ပရီးမီးယားလိဂ်ဟာ တရုတ်ကုမ္ပဏီ Suning Holdings ရယူထားတဲ့ တရုတ်ပြည်တွင်းမှာ ပေါင် ၅၆၄ သန်းဖြင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြသခွင့်စာချုပ်ကို ဖျက်သိမ်းလိုက်ကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။

တရုတ်ကုမ္ပဏီဘက်က ပရီးမီးယားလိဂ်ကို ပေးရမယ့် ရုပ်သံကြေး ပေါင် သန်း ၁၆၀ ကို မပေးရာက အခုလို ဖျက်သိမ်းဖို့ထိ ဖြစ်လာခဲ့ခြင်းဖြစ်တယ်။ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ တန်ကြေးအကြီးဆုံး စာချုပ်ဖျက်သိမ်းမှုလည်း ဖြစ်လာခဲ့ပါတယ်။ ဒီကိစ္စဟာ ဗြိတိန်နဲ့ တရုတ်တို့ကြား နိုင်ငံရေးရာ ကိစ္စတွေနဲ့လည်း ဆက်နွယ်မှု ရှိပါတယ်။

တရုတ်ကုမ္ပဏီဟာ ၂၀၁၉-၂၀၂၂ ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်အပြင် လာလီဂါ၊ စီးရီးအေနဲ့ ဘွန်ဒက်လီဂါ ပြသခွင့်တွေကိုလည်း ဝယ်ယူထားခဲ့တယ်လို့ သိရတယ်။ ဒီစာချုပ်ဟာ ပရီးမီးယားလိဂ်ရဲ့ ၂၀၁၉-၂၀၂၀ အတွင်း ရုပ်သံလွှင့်ခ ပေါင် ၉.၂ ဘီလီယံရမယ့် စာချုပ်တွေအတွင်း တန်ကြေးကြီးတဲ့ စာချုပ်တစ်ခုလည်း ဖြစ်ပါတယ်။

ကိုဗစ်ကပ်ဘေးမှာ ပရီးမီးယားလိဂ်နဲ့ ကလပ်အသင်းတွေက ငွေကြေး ပမာဏများစွာ ဆုံးရံှူးခဲ့တယ်။ ကလပ်တွေက ကွင်းဝင်ကြေးတွေ လုံးဝမရသလို ဖြတ်တောက်ခံရတဲ့ အခြားသော စရိတ်တွေ များပြားခြင်းတွေကြောင့် ရုပ်သံလွှင့်ခအပေါ် အားကိုးလာရတယ်။ ဒီအခြေအနေမှာ တရုတ်ကုမ္ပဏီရဲ့ ဘီလီယံဝက်ကျော် တန်ကြေးရှိတဲ့ စာချုပ် ဖျက်သိမ်းခြင်းက အထိနာမှုကြီးတစ်ခု ဖြစ်တယ်လို့ အဆိုပါ သတင်းက ဖော်ပြပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်း ၂၀ ဟာ ဒီဆုံးရံှူးမှုကို မျှခံရမှာဖြစ်ပြီး ဆုံးရံှူးမယ့်ငွေကြေးက လက်နှစ်ဘက်စာ ပေါင် သန်းဂဏန်း (ဥပမာ ပေါင် ၁၀ သန်းမှ ပေါင် ၉၉ သန်းထိ) ရှိမယ်လို့ သိရတယ်။ ဈေးကွက်ထဲမှာတော့ ပရီးမီးယားလိဂ်အသင်းအချို့ ငွေသုံးနေကြဆဲဖြစ်ကာ အချို့ကလပ်တွေကလည်း အခြေအနေ စောင့်ကြည့်ရင်း လုပ်ရှားနေတယ်။

မကြာခင် အချိန်မှာတော့ စာချုပ်ဖျက်သိမ်းခံရမှုရဲ့ သက်ရောက်မှုက ဘယ်လောက် ပြင်းထန်မလဲဆိုတာကို သိလာရမယ်လို့ တယ်လီဂရပ်က ဖော်ပြသွားပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ဟာ တရုတ္ကုမၸဏီ Suning Holdings ရယူထားတဲ့ တရုတ္ျပည္တြင္းမွာ ေပါင္ ၅၆၄ သန္းျဖင့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ျပသခြင့္စာခ်ဳပ္ကို ဖ်က္သိမ္းလိုက္ေၾကာင္း တယ္လီဂရပ္က ေဖာ္ျပပါတယ္။

တရုတ္ကုမၸဏီဘက္က ပရီးမီးယားလိဂ္ကို ေပးရမယ့္ ရုပ္သံေၾကး ေပါင္ သန္း ၁၆၀ ကို မေပးရာက အခုလို ဖ်က္သိမ္းဖို႔ထိ ျဖစ္လာခဲ့ျခင္းျဖစ္တယ္။ ဒါဟာ ပရီးမီးယားလိဂ္သမိုင္းမွာ တန္ေၾကးအၾကီးဆံုး စာခ်ဳပ္ဖ်က္သိမ္းမႈလည္း ျဖစ္လာခဲ့ပါတယ္။ ဒီကိစၥဟာ ျဗိတိန္နဲ႔ တရုတ္တို႔ၾကား ႏုိင္ငံေရးရာ ကိစၥေတြနဲ႔လည္း ဆက္ႏြယ္မႈ ရွိပါတယ္။

တရုတ္ကုမၸဏီဟာ ၂၀၁၉-၂၀၂၂ ေဘာလံုးရာသီအတြင္း ပရီးမီးယားလိဂ္အျပင္ လာလီဂါ၊ စီးရီးေအနဲ႔ ဘြန္ဒက္လီဂါ ျပသခြင့္ေတြကိုလည္း ဝယ္ယူထားခဲ့တယ္လို႔ သိရတယ္။ ဒီစာခ်ဳပ္ဟာ ပရီးမီးယားလိဂ္ရဲ႕ ၂၀၁၉-၂၀၂၀ အတြင္း ရုပ္သံလႊင့္ခ ေပါင္ ၉.၂ ဘီလီယံရမယ့္ စာခ်ဳပ္ေတြအတြင္း တန္ေၾကးၾကီးတဲ့ စာခ်ဳပ္တစ္ခုလည္း ျဖစ္ပါတယ္။

ကိုဗစ္ကပ္ေဘးမွာ ပရီးမီးယားလိဂ္နဲ႔ ကလပ္အသင္းေတြက ေငြေၾကး ပမာဏမ်ားစြာ ဆံုးရံွဴးခဲ့တယ္။ ကလပ္ေတြက ကြင္းဝင္ေၾကးေတြ လံုးဝမရသလို ျဖတ္ေတာက္ခံရတဲ့ အျခားေသာ စရိတ္ေတြ မ်ားျပားျခင္းေတြေၾကာင့္ ရုပ္သံလႊင့္ခအေပၚ အားကိုးလာရတယ္။ ဒီအေျခအေနမွာ တရုတ္ကုမၸဏီရဲ႕ ဘီလီယံဝက္ေက်ာ္ တန္ေၾကးရွိတဲ့ စာခ်ဳပ္ ဖ်က္သိမ္းျခင္းက အထိနာမႈၾကီးတစ္ခု ျဖစ္တယ္လို႔ အဆိုပါ သတင္းက ေဖာ္ျပပါတယ္။

ပရီးမီးယားလိဂ္ကလပ္အသင္း ၂၀ ဟာ ဒီဆံုးရံွဴးမႈကို မွ်ခံရမွာျဖစ္ျပီး ဆံုးရံွဴးမယ့္ေငြေၾကးက လက္ႏွစ္ဘက္စာ ေပါင္ သန္းဂဏန္း (ဥပမာ ေပါင္ ၁၀ သန္းမွ ေပါင္ ၉၉ သန္းထိ) ရွိမယ္လို႔ သိရတယ္။ ေစ်းကြက္ထဲမွာေတာ့ ပရီးမီးယားလိဂ္အသင္းအခ်ိဳ႔ ေငြသံုးေနၾကဆဲျဖစ္ကာ အခ်ိဳ႔ကလပ္ေတြကလည္း အေျခအေန ေစာင့္ၾကည့္ရင္း လုပ္ရွားေနတယ္။

မၾကာခင္ အခ်ိန္မွာေတာ့ စာခ်ဳပ္ဖ်က္သိမ္းခံရမႈရဲ႕ သက္ေရာက္မႈက ဘယ္ေလာက္ ျပင္းထန္မလဲဆိုတာကို သိလာရမယ္လို႔ တယ္လီဂရပ္က ေဖာ္ျပသြားပါတယ္။