ကြာသပတေးနေ့ စပိန်နဲ့ ဂျာမနီတို့ ယှဉ်ပြိုင်ကစားပြီး ၁-၁ သရေကျတဲ့ပွဲမှာတော့ ဘိုင်ယန်ကွင်းလယ်လူ သီယေဂိုလည်း ပါဝင်ကစားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ စပိန်သား ကွင်းလယ်လူက သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်လို့ မေးမြန်းကြမှုတွေကို ဖြေဆိုပေးဖို့ ငြင်းဆန်တယ်။ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေချိန်မှာ နိုင်ငံတကာပွဲတွေ အပေါ်မှာပဲ အာရုံစိုက်ထားလိုတယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် မြူနစ်မှာ သူ့ရဲ့ အနာဂတ် ရှိနေသေးတဲ့ သဘောကိုလည်း သီယေဂိုက ပြန်ဖြေခဲ့တယ်။

သီယေဂိုက ” ယူကရိန်းနဲ့ ရင်ဆိုင်ရတဲ့ ပွဲကိုပဲ စဉ်းစားထားပါတယ်။ အဲ့တာပြီးရင်တော့ ကြည့်ကြတာပေါ့။ ဘိုင်ယန်က ကျနော်ရဲ့ အိမ်ဖြစ်ပါတယ်။ အဲ့မှာရှိနေရတာကို ပျော်ရွှင်ပါတယ်။ ” ဆိုပြီး ပြန်ဖြေခဲ့ခြင်းဖြစ်တယ်။

သီယေဂိုဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ အသင်းတွေ မရှိသေးပါဘူး။ လီဗာပူးဘက်က စိတ်ဝင်စားနေပေမယ့် ကစားသမားအတွက် ဘိုင်ယန်ကဈေးခေါ်ထားတဲ့ ယူရို သန်း ၃၀ ကို ပေးဖို့ အစီအစဉ် မရှိသေးဘူး။ သီယေဂိုရဲ့ လုပ်ခဟာ တစ်ပတ်ကို ပေါင် ၂ သိန်းကျော်နိုင်တယ်လို့ သိထားရပြီး ဘိုင်ယန်ဘက်ကတော့ လီဗာပူးရဲ့ ပြိုင်ဘက် ယူနိုက်တက်ကို ဈေးကွက်ထဲ ဝင်လာဖို့ ဖိတ်ခေါ်နေတာတော့ ရှိပါတယ်။

၂၀၁၃ ခုနှစ်မှာ ဘာစီလိုနာကနေ ဘိုင်ယန်ကို ပြောင်းခဲ့တဲ့ သီယေဂိုဟာ မနှစ်တုန်းက ဘွန်ဒက်လီဂါချန်ပီယံအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၄၀ ကစားပေးခဲ့တယ်။ သူဟာ ဘိုင်ယန်အသင်း ချန်ပီယံလိဂ် အောင်မြင်မှုမှာ အဓိကကျတဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါသေးတယ်။

ZAWGYI

ၾကာသပေတးေန႔ စပိန္နဲ႔ ဂ်ာမနီတို႔ ယွဥ္ျပိဳင္ကစားျပီး ၁-၁ သေရက်တဲ့ပြဲမွာေတာ့ ဘိုင္ယန္ကြင္းလယ္လူ သီေယဂိုလည္း ပါဝင္ကစားခဲ့ပါတယ္။

ပြဲအျပီးမွာေတာ့ စပိန္သား ကြင္းလယ္လူက သူ႔ရဲ႕ အနာဂတ္နဲ႔ ပက္သက္လို႔ ေမးျမန္းၾကမႈေတြကို ေျဖဆိုေပးဖို႔ ျငင္းဆန္တယ္။ လက္ေရြးစင္အသင္းနဲ႔ ပူးေပါင္းေနခ်ိန္မွာ ႏုိင္ငံတကာပြဲေတြ အေပၚမွာပဲ အာရံုစိုက္ထားလိုတယ္လို႔ သူက ဆိုပါတယ္။ ဒါ့အျပင္ ျမဴနစ္မွာ သူ႔ရဲ႕ အနာဂတ္ ရွိေနေသးတဲ့ သေဘာကိုလည္း သီေယဂိုက ျပန္ေျဖခဲ့တယ္။

သီေယဂိုက ” ယူကရိန္းနဲ႔ ရင္ဆိုင္ရတဲ့ ပြဲကိုပဲ စဥ္းစားထားပါတယ္။ အဲ့တာျပီးရင္ေတာ့ ၾကည့္ၾကတာေပါ့။ ဘိုင္ယန္က က်ေနာ္ရဲ႕ အိမ္ျဖစ္ပါတယ္။ အဲ့မွာရွိေနရတာကို ေပ်ာ္ရႊင္ပါတယ္။ ” ဆိုျပီး ျပန္ေျဖခဲ့ျခင္းျဖစ္တယ္။

သီေယဂိုဟာ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႔ဖို႔ စိတ္အားထက္သန္ေနျပီး သူ႔ကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနတဲ့ အသင္းေတြ မရွိေသးပါဘူး။ လီဗာပူးဘက္က စိတ္ဝင္စားေနေပမယ့္ ကစားသမားအတြက္ ဘိုင္ယန္ကေစ်းေခၚထားတဲ့ ယူရို သန္း ၃၀ ကို ေပးဖို႔ အစီအစဥ္ မရွိေသးဘူး။ သီေယဂိုရဲ႕ လုပ္ခဟာ တစ္ပတ္ကို ေပါင္ ၂ သိန္းေက်ာ္ႏုိင္တယ္လုိ႔ သိထားရျပီး ဘိုင္ယန္ဘက္ကေတာ့ လီဗာပူးရဲ႕ ျပိဳင္ဘက္ ယူႏုိက္တက္ကို ေစ်းကြက္ထဲ ဝင္လာဖုိ႔ ဖိတ္ေခၚေနတာေတာ့ ရွိပါတယ္။

၂၀၁၃ ခုႏွစ္မွာ ဘာစီလိုနာကေန ဘိုင္ယန္ကို ေျပာင္းခဲ့တဲ့ သီေယဂိုဟာ မႏွစ္တုန္းက ဘြန္ဒက္လီဂါခ်န္ပီယံအသင္းအတြက္ ျပိဳင္ပြဲစံု ပြဲ ၄၀ ကစားေပးခဲ့တယ္။ သူဟာ ဘိုင္ယန္အသင္း ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈမွာ အဓိကက်တဲ့ ကစားသမားလည္း ျဖစ္ခဲ့ပါေသးတယ္။