဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးဘယ္အစြန္လူ ေရာ္ဘတ္ဆန္က ဘာစီလိုနာ အသင္းေခါင္းေဆာင္ မက္ဆီ ပရီးမီးယားလိဂ္ကို ေျပာင္းလာႏုိင္တာကို မျဖစ္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ဝန္ခံလိုက္ပါတယ္။

မက္ဆီက ဘာစီလိုနာကေန ထြက္မယ္ဆိုရင္ မန္စီးတီးကို ေရာက္ဖို႔ မ်ားေနတာျဖစ္ကာ ဒါက လီဗာပူးအတြက္ ခက္ခဲတဲ့ စိန္ေခၚမႈ ျဖစ္လာမွာပါ။ ေရာ္ဘတ္ဆန္ကေတာ့ ကိုယ္ရဲ႕ အနီးကပ္ ျပိဳင္ဘက္အသင္းထံ မက္ဆီ ေရာက္သြားႏုိင္တဲ့ ကိစၥကို လက္ခုပ္တီးျပီး ၾကိဳဆိုဖို႔ ခက္ခဲပါတယ္လို႔ ပြင့္ပြင့္လင္းလင္း ေျပာပါတယ္။

ေရာ္ဘတ္ဆန္က ” တစ္ကိုယ္ေကာင္းဆန္ဆန္ ေျပာရမယ္ဆိုရင္ဗ်ာ မက္ဆီ မန္စီးတီးကို မေျပာင္းဖို႔ ေမွ်ာ္လင့္ပါတယ္။ သူ ဘာကာမွာပဲ ဆက္ေနဖို႔ က်ေနာ္ ေမွ်ာ္လင့္တာပါ။

မက္ဆီက အေကာင္းဆံုးကစားသမား။ အဲ့လို မဟုတ္ဘူးဆိုရင္လည္း အေကာင္းဆံုးေတြထဲက တစ္ေယာက္ပါ။ သူလို ကစားသမားက ကိုယ္နဲ႔ အနီးကပ္ ျပိဳင္ဘက္ကို ေရာက္သြားမွာက သတင္းေကာင္း မဟုတ္ပါဘူး။ သူက ထူးခၽြန္တဲ့ ကစားသမားပါ။ ပရီးမီးယားလိဂ္ကို ေရာက္လာမယ္ဆိုရင္လည္း တူညီတဲ့ အားထုတ္မႈ၊ အရည္အခ်င္းေတြကို လုပ္ျပႏုိင္မယ္ဆိုတာ သံသယမရွိပါဘူး။ ဘာကာအတြက္ သူလုပ္ျပခဲ့သလို အားလံုးကို သူလုပ္ျပမွာပါ။

လီဗာပူးက သူ႔ကို ေခၚယူမွာလည္း မဟုတ္ဘူး။ ဒီေတာ့ မက္ဆီ ပရီးမီးယားလိဂ္ အနားေတာင္ ကပ္မလာဖို႔ ေမွ်ာ္လင့္ပါတယ္။ ဘာကာမွာပဲ ဆက္ေနတာမ်ိဳးေပါ့။ ဒါေပမယ့္ ဘာျဖစ္လာမယ္ဆိုတာကို က်ေန္ာတို႔ ေစာင့္ၾကည့္ရမွာပါ။

ဘာကာမွာလည္း မေသခ်ာမႈေတြရွိတယ္။ လူတိုင္းလည္း ဒါကို ျမင္ပါတယ္။ သူတို႔ ေျဖရွင္ႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ မက္ဆီ ပရီးမီးယားလိဂ္ကို ေရာက္လာခဲ့မယ္ဆိုရင္ က်ေန္ာတို႔ ရင္ဆိုင္ရမွာပါ။ သူ႔ကို ရင္ဆိုင္ရမယ့္ ကစားသမားေတြ အတြက္ေတာ့ သတင္းေကာင္းပါပဲ။ ” လို႔ ဆိုတယ္။

ေရာ္ဘတ္ဆန္ဟာ မက္ဆီပါတဲ့ ဘာစီလိုနာနဲ႔ ခ်န္ပီယံ ဆီမီးဖိုင္နယ္မွာ ၂ ၾကိမ္ ရင္ဆိုင္ထားဖူးပါတယ္။ ဒါေၾကာင့္ အာဂ်င္တီးနား ကစားသမားၾကီးက ရင္ဆိုင္ရ သိပ္ခက္တယ္ဆိုတာလည္း နားလည္တယ္။

ေရာ္ဘတ္ဆန္ကပဲ ” က်ေနာ္ မက္ဆီနဲ႔ ၂ ၾကိမ္ ရင္ဆိုင္ခဲ့ဖူးပါတယ္။ ကစားခဲ့တဲ့ ပြဲေတြထဲမွာ အခက္ခဲဆံုးပြဲေတြပါပဲ။ မက္ဆီကို ရင္ဆိုင္မယ္ဆိုရင္ တစ္ခ်ိန္လံုး သူ႔ကို ဂရုစိုက္ ၾကည့္ေနဖို႔လိုပါတယ္။ သူက ထူးခၽြန္လွတဲ့ ကစားသမားပါ။ အေကာင္းဆံုး ကစားသမားပါ။ ဒါေပမယ့္ က်ေနာ္အတါက္ကေတာ့ သူ စပိန္မွာပဲ ဆက္ေနဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။