လီဗာပူးရဲ့ အန်ဖီးကွင်းထဲ ပရိသတ်တွေ ဝင်ခွင့်ရမယ့် ပထမဆုံးပွဲက လာမယ့်လ ရှက်ဖီးယူနိုက်တက်နဲ့ ရင်ဆိုင်ကစားတဲ့ပွဲပဲ ဖြစ်ပါလိမ့်မယ်လို့ The Athletic က ဖော်ပြပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် အဆိုပါပွဲမှာတော့ ပရိသတ် ၁၂၅၀၀ ဝင်ခွင့်ရမယ်လို့ သိရပြီး ဒါဟာ မတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အန်ဖီးကွင်းထဲ ပရိသတ် ပြန်လည် ဝင်ရောက်ခြင်း ဖြစ်ပါမယ်။ ပွဲကြည့်စင် လေးခုလုံးကို အသုံးပြုမှာဖြစ်ပြီး အဝေးကွင်းပရိသတ်တွေ ဝင်ခွင့်ရဖွယ်တော့ မရှိပါဘူး။

အန်ဖီးကွင်းဟာ ပရိသတ် ၅၄၀၀၀ ဝင်ဆံ့ပေမယ့်လည်း တွက်ချက်မှုတွေအရ social distancing အနေအထားဖြင့် ကွင်းဝင်ဆံ့တဲ့ ဦးရေရဲ့ ၂၃% ဝင်ခွင့်ရဖို့ အလားအလာကောင်းနေပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ ကွင်းထဲ ပရိသတ်တွေ ပြန်ဝင်ခွင့်နဲ့ ပက်သက်လို့ အားပေးသူအဖွဲ့တွေနဲ့ ပုံမှန် ဆက်သွယ်မှုတွေ ရှိထားပါတယ်။

လီဗာပူးအသင်းဟာ လက်မှတ်တောင်းဆိုမှု မြင့်မားတဲ့ အသင်းဖြစ်ခြင်းကြောင့် ကွင်းထဲ ဝင်ခွင့်ရမယ့် ၂၃% သော ပရိသတ်တွေကို အဆိုပါ အားပေးသူအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးပဲ ဝင်ခွင့်ပေးဖို့ စီစဉ်ဖွယ်ရှိတယ်။

တူညီတဲ့ အနေအထားမှာတော့ အာဆင်နယ်ရဲ့ အမ်းမရိတ်ဟာ အောက်တိုဘာလ ၃ ရက်နေ့လောက်မှာ ယှဉ်ပြိုင်ရမယ့် အိမ်ကွင်းအတွင်း ပရိသတ် ၁၅၀၀၀ ဝင်ခွင့်ပေးနိုင်ဖို့ စီစဉ်နေပါတယ်။ အရင်အပတ်ကတော့ ဘရိုက်တန်ဟာ ချယ်ဆီးနဲ့ ချစ်ကြည်ရေးပွဲမှာ ပရိသတ် ၂၅၀၀ ဝင်ခွင့် ပေးခဲ့တာကို မြင်တွေ့ထားရတယ်။

ZAWGYI

လီဗာပူးရဲ႕ အန္ဖီးကြင္းထဲ ပရိသတ္ေတြ ဝင္ခြင့္ရမယ့္ ပထမဆံုးပြဲက လာမယ့္လ ရွက္ဖီးယူႏုိက္တက္နဲ႔ ရင္ဆိုင္ကစားတဲ့ပြဲပဲ ျဖစ္ပါလိမ့္မယ္လို႔ The Athletic က ေဖာ္ျပပါတယ္။

ေအာက္တိုဘာလ ၂၄ ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားမယ့္ အဆိုပါပြဲမွာေတာ့ ပရိသတ္ ၁၂၅၀၀ ဝင္ခြင့္ရမယ္လို႔ သိရျပီး ဒါဟာ မတ္လေနာက္ပိုင္း ပထမဆံုးအၾကိမ္အျဖစ္ အန္ဖီးကြင္းထဲ ပရိသတ္ ျပန္လည္ ဝင္ေရာက္ျခင္း ျဖစ္ပါမယ္။ ပြဲၾကည့္စင္ ေလးခုလံုးကို အသံုးျပဳမွာျဖစ္ျပီး အေဝးကြင္းပရိသတ္ေတြ ဝင္ခြင့္ရဖြယ္ေတာ့ မရွိပါဘူး။

အန္ဖီးကြင္းဟာ ပရိသတ္ ၅၄၀၀၀ ဝင္ဆံ့ေပမယ့္လည္း တြက္ခ်က္မႈေတြအရ social distancing အေနအထားျဖင့္ ကြင္းဝင္ဆံ့တဲ့ ဦးေရရဲ႕ ၂၃% ဝင္ခြင့္ရဖို႔ အလားအလာေကာင္းေနပါတယ္။ ပရီးမီးယားလိဂ္ ခ်န္ပီယံေတြဟာ ကြင္းထဲ ပရိသတ္ေတြ ျပန္ဝင္ခြင့္နဲ႔ ပက္သက္လို႔ အားေပးသူအဖြဲ႔ေတြနဲ႔ ပံုမွန္ ဆက္သြယ္မႈေတြ ရွိထားပါတယ္။

လီဗာပူးအသင္းဟာ လက္မွတ္ေတာင္းဆိုမႈ ျမင့္မားတဲ့ အသင္းျဖစ္ျခင္းေၾကာင့္ ကြင္းထဲ ဝင္ခြင့္ရမယ့္ ၂၃% ေသာ ပရိသတ္ေတြကို အဆိုပါ အားေပးသူအဖြဲ႔ေတြနဲ႔ ခ်ိတ္ဆက္ျပီးပဲ ဝင္ခြင့္ေပးဖို႔ စီစဥ္ဖြယ္ရွိတယ္။

တူညီတဲ့ အေနအထားမွာေတာ့ အာဆင္နယ္ရဲ႕ အမ္းမရိတ္ဟာ ေအာက္တိုဘာလ ၃ ရက္ေန႔ေလာက္မွာ ယွဥ္ျပိဳင္ရမယ့္ အိမ္ကြင္းအတြင္း ပရိသတ္ ၁၅၀၀၀ ဝင္ခြင့္ေပးႏုိင္ဖို႔ စီစဥ္ေနပါတယ္။ အရင္အပတ္ကေတာ့ ဘရိုက္တန္ဟာ ခ်ယ္ဆီးနဲ႔ ခ်စ္ၾကည္ေရးပြဲမွာ ပရိသတ္ ၂၅၀၀ ဝင္ခြင့္ ေပးခဲ့တာကို ျမင္ေတြ႔ထားရတယ္။