လီဗာပူးအသင်းဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွင်းမှာ အသင်းသား ၁၀ ဦးလောက်ထိကို ရှင်းထုတ်ပြီး လာမယ့်ရာသီတွေအတွက် ရည်ရွယ်တဲ့ လူစာရင်း တည်ဆောက်မှု အခြေခံ လုပ်ငန်းကို စတင်သွားလိုနေပါတယ်။

လူငယ်ကစားသမားတွေဖြစ်တဲ့ နက်ဖီးလစ်၊ အိုဂျို၊ ကားရီးယက်စ် အပါအဝင် ပွဲကစားခွင့်တွေ နည်းပါးမယ့် ကစားသမားတွေဟာ အရောင်းစာရင်းတွေထဲ ပါဝင်နေတာပါ။ လီဗာပူးအသင်းရဲ့ အဓိက စီနီယာတွေက အသက် ၃၀ အရွယ်တွေကို ရောက်လာတော့မှာဖြစ်ကာ နောက်ထပ်သော ကစားသမားတွေကို အင်အားဖြည့်ဖို့ ဒီရာသီတည်းက ကြိုတင်ပြင်ဆင်မှုတွေ စတင်လာမှာဖြစ်ပါတယ်။

လီဗာပူးရဲ့ အသက် ၂၃ နှစ်အရွယ် ခံစစ်မှူး နက်ဖီလစ်နဲ့ တောင်ပံတိုက်စစ်သမား အိုဂျိုတို့ကို ချန်ပီယံရှစ်ကလပ်တွေ အများအပြားက အလိုရှိကြပါတယ်။ နှစ်ဦးလုံးက ဒီနွေမှာတင် ထွက်ခွာသွားဖို့ နီးစပ်သူတွေဖြစ်ကာ အပြီးသတ်လား၊ အငှားလားဆိုတာကို လာမယ့် အပတ်တွေမှာ သိရမှာဖြစ်တယ်။

ဝေလ်းလူငယ်လေး ဝုဒ်ဘမ်းကိုလည်း ချန်ပီယံရှစ်ကလပ်တွေနဲ့ နယ်သာလန်၊ ဂျာမနီကလပ်တွေက စိတ်ဝင်စားနေတယ်။ နိုင်ဂျီးရီးယား တိုက်စစ်မှူး အဝန်နီယီကိုတော့ မိန့်နဲ့ စတုဂတ်တို့က အလိုရှိနေတယ်။ လူငယ်ဂိုးသမားလေး ဂါရာဘာရာကိုတော့ ဟမ်းဘတ်က စိတ်ဝင်စားနေပါတယ်။

ဒီလို လူငယ်တွေတင် မကပဲ ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ စီလောက် ရနိုင်တဲ့ ဝဲလ်ဆန်နဲ့ ဂရုဂျစ်တို့ကိုလည်း ကမ်းလှမ်းလာတဲ့ ကလပ်တွေ ရှိနေပါတယ်။ ဒါပေမယ့်လို့ ပြောင်းရွှေ့ကြေးတွေ သဘောတူညီမှု မရသေးတာဖြစ်တယ်။ လီဗာပူးက သူတို့ကို အငှားထပ်ပြီး ချသွားမှာ မဟုတ်ဘဲ ကြိုက်ဈေးမရခဲ့ရင် အသင်းမှာပဲ ဆက်ထားသွားမှာဖြစ်ပါတယ်။ သူတို့ကို အပြီးသတ် ရောင်းထုတ်လိုရင်တော့ ဈေးအနည်းငယ် ချပေးဖို့ လိုအပ်မှာဖြစ်တယ်။

ဂျာမနီဂိုးသမား ကားရီးယက်စ်၊ ဘယ်အစွန်လူ လာရိုစီ၊ တိုက်စစ်မှူး ဘရူးစတား တို့ရဲ့ အနာဂတ်တွေကိုလည်း အောက်တိုဘာ မတိုင်ခင် လီဗာပူးက အပြီးသတ်ရမှာဖြစ်တယ်။ အထက်ပါ ကစားသမား ၁၀ ဦးထဲမှာ လီဗာပူးနဲ့ အနာဂတ် ဆက်ရှိနေဖို့ မျှော်လင့်နိုင်သူက ဘရူးစတား တစ်ဦးတည်း ရှိပါတယ်။

အပြီးသတ် ရောင်းမထုတ်နိုင်ခဲ့ပါကလည်း အငှား ကမ်းလှမ်းမှုတွေကို လက်ခံခြင်းက ကစားသမားတွေရဲ့ ခြေစွမ်ကို မြင်တွေ့ပြီး ကမ်းလှမ်းမယ့်ကလပ်တွေ ထွက်ပေါ်လာဖို့လည်း ရည်ရွယ်ခြင်းဖြစ်တယ်။ အဒမ်လူဝစ်နဲ့ မော်ဂန်ဘိုယက်စ်တို့ကိုတော့ အငှားချမှု ပြီးမြောက်ထားပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီအတြင္းမွာ အသင္းသား ၁၀ ဦးေလာက္ထိကို ရွင္းထုတ္ျပီး လာမယ့္ရာသီေတြအတြက္ ရည္ရြယ္တဲ့ လူစာရင္း တည္ေဆာက္မႈ အေျခခံ လုပ္ငန္းကို စတင္သြားလိုေနပါတယ္။

လူငယ္ကစားသမားေတြျဖစ္တဲ့ နက္ဖီးလစ္၊ အိုဂ်ိဳ၊ ကားရီးယက္စ္ အပါအဝင္ ပြဲကစားခြင့္ေတြ နည္းပါးမယ့္ ကစားသမားေတြဟာ အေရာင္းစာရင္းေတြထဲ ပါဝင္ေနတာပါ။ လီဗာပူးအသင္းရဲ႕ အဓိက စီနီယာေတြက အသက္ ၃၀ အရြယ္ေတြကို ေရာက္လာေတာ့မွာျဖစ္ကာ ေနာက္ထပ္ေသာ ကစားသမားေတြကို အင္အားျဖည့္ဖို႔ ဒီရာသီတည္းက ၾကိဳတင္ျပင္ဆင္မႈေတြ စတင္လာမွာျဖစ္ပါတယ္။

လီဗာပူးရဲ႕ အသက္ ၂၃ ႏွစ္အရြယ္ ခံစစ္မွဴး နက္ဖီလစ္နဲ႔ ေတာင္ပံတိုက္စစ္သမား အိုဂ်ိဳတို႔ကို ခ်န္ပီယံရွစ္ကလပ္ေတြ အမ်ားအျပားက အလိုရွိၾကပါတယ္။ ႏွစ္ဦးလံုးက ဒီေႏြမွာတင္ ထြက္ခြာသြားဖို႔ နီးစပ္သူေတြျဖစ္ကာ အျပီးသတ္လား၊ အငွားလားဆိုတာကို လာမယ့္ အပတ္ေတြမွာ သိရမွာျဖစ္တယ္။

ေဝလ္းလူငယ္ေလး ဝုဒ္ဘမ္းကိုလည္း ခ်န္ပီယံရွစ္ကလပ္ေတြနဲ႔ နယ္သာလန္၊ ဂ်ာမနီကလပ္ေတြက စိတ္ဝင္စားေနတယ္။ ႏုိင္ဂ်ီးရီးယား တိုက္စစ္မွဴး အဝန္နီယီကိုေတာ့ မိန္႔နဲ႔ စတုဂတ္တို႔က အလိုရွိေနတယ္။ လူငယ္ဂိုးသမားေလး ဂါရာဘာရာကိုေတာ့ ဟမ္းဘတ္က စိတ္ဝင္စားေနပါတယ္။

ဒီလို လူငယ္ေတြတင္ မကပဲ ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၂၀ စီေလာက္ ရႏုိင္တဲ့ ဝဲလ္ဆန္နဲ႔ ဂရုဂ်စ္တို႔ကိုလည္း ကမ္းလွမ္းလာတဲ့ ကလပ္ေတြ ရွိေနပါတယ္။ ဒါေပမယ့္လို႔ ေျပာင္းေရႊ႔ေၾကးေတြ သေဘာတူညီမႈ မရေသးတာျဖစ္တယ္။ လီဗာပူးက သူတို႔ကို အငွားထပ္ျပီး ခ်သြားမွာ မဟုတ္ဘဲ ၾကိဳက္ေစ်းမရခဲ့ရင္ အသင္းမွာပဲ ဆက္ထားသြားမွာျဖစ္ပါတယ္။ သူတို႔ကို အျပီးသတ္ ေရာင္းထုတ္လိုရင္ေတာ့ ေစ်းအနည္းငယ္ ခ်ေပးဖို႔ လိုအပ္မွာျဖစ္တယ္။

ဂ်ာမနီဂိုးသမား ကားရီးယက္စ္၊ ဘယ္အစြန္လူ လာရိုစီ၊ တိုက္စစ္မွဴး ဘရူးစတား တို႔ရဲ႕ အနာဂတ္ေတြကိုလည္း ေအာက္တိုဘာ မတိုင္ခင္ လီဗာပူးက အျပီးသတ္ရမွာျဖစ္တယ္။ အထက္ပါ ကစားသမား ၁၀ ဦးထဲမွာ လီဗာပူးနဲ႔ အနာဂတ္ ဆက္ရွိေနဖို႔ ေမွ်ာ္လင့္ႏုိင္သူက ဘရူးစတား တစ္ဦးတည္း ရွိပါတယ္။

အျပီးသတ္ ေရာင္းမထုတ္ႏုိင္ခဲ့ပါကလည္း အငွား ကမ္းလွမ္းမႈေတြကို လက္ခံျခင္းက ကစားသမားေတြရဲ႕ ေျခစြမ္ကို ျမင္ေတြ႔ျပီး ကမ္းလွမ္းမယ့္ကလပ္ေတြ ထြက္ေပၚလာဖို႔လည္း ရည္ရြယ္ျခင္းျဖစ္တယ္။ အဒမ္လူဝစ္နဲ႔ ေမာ္ဂန္ဘိုယက္စ္တို႔ကိုေတာ့ အငွားခ်မႈ ျပီးေျမာက္ထားျပီျဖစ္ပါတယ္။